(Zawgyi / Unicode)
ျမန္မာ့အိမ္နီးခ်င္းႏုိင္ငံေတြထဲ ကိုဗစ္ေရာဂါပိုး ကူးစက္မႈ ဆက္ၿပီး ျမင့္တက္ေနတဲ့ အိႏိၵယႏုိင္ငံမွာ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ကူးစက္သူ ၅၃,၀၀၀ ေက်ာ္ထပ္တိုးၿပီး ကူးစက္သူေပါင္း ၇.၈ သန္း ေက်ာ္သြားပါၿပီ။ ေသဆံုးသူေပါင္းကေတာ့ ၁၁၈,၀၀၀ နီးပါး ရွိေနပါတယ္။
COVID-19 ေရာဂါ စတင္ခဲ့တဲ့ တ႐ုတ္ႏုိင္ငံမွာ ျပည္ပက ျပန္လာသူေတြထဲက ၂၈ ဦး ကိုဗစ္ေရာဂါ ကူးစက္ထားတယ္လုိ႔ ေသာၾကာေန႔က ထုတ္ျပန္ပါတယ္။ တ႐ုတ္ျပည္မႀကီးတဝန္း ျပည္တြင္းမွာ ကိုဗစ္ေရာဂါကူးစက္သူ ေနာက္ထပ္မရွိဘူးလုိ႔ အမ်ဳိးသားက်န္းမာေရးေကာ္မရွင္က ဒီကေန႔ ေျပာပါတယ္။
ေနာက္ အိမ္နီးခ်င္းႏုိင္ငံတခုျဖစ္တဲ့ ထုိင္းႏုိင္ငံမွာေတာ့ ျပည္တြင္းမွာ ကိုဗစ္ေရာဂါကူးစက္သူ ေနာက္တဦး ထပ္ေတြ႔တဲ့အေၾကာင္း ထုတ္ျပန္ပါတယ္။ ၿပီးခဲ့တဲ့သီတင္းပတ္က ျပည္တြင္းကူးစက္သူ ၅ ဦး ရွိခဲ့ၿပီးတဲ့ေနာက္ အခု တဦး ထပ္တိုးတာပါ။
အခုတေယာက္က အသက္ ၅၇ ႏွစ္အရြယ္ ျပင္သစ္ႏုိင္ငံသူ အမ်ဳိးသမီးျဖစ္ၿပီး ထိုင္းေတာင္ပိုင္း Surat Thani ျပည္နယ္မွာ ေရာက္ေနသူပါ။ ထိုင္းႏုိင္ငံကို ေရာက္လာၿပီး ၁၄ ရက္ၾကာ သီးျခားခြဲေနၿပီးတဲ့ေနာက္ ရက္အနည္းငယ္ၾကာမွ ဗိုင္းရပ္စ္ပိုး စစ္ေဆးေတြ႔ရွိတာ ျဖစ္ပါတယ္။ သူ႔ရဲ႕ခင္ပြန္းနဲ႔ ကေလးတို႔ကေတာ့ ဗိုင္းရပ္စ္ပိုး မရွိပါဘူး။
ထုိင္းႏုိင္ငံမွာ ကိုဗစ္ကူးစက္သူေပါင္း ၃,၇၀၀ ေက်ာ္၊ ေသဆံုးသူ ၅၉ ဦးရွိတယ္လုိ႔ ထုတ္ျပန္ထားပါတယ္။
ျမန္မာႏိုင္ငံမွာေတာ့ ေသာၾကာည ၈ နာရီခ်ိန္ထိ ထုတ္ျပန္ခ်က္္အရ ကူးစက္သူေပါင္း ၄၂,၃၀၀ ေက်ာ္၊ ေသဆံုးသူေပါင္း ၁,၀၃၈ ဦးရွိပါၿပီ။
အေရွ႕ေတာင္အာရွေဒသမွာ ေသာၾကာေန႔အထိ ကိုဗစ္ကူးစက္သူေပါင္း ၈၇၇,၀၀၀ ေက်ာ္ရွိၿပီး အင္ဒိုနီးရွားက အမ်ားဆံုးျဖစ္ပါတယ္။ အဲဒီေနာက္ ဖိလစ္ပိုင္၊ စင္ကာပူ၊ ၿပီးရင္ေတာ့ ျမန္မာက စတုတၳေျမာက္ ကူးစက္မႈအမ်ားဆံုးႏုိင္ငံ ျဖစ္ပါတယ္။
----------------------
(Unicode)
အိန္ဒိယနိုင်ငံ ကိုဗစ်ဓာတ်ခွဲအတည်ပြုသူ ၂၄ နာရီအတွင်း ၅၀,၀၀၀ ကျော်တိုး
