သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လာမယ့္ႏွစ္ ျမန္မာ့စီးပြားေရးျပန္ေကာင္းႏုိင္ဟု ကမၻာ့ဘဏ္ခန္႔မွန္း


ရန္ကုန္ၿမိဳ႕ရွိ Asia World ဆိပ္ကမ္းျမင္ကြင္းတခု။ ဒီဇင္ဘာ ၈၊ ၂၀၁၅။

(Zawgyi/Unicode)

ကုိဗစ္ကပ္ေရာဂါေၾကာင့္ စီးပြားေရးတုိးတက္မႈ က်ဆင္းခဲ့တဲ့ ျမန္မာႏုိင္ငံမွာ ျပည္တြင္း၊ ျပည္ပက အေျခအေနေတြေၾကာင့္ စိန္ေခၚမႈေတြ ရွိေနဆဲျဖစ္ေၾကာင္း ကမာၻ႔ဘဏ္က သတိေပးလုိက္တဲ့အေပၚ ျမန္မာစီးပြားေရး ပညာရွင္ေတြက ဘယ္လုိသုံးသပ္ေနၾကသလဲဆုိတာ ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က ေျပာျပေပးပါမယ္။

ကုိဗစ္ကပ္ေရာဂါေၾကာင့္ ျမန္မာႏုိင္ငံရဲ႕ စီးပြားေရးတုိးတက္မႈဟာ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္မွာ ၀.၅ ရာခုိင္ႏႈန္း က်ဆင္းခဲ့တဲ့အတြက္ မၾကာေသးခင္က ရရွိထားတဲ့ ဆင္းရဲႏြမ္းပါးမႈ ေလွ်ာ့ခ်ေရး ရလဒ္ေတြကုိ ထိခုိက္ေနရေၾကာင္း ဒီကေန႔ထုတ္ျပန္လုိက္တဲ့ ကမာၻ႔ဘဏ္ရဲ႕ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ ဒါေပမဲ့လည္း စီးပြားေရး တုိးတက္မႈႏႈန္းဟာ ေရွ႕လာမယ့္္ႏွစ္မွာ ျပန္တိုးႏိုင္ေျခရွိတယ္လို႔ျပည္ေထာင္စုလႊတ္ေတာ္ စီးပြားေရးအႀကံေပး ဦးေဇာ္ေဖဝင္းက ဗြီအိုေအကို ေျပာပါတယ္။

“ တရားဝင္ export ေလ်ာ့သြားတယ္၊ ကုန္ထုတ္လုပ္မႈက အဓိက ကုန္ထုတ္လုပ္ငန္းျဖစ္တဲ့ အထည္ခ်ဳပ္လုပ္ငန္းတို႔ tourism လုပ္ငန္းတို႔ အဲဒါေတြမွာလည္း ဝင္ေငြ ေလ်ာ့သြားတယ္ဆိုေတာ့ မႏွစ္ကထက္ ေလ်ာ့သြား ႏိုင္တယ္ေပါ့ေနာ္၊ဘာပဲျဖစ္ျဖစ္ ၆ ရာခိုင္ႏႈန္း ပတ္ဝန္းက်င္ေလာက္ တိုးလာႏိုင္စရာ ရွိေသးတယ္ေပါ့၊ SME တို႔ MSME တို႔ စသျဖင့္ စက္မႈလက္မႈ က႑ဆိုရင္ ေတာ္ေတာ္မ်ားမ်ားေလးက ကုန္ထုတ္လုပ္မႈ က်ေနေတာ့ တျပည္လုံးအတိုင္းအတာနဲ႔ ေျပာလို႔ရွိရင္ က်ေတာ့က်မွာပဲ ဒါေပမဲ့ စုစုေပါင္း GDP အေနနဲ႔ ၾကည့္မယ္ဆိုရင္ ၿပီးခဲ့တဲ့ ႏွစ္ေတြထက္ တိုးတက္ႏႈန္းေလ်ာ့မယ္ သို႔ေသာ္ တိုးေတာ့ တိုးတက္ႏိုင္တယ္လို႔ပဲ သတ္မွတ္ ထားပါတယ္။”

