(Zawgyi/Unicode)
COVID 19 ကပ္ေရာဂါေၾကာင့္ ဆင္းရဲႏြမ္းပါးလြန္းတဲ့ အေျခအေနထဲကို ေရာက္ရွိသြားနိုင္သူ ဦးေရ ကမၻာတစ္ဝွမ္း လူ သန္း ၁၅၀ အထိ ရွိနိုင္ တယ္လို႔ ကမၻာ့ ဘဏ္က ေျပာပါတယ္။ ကပ္ေရာဂါ ကာလထဲ စီးပြားေရး အထိနာမႈ အနည္းအမ်ားေပၚမူတည္ၿပီး ဝင္ေငြ တစ္ေန႔ ၁ ေဒၚလာနဲ႔ ဆင့္ ၉၀ ေအာက္သာ ရရွိသူေတြ ဆင္းရဲ ႏြမ္းပါးလြန္းတဲ့ အေျခအေနကို ၾကဳံေတြရမွာ ျဖစ္ေၾကာင္း ကမၻာ႔ဘဏ္က ဗုဒၶဟူး ေန႔က အစီ ရင္ခံစာ ထုတ္ျပန္ ေျပာၾကားလိုက္တာ ျဖစ္ပါတယ္။
ဆင္းရဲႏြမ္းပါးလြန္းတဲ့ အေျခအေနကို ၾကဳံေတြ႕ရမယ့္သူေတြရဲ့ ၈၂ ရာခိုင္ႏႈန္းက အိႏၵိယ၊ နိုင္ဂ်ီးရီးယားနဲ႔ အင္ဒိုနီးရွားလို နိုင္ငံတို႔လို ဝင္ေငြ အလယ္အလတ္ ရွိတဲ့ နိုင္ငံေတြ ျဖစ္ေၾကာင္းနဲ႔ ဆင္းရဲႏြမ္းပါးသူေတြ ျဖစ္လာနိုင္သူေတြဟာ ၿမိဳ႕ေနပညာတတ္ေတြထဲ ပိုမ်ား လာနိုင္တယ္လို႔ လည္း ကမၻာ့ ဘဏ္က အစီရင္ခံထားပါတယ္။ ေတြ႕ရိုးေတြ႕စဥ္ျဖစ္တဲ့ ေက်းလက္ေဒသက ဆင္းရဲႏြမ္းပါးမႈေတြကို ၿမိဳ႕ေတြမွာ ေတြ႕လာရမယ့္ သေဘာလည္း ျဖစ္ပါတယ္။
ကမၻာတစ္ဝွမ္း ဆင္းရဲ ႏြမ္းပါးမႈ တိုက္ဖ်က္ေရး ႀကိဳးပမ္းမႈမွာ ရရွိေနတဲ့ တိုးတက္မႈေတြဟာ ကပ္ေရာဂါေၾကာင့္ ႐ုတ္တရက္ ရပ္ဆိုင္းသြားခဲ့ရတဲ့အတြက္ အႏွစ္ ၂၀ အတြင္း ပထမဆုံးအႀကိမ္ ဆင္းရဲႏြမ္းပါးလြန္းသူ အေရအတြက္ ျမင့္တက္တာကို ေတြ႕ျမင္ရဖို႔ ရွိေနတာပါ။
သာတူညီမၽွမႈေတြ ရွိဖို႔ ႀကိဳးပမ္းေနတာေတြကို ထိခိုက္ေစသလို နိုင္ငံေတြအၾကား ဘက္စုံ တိုးတက္မႈေတြ ျပန္ရဖို႔ ပိုၿပီး ခက္ခဲသြားေစေၾကာင္းလည္း ကမၻာ့ ဘဏ္ ဥကၠဌ David Malpass က ေျပာပါတယ္။
ဒီႏွစ္ထဲ ကမၻာတစ္ဝွမ္း စီးပြားေရး ဆုတ္ယုတ္မႈ ၅.၂ ရာခိုင္ႏႈန္း ရွိမယ္လို႔ ကမၻာ့ဘဏ္က ခန္႔မွန္းထားတာပါ။ ႏွစ္ေပါင္း ၈၀ အတြင္း အက်ဆင္းဆုံး ႏႈန္း ျဖစ္လာမယ္လို႔ ခန္႔မွန္းထားတာလည္း ျဖစ္ပါတယ္။
