သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ပြည်နယ် ကမ္ဘာ့ဘဏ်စီမံကိန်း ကန့်ကွက်မှုပေါ် ကမ္ဘာ့ဘဏ်တုံ့ပြန်


ကမ္ဘာ့ဘဏ်ရုံးချု့ပ်ရှေ့
ကမ္ဘာ့ဘဏ်ရုံးချု့ပ်ရှေ့

(Zawgyi/Unicode)

ကရင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံအရှေ့ဘက်ခြမ်းမှာ ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ သန်း ၂၀၀ လောက်သုံးပြီး အကောင်အထည်ဖော် လုပ်ဆောင်မယ့် စီမံကိန်းတွေအတွက် လုပ်ငန်းဆောင်ရွက်မယ့်တည်နေရာ၊ ဒေသတွေနဲ့ပတ်သက်ပြီး အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေကြား ပူးတွဲသဘောတူညီချက် ရရှိတဲ့အချိန် မတိုင်မီအထိ စီမံကိန်းလုပ်ငန်းတွေ စတင်မှာ မဟုတ် ဘူးလို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ပါတယ်။

ဒီစီမံကိန်းတွေကို ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်အဖွဲ့ KPSN က ကန့်ကွက်ကြောင်း နိုဝင်ဘာလ ၂၅ ရက်နေ့က ပြောအပြီး နောက်တရက်မှာပဲ ကမ္ဘာ့ဘဏ်ဖက်က အခုလို တုံ့ပြန်ပြောဆိုတာပါ။

စီမံကိန်းဟာ လက်ရှိမှာ ရေးဆွဲပြင်ဆင်နေတဲ့ အဆင့်မှာပဲရှိသေးပြီး ကမ္ဘာ့ဘဏ်ဘုတ်အဖွဲ့ရဲ့ အတည်ပြုချက်ရဖို့ ဆောင်ရွက်နေ ဆဲအဆင့်မှာပဲ ရှိသေးတယ်လို့လည်း ကမ္ဘာ့ဘဏ်ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဒီဖွံ့ဖြိုးရေးစီမံကိန်းတွေဟာ လက်ရှိ အဲဒီဒေသတွေမှာ နိုင်ငံရေးအရ ပြေလည်မှုမရှိသေးတာကြောင့် ဒေသခံတိုင်းရင်းသားတွေ တန်းတူအကျိုးခံစားခွင့်ရှိစေမှာ မဟုတ်ဘူးဆိုပြီး KPSN က ကန့်ကွက်တာပါ။

ကမ္ဘာ့ဘဏ်ကတော့ ဒီစီမံကိန်းတွေဟာ ပြည်သူဗဟိုပြုဆောင်ရွက်တဲ့ စီမံကိန်းတွေဖြစ်ပြီး အကြံပြုဆွေးနွေးပွဲတွေလည်း လုပ်ထားပြီးတော့ လူပုဂ္ဂိုလ်ပေါင်း ၁,၀၀၀ ကျော်၊ အဖွဲ့အစည်းပေါင်း ၁၃၀ ကျော် တက်ရောက်တဲ့ အစည်းအဝေးပေါင်း ၆၀ ကျော် လုပ်ထားပြီးပြီလို့ ပြောပါတယ်။

KPSN အဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားတဲ့ စိုးရိမ်ချက်တွေကိုလည်း ကောင်းစွာသိရှိနားလည်ပြီး အထူးအလေးအနက် ထားပါတယ်လို့ ကမ္ဘာ့ဘဏ်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်


..........................


(Unicode)







XS
SM
MD
LG