ဒါေပမဲ့လည္း ေဒသတြင္း ေရာဂါကူးစက္မႈလႈိင္းအသစ္၊ ကမာၻ႔စီးပြားေရး ထိခုိက္မႈၾကာရွည္လာတာနဲ႔ ျပည္တြင္းဘ႑ာေရးက႑ မေသခ်ာမႈ၊ လက္နက္ကုိင္ပဋိပကၡေတြနဲ႔ လာမယ့္ ႏုိ၀င္ဘာလ ေရြးေကာက္ပဲြေတြ ရွိေနတဲ့ ျမန္မာႏုိင္ငံမွာ စီးပြားေရးအတြက္ အႏၱရာယ္နဲ႔ စိန္ေခၚမႈေတြ ရွိေနဆဲ ျဖစ္တယ္လုိ႔လည္း ကမာၻ႔ဘဏ္က သတိေပးထားပါတယ္။ ဒါေပမဲ့လည္း ျမန္မာႏုိင္ငံမွာ ျပည္ပကရင္းႏွီးျမႇဳပ္ႏွံဖုိ႔ စိတ္ဝင္စားသူေတြ ရွိေနတာေၾကာင့္ စီးပြားေရးမွာ အေထာက္အကူ ျဖစ္ႏုိင္တယ္လုိ႔လည္း ရင္းႏွီးျမႇဳပ္ႏႈံမႈႏွင့္ ႏိုင္ငံျခားစီးပြား ဆက္သြယ္ေရး ဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးေအာင္ႏိုင္ဦးက ဗြီအိုေအကို ေျပာပါတယ္။

“ ဒီေန႔အေျခအေနအရ ေျပာရရင္ က်ေနာ္တို႔ MIC က ခြင့္ျပဳလိုက္တဲ့ ပမာဏက သတ္မွတ္ထားတဲ့ ပမာဏေပါ့ ၅.၈ ဘီလီယံေလာက္ကို ကပ္ေနၿပီေပါ့ေနာ္။ ဒီ MIC ကေန ခြင့္ျပဳလိုက္တဲ့ အေနအထားသည္ မႏွစ္ကထက္စာရင္ ခြင့္ျပဳလိုက္တဲ့ မႏွစ္ကထက္စာရင္ေတာ့ နည္းနည္း ခြင့္ျပဳလိုက္တဲ့ပမာဏ ပိုမ်ားေနတယ္ေပါ့။ ေနာက္ က်ေနာ္တို႔ MIC က တင္ျပၿပီး စိစစ္ဆဲ လုပ္ငန္းေတြလည္း ရွိေနေသးတယ္ေပါ့။ ရင္းႏွီးျမႇဳပ္ႏွံမႈ ရႈေထာင့္က ၾကည့္ရင္ေတာ့ ခြင့္ျပဳႏိုင္တဲ့ အေနအထားက ဆက္ၿပီး အားေကာင္းတဲ့ အေနအထား ရွိတယ္ေပါ့။”

ဒီေန႔အထိ ျမန္မာႏိုင္ငံမွာ စကၤာပူႏိုင္ငံက အမ်ားဆုံးရင္းႏွီးျမႇဳပ္ႏွံထားၿပီး တ႐ုတ္၊ ထိုင္း၊ ေဟာင္ေကာင္၊ အဂၤလန္က အစဥ္အတိုင္း ရွိေနပါတယ္။ အဓိက ရင္းႏွီးထားတဲ့ က႑ေတြထဲမွာ လွ်ပ္စစ္၊ ေရနံနဲ႔ သဘာဝဓာတ္ေငြ က အမ်ားဆုံးျဖစ္ၿပီး အဲဒီေနာက္မွာ ကုန္ထုတ္လုပ္မႈ၊ ပို႔ေဆာင္ဆက္သြယ္ေရးနဲ႔ အိမ္ၿခံေျမလုပ္ငန္းေတြ ျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ ကပ္ေရာဂါကူးစက္မႈေတြ တေက်ာ့ျပန္ ႀကီးထြားလာေနတာေၾကာင့္ ျမန္မာႏုိင္ငံတြင္းက ကုန္ထုတ္လုပ္ငန္းေတြ ေတာ္ေတာ္မ်ားမ်ား ရပ္ဆုိင္းထားရပါတယ္။