ေန႔စဥ္ ၃ ေဒၚလာနဲ႔ ဆင့္ ၂၀ ေအာက္ ဝင္ေငြရွိသူေတြက ကမၻာ့ လူဦးေရရဲ့ ၂၅ ရာခိုင္ႏႈန္း နီးပါးရွိၿပီး အဲဒီလူေတြဟာ ႐ုတ္တရက္ စီးပြား ေရး ထိခိုက္မႈဒဏ္ကို ခံနိုင္ရည္ မရွိနိုင္သူေတြ ျဖစ္ပါတယ္။ အလုပ္လက္မဲ့ ျဖစ္ၾကရတာေၾကာင့္ စုေဆာင္းေငြေတြ ကုန္သြား ၾကရသလို မိသားစုေတြလည္း အစားအေသာက္ ေလ်ာ့နည္းစားသုံးလာရတယ္လို႔လည္း ကမၻာ့ဘဏ္က အစီရင္ခံထားပါတယ္။
ဒါေၾကာင့္ ဒီႏွစ္ထဲ ဆင္းရဲႏြမ္းပါးလြန္းတဲ့အဆင့္ကို ေရာက္ရွိသြားနိုင္သူ လူေပါင္း ၈၈ သန္းကေန ၁၁၅ သန္းအထိရွိမွာ ျဖစ္ၿပီး ၂၀၂၁ ခုႏွစ္မွာေတာ့ ေနာက္ထပ္ ၂၃ သန္းကေန ၃၅ သန္းအထိ ထပ္တိုးဖို႔ ရွိတယ္လို႔ ေျပာပါတယ္။
ေလာေလာဆယ္ ကမၻာသူ ကမၻာသားေတြ ၾကဳံေတြ႕ေနရတဲ့ စိန္ေခၚမႈေတြကို ေက်ာ္လႊားနိုင္ဖို႔ နည္းလမ္းမရွိဘူးလို႔ လည္း ကမၻာ့ ဘဏ္က ေျပာပါတယ္။ ဒီ အေျခအေနကို ကမၻာႀကီး ေက်ာ္လႊားနိုင္သလို လက္ေလၽွာ့အရႈံးေပးရနိုင္ေျခလည္းရွိေၾကာင္း ကမၻာ့ဘဏ္က ေျပာပါတယ္။
..............
ကပ်ရောဂါကြောင့် ဆင်းရဲလွန်းသူ သန်းရာချီတိုးနိုင်ဟု ကမ္ဘာ့ဘဏ်ခန့်မှန်း
(Unicode)
COVID 19 ကပ်ရောဂါကြောင့် ဆင်းရဲနွမ်းပါးလွန်းတဲ့ အခြေအနေထဲကို ရောက်ရှိသွားနိုင်သူ ဦးရေ ကမ္ဘာတစ်ဝှမ်း လူ သန်း ၁၅၀ အထိ ရှိနိုင် တယ်လို့ ကမ္ဘာ့ ဘဏ်က ပြောပါတယ်။ ကပ်ရောဂါ ကာလထဲ စီးပွားရေး အထိနာမှု အနည်းအများပေါ်မူတည်ပြီး ဝင်ငွေ တစ်နေ့ ၁ ဒေါ်လာနဲ့ ဆင့် ၉၀ အောက်သာ ရရှိသူတွေ ဆင်းရဲ နွမ်းပါးလွန်းတဲ့ အခြေအနေကို ကြုံတွေရမှာ ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဗုဒ္ဓဟူး နေ့က အစီ ရင်ခံစာ ထုတ်ပြန် ပြောကြားလိုက်တာ ဖြစ်ပါတယ်။
ဆင်းရဲနွမ်းပါးလွန်းတဲ့ အခြေအနေကို ကြုံတွေ့ရမယ့်သူတွေရဲ့ ၈၂ ရာခိုင်နှုန်းက အိန္ဒိယ၊ နိုင်ဂျီးရီးယားနဲ့ အင်ဒိုနီးရှားလို နိုင်ငံတို့လို ဝင်ငွေ အလယ်အလတ် ရှိတဲ့ နိုင်ငံတွေ ဖြစ်ကြောင်းနဲ့ ဆင်းရဲနွမ်းပါးသူတွေ ဖြစ်လာနိုင်သူတွေဟာ မြို့နေပညာတတ်တွေထဲ ပိုများ လာနိုင်တယ်လို့ လည်း ကမ္ဘာ့ ဘဏ်က အစီရင်ခံထားပါတယ်။ တွေ့ရိုးတွေ့စဉ်ဖြစ်တဲ့ ကျေးလက်ဒေသက ဆင်းရဲနွမ်းပါးမှုတွေကို မြို့တွေမှာ တွေ့လာရမယ့် သဘောလည်း ဖြစ်ပါတယ်။
