(Zawgyi / Unicode)
စည္းလံုးမႈမရွိတဲ့ ကမာၻႀကီးဟာ လက္ရွိျဖစ္ပြားေနတဲ့ COVID-19 ကပ္ေရာဂါရဲ႕ စိန္ေခၚမႈကို ရင္မဆိုင္ႏိုင္ဘဲ ျဖစ္ေနေၾကာင္းနဲ႔ လူသန္းေပါင္းမ်ားစြာကို ဆင္းရဲငတ္မြတ္မယ့္ ေဘးကေန ကာကြယ္ႏိုင္ဖို႔အတြက္ စုေပါင္းလုပ္ေဆာင္ဖို႔ လိုေနတယ္လို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က စေနေန႔မွာ သတိေပးလိုက္ပါတယ္။
လူေပါင္း ၁ သန္းေက်ာ္ ေသဆံုးေနရၿပီျဖစ္တဲ့ ဒီကပ္ေရာဂါကို တိုက္ဖ်က္ဖို႔ ကမာၻ႔ႏိုင္ငံေတြ လက္တြဲလုပ္ေဆာင္ၾကမယ္ဆိုရင္ အခုထက္ပိုၿပီး ေအာင္ျမင္ေအာင္ လုပ္ေဆာင္ႏုိင္မွာျဖစ္ေၾကာင္း ေပၚတူဂီဝန္ႀကီးခ်ဳပ္ေဟာင္း ျဖစ္တဲ့ အတြင္းေရးမွဴးခ်ဳပ္က ေျပာပါတယ္။
ဒီကပ္ေရာဂါဟာ ကမာၻ႔လူမႈအသိုင္းအဝိုင္း တခုလံုးအတြက္ေရာ ႏိုင္ငံအားလံုးအတြက္သာမက ကုလအတြင္းေရးမွဴးခ်ဳပ္ တေယာက္ျဖစ္တဲ့ သူ႔အတြက္ပါ ကမာၻလံုးဆိုင္ရာ စိန္ေခၚမႈႀကီးတခု ျဖစ္ေနေပမယ့္ ကမာၻ႔အသိုင္းအဝိုင္းက ဒီစိန္ေခၚမႈစာေမးပြဲမွာ က်႐ႈံးေနေၾကာင္း ေပၚတူဂီသတင္းဌာန Lusa ကို ေျပာၾကားခဲ့တာပါ။
တကယ္လို႔ အတူတကြ လက္တြဲတိုက္ဖ်က္ဖို႔ မလုပ္ရင္ေတာ့ လာမယ့္ႏွစ္ေတြအတြင္း စီးပြားေရး က်ဆင္းမႈေတြနဲ႔အတူ လူသန္းေပါင္းမ်ားစြာကို ဒီဗိုင္းရပ္စ္က ဆင္းရဲငတ္မြတ္ေဘး က်ေရာက္ေစမွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။
၂၀၁၉ ဒီဇင္ဘာမွာ တ႐ုတ္ႏိုင္ငံက စတင္ခဲ့တဲ့ ဒီေရာဂါဟာ ကမာၻတလႊား ႏုိင္ငံေပါင္း ၂၁၀ ေက်ာ္ကို ပ်ံ႕ႏွံ႔သြားခဲ့ၿပီး အခုဆို လူေပါင္း ၃၉ သန္းေက်ာ္ ဒီေရာဂါ ကူးစက္ခံေနရတာပါ။ ဒီအခ်ိန္မွာပဲ အာဖဂန္နစၥတန္၊ ယီမင္နဲ႔ ဆီးရီးယားႏိုင္ငံေတြမွာ ျဖစ္ပြားေနတဲ့ စစ္ပြဲေတြကို ညီညီညြတ္ညြတ္ လက္တြဲေျဖရွင္းဖို႔ပါ မလုပ္ၾကတဲ့အတြက္ စိတ္ပ်က္စရာ ျဖစ္ေနတယ္လို႔လည္း ေျပာပါတယ္။
-------------------------
(Unicode)
ကပ်ရောဂါကို လက်တွဲတိုက်ဖျက်ဖို့ ပျက်ကွက်မှု ကုလအတွင်းရေးမှူးချုပ် ဝေဖန်
စည်းလုံးမှုမရှိတဲ့ ကမ္ဘာကြီးဟာ လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ကပ်ရောဂါရဲ့ စိန်ခေါ်မှုကို ရင်မဆိုင်နိုင်ဘဲ ဖြစ်နေကြောင်းနဲ့ လူသန်းပေါင်းများစွာကို ဆင်းရဲငတ်မွတ်မယ့် ဘေးကနေ ကာကွယ်နိုင်ဖို့အတွက် စုပေါင်းလုပ်ဆောင်ဖို့ လိုနေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က စနေနေ့မှာ သတိပေးလိုက်ပါတယ်။
လူပေါင်း ၁ သန်းကျော် သေဆုံးနေရပြီဖြစ်တဲ့ ဒီကပ်ရောဂါကို တိုက်ဖျက်ဖို့ ကမ္ဘာ့နိုင်ငံတွေ လက်တွဲလုပ်ဆောင်ကြမယ်ဆိုရင် အခုထက်ပိုပြီး အောင်မြင်အောင် လုပ်ဆောင်နိုင်မှာဖြစ်ကြောင်း ပေါ်တူဂီဝန်ကြီးချုပ်ဟောင်း ဖြစ်တဲ့ အတွင်းရေးမှူးချုပ်က ပြောပါတယ်။
ဒီကပ်ရောဂါဟာ ကမ္ဘာ့လူမှုအသိုင်းအဝိုင်း တခုလုံးအတွက်ရော နိုင်ငံအားလုံးအတွက်သာမက ကုလအတွင်းရေးမှူးချုပ် တယောက်ဖြစ်တဲ့ သူ့အတွက်ပါ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုကြီးတခု ဖြစ်နေပေမယ့် ကမ္ဘာ့အသိုင်းအဝိုင်းက ဒီစိန်ခေါ်မှုစာမေးပွဲမှာ ကျရှုံးနေကြောင်း ပေါ်တူဂီသတင်းဌာန Lusa ကို ပြောကြားခဲ့တာပါ။
တကယ်လို့ အတူတကွ လက်တွဲတိုက်ဖျက်ဖို့ မလုပ်ရင်တော့ လာမယ့်နှစ်တွေအတွင်း စီးပွားရေး ကျဆင်းမှုတွေနဲ့အတူ လူသန်းပေါင်းများစွာကို ဒီဗိုင်းရပ်စ်က ဆင်းရဲငတ်မွတ်ဘေး ကျရောက်စေမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။
၂၀၁၉ ဒီဇင်ဘာမှာ တရုတ်နိုင်ငံက စတင်ခဲ့တဲ့ ဒီရောဂါဟာ ကမ္ဘာတလွှား နိုင်ငံပေါင်း ၂၁၀ ကျော်ကို ပျံ့နှံ့သွားခဲ့ပြီး အခုဆို လူပေါင်း ၃၉ သန်းကျော် ဒီရောဂါ ကူးစက်ခံနေရတာပါ။ ဒီအချိန်မှာပဲ အာဖဂန်နစ္စတန်၊ ယီမင်နဲ့ ဆီးရီးယားနိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို ညီညီညွတ်ညွတ် လက်တွဲဖြေရှင်းဖို့ပါ မလုပ်ကြတဲ့အတွက် စိတ်ပျက်စရာ ဖြစ်နေတယ်လို့လည်း ပြောပါတယ်။