ကပ္ေရာဂါေၾကာင့္ “ကန္႔သတ္ထိန္းခ်ဳပ္မႈကေန ျပန္လည္ထူေထာင္ေရးသုိ႔” လုိ႔ အမည္ေပးထားတဲ့ ကမာၻ႔ဘဏ္ရဲ႕ အစီရင္ခံစာမွာေတာ့ အေရွ႕အာရွနဲ႔ ပစိဖိတ္ေဒသမွာ ႏွစ္ေပါင္း ၂၀ အတြင္း ပထမဆုံးအႀကိမ္ ဆင္းရဲႏြမ္းပါးမႈ ျမင့္တက္လာႏုိင္ၿပီး၊ လူဦးေရ ၃၈ သန္းေလာက္ဟာလည္း ဆက္လက္ ဆင္းရဲေနႏုိင္တာ၊ ဒါမွမဟုတ္ ကပ္ေရာဂါေၾကာင့္ ျပန္လည္ဆင္းရဲတဲ့အေျခအေနနဲ႔ ႀကံဳရႏုိင္တယ္လုိ႔လည္း ခန္႔မွန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

လာမယ့်နှစ် မြန်မာ့စီးပွားရေးပြန်ကောင်းနိုင်ဟု ကမ္ဘာ့ဘဏ်ခန့်မှန်း

(Unicode)

ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေးတိုးတက်မှု ကျဆင်းခဲ့တဲ့ မြန်မာနိုင်ငံမှာ ပြည်တွင်း၊ ပြည်ပက အခြေအနေတွေကြောင့် စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က သတိပေးလိုက်တဲ့အပေါ် မြန်မာစီးပွားရေး ပညာရှင်တွေက ဘယ်လိုသုံးသပ်နေကြသလဲဆိုတာ ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပေးပါမယ်။

ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုဟာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ဝ.၅ ရာခိုင်နှုန်း ကျဆင်းခဲ့တဲ့အတွက် မကြာသေးခင်က ရရှိထားတဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ရလဒ်တွေကို ထိခိုက်နေရကြောင်း ဒီကနေ့ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့လည်း စီးပွားရေး တိုးတက်မှုနှုန်းဟာ ရှေ့လာမယ့်နှစ်မှာ ပြန်တိုးနိုင်ခြေရှိတယ်လို့ပြည်ထောင်စုလွှတ်တော် စီးပွားရေးအကြံပေး ဦးဇော်ဖေဝင်းက ဗွီအိုအေကို ပြောပါတယ်။

“ တရားဝင် export လျော့သွားတယ်၊ ကုန်ထုတ်လုပ်မှုက အဓိက ကုန်ထုတ်လုပ်ငန်းဖြစ်တဲ့ အထည်ချုပ်လုပ်ငန်းတို့ tourism လုပ်ငန်းတို့ အဲဒါတွေမှာလည်း ဝင်ငွေ လျော့သွားတယ်ဆိုတော့ မနှစ်ကထက် လျော့သွား နိုင်တယ်ပေါ့နော်၊ဘာပဲဖြစ်ဖြစ် ၆ ရာခိုင်နှုန်း ပတ်ဝန်းကျင်လောက် တိုးလာနိုင်စရာ ရှိသေးတယ်ပေါ့၊ SME တို့ MSME တို့ စသဖြင့် စက်မှုလက်မှု ကဏ္ဍဆိုရင် တော်တော်များများလေးက ကုန်ထုတ်လုပ်မှု ကျနေတော့ တပြည်လုံးအတိုင်းအတာနဲ့ ပြောလို့ရှိရင် ကျတော့ကျမှာပဲ ဒါပေမဲ့ စုစုပေါင်း GDP အနေနဲ့ ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ နှစ်တွေထက် တိုးတက်နှုန်းလျော့မယ် သို့သော် တိုးတော့ တိုးတက်နိုင်တယ်လို့ပဲ သတ်မှတ် ထားပါတယ်။”

