(Zawgyi / Unicode)
ဥေရာပႏုိင္ငံေတြဘက္မွာ ေရာဂါကူးစက္မႈေတြ ျမင့္တက္ခဲ့ၿပီး ပုိလန္၊ ယူကရိန္းနဲ႔ ၾသစႀတီးယားႏုိင္ငံမွာေတာ့ ေန႔စဥ္ကူးစက္မႈႏႈန္းမွာ စံခ်ိန္တင္ခဲ့ပါတယ္။
ပိုလန္မွာ ကပ္ေရာဂါကို တုိက္ဖ်က္ဖို႔အတြက္ ကန္႔သတ္မႈေတြ ခ်မွတ္ထားေနခ်ိန္မွာပဲ ဒီေန႔မွာ ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္ခံရသူ ၉,၆၂၂ ေယာက္ရွိတယ္လို႔ ပိုလန္က်န္းမာေရးဝန္ႀကီးဌာနက တြစ္တာကေန သတင္းထုတ္ျပန္ထားပါတယ္။ ဒါေၾကာင့္ ပိုလန္ႏုိင္ငံမွာ ေရာဂါကူးစက္ခံရသူ ၁၆၇,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၃,၅၂၃ ေယာက္ရွိတယ္လို႔ ေျပာပါတယ္။
႐ုရွားႏုိင္ငံမွာေတာ့ ဒီေန႔မွာ ဗုိင္းရပ္စ္ကူးစက္သူ ၁၄,၉၂၂ ေယာက္ရွိတာေၾကာင့္ စုစုေပါင္း ေရာဂါကူးစက္ခံရသူ ၁,၃၈၀,၀၀၀ ေက်ာ္သြားၿပီလို႔ ေျပာပါတယ္။ ဒ့ါအျပင္ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ၂၇၉ ေယာက္ ထပ္မံေသဆုံးခဲ့တဲ့အတြက္ ေသဆုံးသူဦးေရ ၂၄,၀၀၂ ေယာက္ရွိၿပီလို႔ ႐ုရွားအာဏာပိုင္ေတြက ေျပာပါတယ္။
ယူကရိန္းႏုိ္င္ငံမွာေတာ့ ဒီေန႔မွာ ေရာဂါကူးစက္ခံရသူ ၆,၄၁၀ နဲ႔ ေန႔စဥ္ကူးစက္မႈမွာ အမ်ားဆုံး စံခ်ိန္တင္ခဲ့တယ္လို႔ ယူကရိန္း အမ်ိဳးသားလုံၿခဳံေရးေကာင္စီက ေျပာလိုက္ပါတယ္။ မေန႔ကေတာ့ ကူးစက္သူ ၅,၉၉၂ နဲ႔ ေန႔စဥ္ကူးစက္မႈ အမ်ားဆုံး ျဖစ္ခဲ့ေပမယ့္ ဒီေန႔မွာ ထပ္တိုးလာတဲ့အတြက္ ေန႔စဥ္ကူးစက္မႈမွာ အမ်ားဆုံးျဖစ္သြားပါတယ္။ ယူကရိန္းမွာ အခု ေအာက္တုိဘာလကစၿပီး ေန႔စဥ္ကူးစက္သူ ဦးေရဟာ ၅,၀၀၀ ေက်ာ္ရွိၿပီး လူေတြကိုလည္း ၂၀၂၀ အကုန္ထိ အျပင္မထြက္ၾကဖို႔ ကန္႔သတ္မႈေတြ ထပ္တုိးလိုက္ပါတယ္။
တခ်ိန္တည္းမွာပဲ ၾသစႀတီးယားႏုိင္ငံဘက္မွာလည္း ႏုိင္ငံျခားေရးဝန္ႀကီး Alexander Schallenberg COVID-19 ေရာဂါ ကူးစက္ခံထားရတယ္လို႔ ႏုိင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရက ဒီေန႔ေျပာပါတယ္။ သူဟာ လူဇင္ဘတ္ႏုိင္ငံမွာ တနလၤာေန႔ကလုပ္တဲ့ EU ဥေရာပသမဂၢ ႏုိင္ငံျခားေရးဝန္ႀကီးေတြရဲ႕ အစည္းအေဝးကို တက္ေရာက္ခဲ့ၿပီး အဲဒီကေန ေရာဂါကူးစက္ခံရတာ ျဖစ္ႏုိင္တယ္လို႔လည္း ေျပာပါတယ္။
ၾသစႀတီးယားႏုိင္ငံမွာေတာ့ ဒီေန႔မွာ ေရာဂါကူးစက္သူဦးေရဟာ ပထမဆုံးအႀကိမ္အျဖစ္နဲ႔ ၂,၀၀၀ ေက်ာ္ရွိခဲ့ၿပီး ကူးစက္သူ ၂,၃၁၇ ေယာက္ ရွိတယ္လို႔ ျပည္တြင္းသတင္းစာတေစာင္က ေရးပါတယ္။
--------------------------------