ကမ္ဘာတစ်ဝှမ်း ဆင်းရဲ နွမ်းပါးမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုမှာ ရရှိနေတဲ့ တိုးတက်မှုတွေဟာ ကပ်ရောဂါကြောင့် ရုတ်တရက် ရပ်ဆိုင်းသွားခဲ့ရတဲ့အတွက် အနှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် ဆင်းရဲနွမ်းပါးလွန်းသူ အရေအတွက် မြင့်တက်တာကို တွေ့မြင်ရဖို့ ရှိနေတာပါ။
သာတူညီမျှမှုတွေ ရှိဖို့ ကြိုးပမ်းနေတာတွေကို ထိခိုက်စေသလို နိုင်ငံတွေအကြား ဘက်စုံ တိုးတက်မှုတွေ ပြန်ရဖို့ ပိုပြီး ခက်ခဲသွားစေကြောင်းလည်း ကမ္ဘာ့ ဘဏ် ဥက္ကဌ David Malpass က ပြောပါတယ်။
ဒီနှစ်ထဲ ကမ္ဘာတစ်ဝှမ်း စီးပွားရေး ဆုတ်ယုတ်မှု ၅.၂ ရာခိုင်နှုန်း ရှိမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားတာပါ။ နှစ်ပေါင်း ၈၀ အတွင်း အကျဆင်းဆုံး နှုန်း ဖြစ်လာမယ်လို့ ခန့်မှန်းထားတာလည်း ဖြစ်ပါတယ်။
နေ့စဉ် ၃ ဒေါ်လာနဲ့ ဆင့် ၂၀ အောက် ဝင်ငွေရှိသူတွေက ကမ္ဘာ့ လူဦးရေရဲ့ ၂၅ ရာခိုင်နှုန်း နီးပါးရှိပြီး အဲဒီလူတွေဟာ ရုတ်တရက် စီးပွား ရေး ထိခိုက်မှုဒဏ်ကို ခံနိုင်ရည် မရှိနိုင်သူတွေ ဖြစ်ပါတယ်။ အလုပ်လက်မဲ့ ဖြစ်ကြရတာကြောင့် စုဆောင်းငွေတွေ ကုန်သွား ကြရသလို မိသားစုတွေလည်း အစားအသောက် လျော့နည်းစားသုံးလာရတယ်လို့လည်း ကမ္ဘာ့ဘဏ်က အစီရင်ခံထားပါတယ်။
ဒါကြောင့် ဒီနှစ်ထဲ ဆင်းရဲနွမ်းပါးလွန်းတဲ့အဆင့်ကို ရောက်ရှိသွားနိုင်သူ လူပေါင်း ၈၈ သန်းကနေ ၁၁၅ သန်းအထိရှိမှာ ဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာတော့ နောက်ထပ် ၂၃ သန်းကနေ ၃၅ သန်းအထိ ထပ်တိုးဖို့ ရှိတယ်လို့ ပြောပါတယ်။
လောလောဆယ် ကမ္ဘာသူ ကမ္ဘာသားတွေ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ နည်းလမ်းမရှိဘူးလို့ လည်း ကမ္ဘာ့ ဘဏ်က ပြောပါတယ်။ ဒီ အခြေအနေကို ကမ္ဘာကြီး ကျော်လွှားနိုင်သလို လက်လျှော့အရှုံးပေးရနိုင်ခြေလည်းရှိကြောင်း ကမ္ဘာ့ဘဏ်က ပြောပါတယ်။