ဒါပေမဲ့လည်း ဒေသတွင်း ရောဂါကူးစက်မှုလှိုင်းအသစ်၊ ကမ္ဘာ့စီးပွားရေး ထိခိုက်မှုကြာရှည်လာတာနဲ့ ပြည်တွင်းဘဏ္ဍာရေးကဏ္ဍ မသေချာမှု၊ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲတွေ ရှိနေတဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးအတွက် အန္တရာယ်နဲ့ စိန်ခေါ်မှုတွေ ရှိနေဆဲ ဖြစ်တယ်လို့လည်း ကမ္ဘာ့ဘဏ်က သတိပေးထားပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ ပြည်ပကရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားသူတွေ ရှိနေတာကြောင့် စီးပွားရေးမှာ အထောက်အကူ ဖြစ်နိုင်တယ်လို့လည်း ရင်းနှီးမြှုပ်နှုံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ဗွီအိုအေကို ပြောပါတယ်။

“ ဒီနေ့အခြေအနေအရ ပြောရရင် ကျနော်တို့ MIC က ခွင့်ပြုလိုက်တဲ့ ပမာဏက သတ်မှတ်ထားတဲ့ ပမာဏပေါ့ ၅.၈ ဘီလီယံလောက်ကို ကပ်နေပြီပေါ့နော်။ ဒီ MIC ကနေ ခွင့်ပြုလိုက်တဲ့ အနေအထားသည် မနှစ်ကထက်စာရင် ခွင့်ပြုလိုက်တဲ့ မနှစ်ကထက်စာရင်တော့ နည်းနည်း ခွင့်ပြုလိုက်တဲ့ပမာဏ ပိုများနေတယ်ပေါ့။ နောက် ကျနော်တို့ MIC က တင်ပြပြီး စိစစ်ဆဲ လုပ်ငန်းတွေလည်း ရှိနေသေးတယ်ပေါ့။ ရင်းနှီးမြှုပ်နှံမှု ရှုထောင့်က ကြည့်ရင်တော့ ခွင့်ပြုနိုင်တဲ့ အနေအထားက ဆက်ပြီး အားကောင်းတဲ့ အနေအထား ရှိတယ်ပေါ့။”

ဒီနေ့အထိ မြန်မာနိုင်ငံမှာ စင်္ကာပူနိုင်ငံက အများဆုံးရင်းနှီးမြှုပ်နှံထားပြီး တရုတ်၊ ထိုင်း၊ ဟောင်ကောင်၊ အင်္ဂလန်က အစဉ်အတိုင်း ရှိနေပါတယ်။ အဓိက ရင်းနှီးထားတဲ့ ကဏ္ဍတွေထဲမှာ လျှပ်စစ်၊ ရေနံနဲ့ သဘာဝဓာတ်ငွေ က အများဆုံးဖြစ်ပြီး အဲဒီနောက်မှာ ကုန်ထုတ်လုပ်မှု၊ ပို့ဆောင်ဆက်သွယ်ရေးနဲ့ အိမ်ခြံမြေလုပ်ငန်းတွေ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ကပ်ရောဂါကူးစက်မှုတွေ တကျော့ပြန် ကြီးထွားလာနေတာကြောင့် မြန်မာနိုင်ငံတွင်းက ကုန်ထုတ်လုပ်ငန်းတွေ တော်တော်များများ ရပ်ဆိုင်းထားရပါတယ်။

ကပ်ရောဂါကြောင့် “ကန့်သတ်ထိန်းချုပ်မှုကနေ ပြန်လည်ထူထောင်ရေးသို့” လို့ အမည်ပေးထားတဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာတော့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသမှာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ဆင်းရဲနွမ်းပါးမှု မြင့်တက်လာနိုင်ပြီး၊ လူဦးရေ ၃၈ သန်းလောက်ဟာလည်း ဆက်လက် ဆင်းရဲနေနိုင်တာ၊ ဒါမှမဟုတ် ကပ်ရောဂါကြောင့် ပြန်လည်ဆင်းရဲတဲ့အခြေအနေနဲ့ ကြုံရနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

XS
SM
MD
LG