မြန်မာ့အိမ်နီးချင်းနိုင်ငံတွေထဲ ကိုဗစ်ရောဂါပိုး ကူးစက်မှု ဆက်ပြီး မြင့်တက်နေတဲ့ အိန္ဒိယနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်သူ ၅၃,၀၀၀ ကျော်ထပ်တိုးပြီး ကူးစက်သူပေါင်း ၇.၈ သန်း ကျော်သွားပါပြီ။ သေဆုံးသူပေါင်းကတော့ ၁၁၈,၀၀၀ နီးပါး ရှိနေပါတယ်။
COVID-19 ရောဂါ စတင်ခဲ့တဲ့ တရုတ်နိုင်ငံမှာ ပြည်ပက ပြန်လာသူတွေထဲက ၂၈ ဦး ကိုဗစ်ရောဂါ ကူးစက်ထားတယ်လို့ သောကြာနေ့က ထုတ်ပြန်ပါတယ်။ တရုတ်ပြည်မကြီးတဝန်း ပြည်တွင်းမှာ ကိုဗစ်ရောဂါကူးစက်သူ နောက်ထပ်မရှိဘူးလို့ အမျိုးသားကျန်းမာရေးကော်မရှင်က ဒီကနေ့ ပြောပါတယ်။
နောက် အိမ်နီးချင်းနိုင်ငံတခုဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ပြည်တွင်းမှာ ကိုဗစ်ရောဂါကူးစက်သူ နောက်တဦး ထပ်တွေ့တဲ့အကြောင်း ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က ပြည်တွင်းကူးစက်သူ ၅ ဦး ရှိခဲ့ပြီးတဲ့နောက် အခု တဦး ထပ်တိုးတာပါ။
အခုတယောက်က အသက် ၅၇ နှစ်အရွယ် ပြင်သစ်နိုင်ငံသူ အမျိုးသမီးဖြစ်ပြီး ထိုင်းတောင်ပိုင်း Surat Thani ပြည်နယ်မှာ ရောက်နေသူပါ။ ထိုင်းနိုင်ငံကို ရောက်လာပြီး ၁၄ ရက်ကြာ သီးခြားခွဲနေပြီးတဲ့နောက် ရက်အနည်းငယ်ကြာမှ ဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိတာ ဖြစ်ပါတယ်။ သူ့ရဲ့ခင်ပွန်းနဲ့ ကလေးတို့ကတော့ ဗိုင်းရပ်စ်ပိုး မရှိပါဘူး။
ထိုင်းနိုင်ငံမှာ ကိုဗစ်ကူးစက်သူပေါင်း ၃,၇၀၀ ကျော်၊ သေဆုံးသူ ၅၉ ဦးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာတော့ သောကြာည ၈ နာရီချိန်ထိ ထုတ်ပြန်ချက်အရ ကူးစက်သူပေါင်း ၄၂,၃၀၀ ကျော်၊ သေဆုံးသူပေါင်း ၁,၀၃၈ ဦးရှိပါပြီ။
အရှေ့တောင်အာရှဒေသမှာ သောကြာနေ့အထိ ကိုဗစ်ကူးစက်သူပေါင်း ၈၇၇,၀၀၀ ကျော်ရှိပြီး အင်ဒိုနီးရှားက အများဆုံးဖြစ်ပါတယ်။ အဲဒီနောက် ဖိလစ်ပိုင်၊ စင်ကာပူ၊ ပြီးရင်တော့ မြန်မာက စတုတ္ထမြောက် ကူးစက်မှုအများဆုံးနိုင်ငံ ဖြစ်ပါတယ်။