(Unicode)
ဥရောပနိုင်ငံတွေမှာ တကျော့ပြန် ကိုဗစ်ကူးစက်မှု တိုးမြင့်
ဥရောပနိုင်ငံတွေဘက်မှာ ရောဂါကူးစက်မှုတွေ မြင့်တက်ခဲ့ပြီး ပိုလန်၊ ယူကရိန်းနဲ့ သြစတြီးယားနိုင်ငံမှာတော့ နေ့စဉ်ကူးစက်မှုနှုန်းမှာ စံချိန်တင်ခဲ့ပါတယ်။
ပိုလန်မှာ ကပ်ရောဂါကို တိုက်ဖျက်ဖို့အတွက် ကန့်သတ်မှုတွေ ချမှတ်ထားနေချိန်မှာပဲ ဒီနေ့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၉,၆၂၂ ယောက်ရှိတယ်လို့ ပိုလန်ကျန်းမာရေးဝန်ကြီးဌာနက တွစ်တာကနေ သတင်းထုတ်ပြန်ထားပါတယ်။ ဒါကြောင့် ပိုလန်နိုင်ငံမှာ ရောဂါကူးစက်ခံရသူ ၁၆၇,၀၀၀ ကျော်နဲ့ သေဆုံးသူ ၃,၅၂၃ ယောက်ရှိတယ်လို့ ပြောပါတယ်။
ရုရှားနိုင်ငံမှာတော့ ဒီနေ့မှာ ဗိုင်းရပ်စ်ကူးစက်သူ ၁၄,၉၂၂ ယောက်ရှိတာကြောင့် စုစုပေါင်း ရောဂါကူးစက်ခံရသူ ၁,၃၈၀,၀၀၀ ကျော်သွားပြီလို့ ပြောပါတယ်။ ဒ့ါအပြင် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ၂၇၉ ယောက် ထပ်မံသေဆုံးခဲ့တဲ့အတွက် သေဆုံးသူဦးရေ ၂၄,၀၀၂ ယောက်ရှိပြီလို့ ရုရှားအာဏာပိုင်တွေက ပြောပါတယ်။
ယူကရိန်းနိုင်ငံမှာတော့ ဒီနေ့မှာ ရောဂါကူးစက်ခံရသူ ၆,၄၁၀ နဲ့ နေ့စဉ်ကူးစက်မှုမှာ အများဆုံး စံချိန်တင်ခဲ့တယ်လို့ ယူကရိန်း အမျိုးသားလုံခြုံရေးကောင်စီက ပြောလိုက်ပါတယ်။ မနေ့ကတော့ ကူးစက်သူ ၅,၉၉၂ နဲ့ နေ့စဉ်ကူးစက်မှု အများဆုံး ဖြစ်ခဲ့ပေမယ့် ဒီနေ့မှာ ထပ်တိုးလာတဲ့အတွက် နေ့စဉ်ကူးစက်မှုမှာ အများဆုံးဖြစ်သွားပါတယ်။ ယူကရိန်းမှာ အခု အောက်တိုဘာလကစပြီး နေ့စဉ်ကူးစက်သူ ဦးရေဟာ ၅,၀၀၀ ကျော်ရှိပြီး လူတွေကိုလည်း ၂၀၂၀ အကုန်ထိ အပြင်မထွက်ကြဖို့ ကန့်သတ်မှုတွေ ထပ်တိုးလိုက်ပါတယ်။
တချိန်တည်းမှာပဲ သြစတြီးယားနိုင်ငံဘက်မှာလည်း နိုင်ငံခြားရေးဝန်ကြီး Alexander Schallenberg COVID-19 ရောဂါ ကူးစက်ခံထားရတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက ဒီနေ့ပြောပါတယ်။ သူဟာ လူဇင်ဘတ်နိုင်ငံမှာ တနင်္လာနေ့ကလုပ်တဲ့ EU ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကို တက်ရောက်ခဲ့ပြီး အဲဒီကနေ ရောဂါကူးစက်ခံရတာ ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။
သြစတြီးယားနိုင်ငံမှာတော့ ဒီနေ့မှာ ရောဂါကူးစက်သူဦးရေဟာ ပထမဆုံးအကြိမ်အဖြစ်နဲ့ ၂,၀၀၀ ကျော်ရှိခဲ့ပြီး ကူးစက်သူ ၂,၃၁၇ ယောက် ရှိတယ်လို့ ပြည်တွင်းသတင်းစာတစောင်က ရေးပါတယ်။