သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အာရှဒေသ ကိုဗစ်ထိန်းချုပ်ရေး WHO ချီးကျူး


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အရေးပေါ် ကျန်းမာရေး အစီအစဉ်၊ အမှုဆောင်ဒါရိုက်တာ Dr. Michael Ryan
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အရေးပေါ် ကျန်းမာရေး အစီအစဉ်၊ အမှုဆောင်ဒါရိုက်တာ Dr. Michael Ryan

[Zawgyi/Unicode]

အာရှနိုင်ငံအတော်များများ COVID-19 တိုက်ဖျက်ရေး လုပ်ဆောင်နေကြတာမှာ ကြီးမားတဲ့ တိုးတက်မှုတွေ ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အရေးပေါ် ကျန်းမာရေး အစီအစဉ်၊ အမှုဆောင်ဒါရိုက်တာ Dr. Michael Ryan ကပြောပါတယ်။

မကြာသေးခင်လပိုင်းတွေအတွင်း သြစတြေးလျ၊ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယား တို့မှာ အစိုးရက ရောဂါကွင်းဆက်လိုက်တာ၊ ကူးစက်လူနာတွေကို သီးခြားခွဲထားတာနဲ့ သူတို့နဲ့ ထိတွေ့ဆက်ဆံခဲတဲ့သူတွေကို စောင့်ကြည့်တာတွေကို လုပ်ဆောင်ပြီး ရောဂါ ထိန်းချုပ်ခဲ့တယ်လို့ သူကပြောပါတယ်။ အရှေ့အာရှမှာရှိတဲ့ နိုင်ငံတွေ၊ နယ်မြေတွေနဲ့ ကျန်းမာရေး အာဏာပိုင်တွေက ရောဂါတိုက်ဖျက်ရေးမှာ တိုးတက်မှု အများကြီးရအောင်လုပ်နိုင်ခဲ့ပြီး ရောဂါကူးစက်မှုနှုန်းကို လျော့ချခဲ့ပြီး ကူးစက်မှုနှုန်း နည်းပါးတဲ့ အခြေအနေမှာ အချိန်အတော်ကြာ ထိန်းထားနိုင်ခဲ့တာကို တွေ့ရတယ်လို့ Ryan ကပြောပါတယ်။

အာရှနိုင်ငံတွေမှာ ရောဂါထိန်းချုပ်ရေး ကန့်သတ်ချက်တွေကို အချိန်အတော်ကြာချမှတ်ထားပြီး ပြည်သူတွေက အစိုးရအပေါ် မြင့်မားတဲ့ ယုံကြည်မှုရှိတဲ့အတွက် အခုလို ထိန်းချုပ်ထားနိုင်တာဖြစ်တယ်လို့လည်း Ryan ကပြောပါတယ်။ နောက်တခုက အစိုးရချမှတ်ထားတဲ့ စည်းကမ်းတွေကို ပြည်သူ တဦးချင်းက လိုက်နာကြတာကြောင့်လည်း အခုလို ထိန်းချုပ်လာနိုင်တာဖြစ်တယ်လို့ Ryan ကပြောပါတယ်။

အထူးသဖြင့် သူက အရှေ့အာရှနိုင်ငံတွေရဲ့ COVID-19 တိုက်ဖျက်ရေး လုပ်ဆောင်ချက်တွေနဲ့ အားထုတ်ကြိုးပမ်းမှုတွေအပေါ် ချီးကျူးပြောဆိုခဲ့တာပါ။ အဲဒီနိုင်ငံအတော်များများက ကူးစက်မှုနှုန်းကျဆင်းလာပေမဲ့ စမ်းသပ်စစ်ဆေးမှုတွေနဲ့ ကုသရေးဌာနတွေကိုလည်း လျှော့မချလိုက်ဘဲ ရောဂါတိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ လုပ်ဆောင်ဖို့ လိုအပ်တာတွေကို ဆက်ပြီး အလေးထား လုပ်ဆောင်ခဲ့ကြတယ်လို့လည်း Dr. Michael Ryan ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]






XS
SM
MD
LG