(Zawgyi/Unicode)
COVID 19 ကာကြယ္ေဆး ဝယ္ယူရရွိေရးနဲ႔ ျဖန္႔ျဖဴးေရး၊ ေရာဂါ စမ္းသပ္စစ္ေဆးေရးနဲ႔ ကုသေရး လုပ္ငန္းေတြမွာ သုံးစြဲနိုင္ဖို႔ ဖြံ့ၿဖိဳးဆဲ နိုင္ငံေတြကို ကမၻာ့ဘဏ္က အေမရိကန္ ေဒၚလာ ၁၂ ဘီလီယံ ေထာက္ပံ့ေပးဖို႔ အဂၤါေန႔က အတည္ျပဳလိုက္ပါတယ္။
ကမၻာ့ လူဦးေရ ၁ ဘီလီယံ ကာကြယ္ေဆး ရရွိေစဖို႔ အဓိက ရည္ရြယ္ေပးအပ္တဲ့ ဒီ ေငြေၾကး အကူအညီဟာ ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြ COVID-19 ေရာဂါ တုံ႔ျပန္ တိုက္ဖ်က္နိုင္ေရးအတြက္ ၂၀၂၁ ခုႏွစ္ ဇြန္လအထိ အသုံးျပဳမယ့္ အေမရိကန္ ေဒၚလာ ဘီလီယံ ၁၆၀ ရဲ႕ တစိတ္တေဒသ ျဖစ္တယ္လို႔လည္း ကမၻာ့ ဘဏ္က ေၾကညာလိုက္ပါတယ္။
..............
COVID 19 ကာကွယ်ဆေး အတွက် ဒေါ်လာ ၁၂ ဘီလီယံ ကူညီဖို့ ကမ္ဘာ့ဘဏ် ဆုံးဖြတ်
(Unicode)
COVID 19 ကာကွယ်ဆေး ဝယ်ယူရရှိရေးနဲ့ ဖြန့်ဖြူးရေး၊ ရောဂါ စမ်းသပ်စစ်ဆေးရေးနဲ့ ကုသရေး လုပ်ငန်းတွေမှာ သုံးစွဲနိုင်ဖို့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို ကမ္ဘာ့ဘဏ်က အမေရိကန် ဒေါ်လာ ၁၂ ဘီလီယံ ထောက်ပံ့ပေးဖို့ အင်္ဂါနေ့က အတည်ပြုလိုက်ပါတယ်။
ကမ္ဘာ့ လူဦးရေ ၁ ဘီလီယံ ကာကွယ်ဆေး ရရှိစေဖို့ အဓိက ရည်ရွယ်ပေးအပ်တဲ့ ဒီ ငွေကြေး အကူအညီဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ COVID-19 ရောဂါ တုံ့ပြန် တိုက်ဖျက်နိုင်ရေးအတွက် ၂၀၂၁ ခုနှစ် ဇွန်လအထိ အသုံးပြုမယ့် အမေရိကန် ဒေါ်လာ ဘီလီယံ ၁၆၀ ရဲ့ တစိတ်တဒေသ ဖြစ်တယ်လို့လည်း ကမ္ဘာ့ ဘဏ်က ကြေညာလိုက်ပါတယ်။