သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာအတြက္ COVID-19 အေရးေပၚ ရန္ပုံေငြ ေဒၚလာသန္း ၅၀ ကမာၻ႔ဘဏ္ ေပးမည္


ရန္ကုန္ၿမိဳ႕ရွိ လမ္းတခုမွာ ပိုးသတ္ေဆးျဖန္းေနတဲ့ မီးသတ္၀န္ထမ္းမ်ား (ဧၿပီ ၂၀၊ ၂၀၂၀)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ COVID-19 ကပ္ေရာဂါ အေရးေပၚ တံု႔ျပန္ေရးအတြက္ အေမရိကန္ေဒၚလာ သန္း ၅၀ ကို ကမာၻ႔ဘဏ္က ေခ်းဖုိ႔ အတည္ျပဳလိုက္ပါတယ္။

ေဆး႐ံုေတြမွာ COVID-19 လူနာေတြ ကုသေပးႏိုင္ေရး အျမန္ဆံုးျပင္ဆင္ေဆာင္႐ြက္ဖုိ႔ က်န္းမာေရးဝန္ထမ္းေတြကို အကာအကြယ္ေပးဖုိ႔နဲ႔ လူနာေတြ ေရာဂါအျပင္းအထန္ခံစားရတာကေနသက္သာေစဖုိ႔နဲ႔ ေသဆံုးမႈ ေလ်ာ့နည္းေစဖုိ႔ ဒီေငြေတြက အေထာက္အကူျဖစ္မယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာ ကမာၻ႔ဘဏ္တာဝန္႐ွိသူ Mariam Sherman က ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

အေရးေပၚတံု႔ျပန္ေဆာင္႐ြက္တဲ့ေနရာမွာ COVID-19 လူနာေတြ ကုသေပးေနတဲ့ သတ္မွတ္ေဆး႐ံုေတြက အထူးၾကပ္မတ္ကုသေဆာင္ေတြကို အဆင့္ျမွင့္ေရး၊ က်န္းမာေရးတာဝန္႐ွိသူေတြ တာဝန္႐ွိသူေတြရဲ႕ စြမ္းေဆာင္ရည္ ျမွင့္တင္ေရးန႔ဲ တႏိုင္ငံလံုး လူမႈအသိုင္းအဝိုင္းေတြၾကား အသိပညာေပးေရးလုပ္ငန္းေတြ တိုးျမင့္ေဆာင္႐ြက္သြားေရးကို အဓိကအာ႐ံုစိုက္လုပ္ဖုိ႔ ျဖစ္တယ္လို႔ ေၾကညာခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

သတင္းဓာတ္ပံု - Ministry of Health and Sports, Myanmar
သတင္းဓာတ္ပံု - Ministry of Health and Sports, Myanmar

ဒီေန႔ ဧၿပီလ ၂၀ ရက္ေန႔ ည ၁၁ နာရီမွာ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရCOVID-19 ေရာဂါအတြက္ ပထမအသုတ္နဲ႔ ဒုတိယအသုတ္ ဓာတ္ခြဲစစ္ေဆးမႈကေန ေနာက္ထပ္ ၈ ေယာက္မွာ ပုိးကူးစက္တာေတ႔ြခဲ့ပါတယ္။ ဒါေၾကာင့္ စုစုေပါင္း ကူးစက္သူ ၁၁၉ ေယာက္ ေသဆံုးသူ ၅ ေယာက္နဲ႔ ေရာဂါပိုးကင္းလို႔ ေဆး႐ံုကဆင္းသြားသူ ၆ ေယာက္႐ွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာအတွက် COVID-19 အရေးပေါ် ရန်ပုံငွေ ဒေါ်လာသန်း ၅၀ ကမ္ဘာ့ဘဏ် ပေးမည်

မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါ အရေးပေါ် တုံ့ပြန်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀ ကို ကမ္ဘာ့ဘဏ်က ချေးဖို့ အတည်ပြုလိုက်ပါတယ်။

ဆေးရုံတွေမှာ COVID-19 လူနာတွေ ကုသပေးနိုင်ရေး အမြန်ဆုံးပြင်ဆင်ဆောင်ရွက်ဖို့ ကျန်းမာရေးဝန်ထမ်းတွေကို အကာအကွယ်ပေးဖို့နဲ့ လူနာတွေ ရောဂါအပြင်းအထန်ခံစားရတာကနေသက်သာစေဖို့နဲ့ သေဆုံးမှု လျော့နည်းစေဖို့ ဒီငွေတွေက အထောက်အကူဖြစ်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်တာဝန်ရှိသူ Mariam Sherman က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ရန္ကုန္ၿမိဳ႕ရွိ လမ္းတခုမွာ ပိုးသတ္ေဆးျဖန္းေနတဲ့ မီးသတ္၀န္ထမ္းမ်ား (ဧၿပီ ၂၀၊ ၂၀၂၀)
ရန္ကုန္ၿမိဳ႕ရွိ လမ္းတခုမွာ ပိုးသတ္ေဆးျဖန္းေနတဲ့ မီးသတ္၀န္ထမ္းမ်ား (ဧၿပီ ၂၀၊ ၂၀၂၀)

အရေးပေါ်တုံ့ပြန်ဆောင်ရွက်တဲ့နေရာမှာ COVID-19 လူနာတွေ ကုသပေးနေတဲ့ သတ်မှတ်ဆေးရုံတွေက အထူးကြပ်မတ်ကုသဆောင်တွေကို အဆင့်မြှင့်ရေး၊ ကျန်းမာရေးတာဝန်ရှိသူတွေ တာဝန်ရှိသူတွေရဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေးနဲ့ တနိုင်ငံလုံး လူမှုအသိုင်းအဝိုင်းတွေကြား အသိပညာပေးရေးလုပ်ငန်းတွေ တိုးမြင့်ဆောင်ရွက်သွားရေးကို အဓိကအာရုံစိုက်လုပ်ဖို့ ဖြစ်တယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒီနေ့ ဧပြီလ ၂၀ ရက်နေ့ ည ၁၁ နာရီမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ COVID-19 ရောဂါအတွက် ပထမအသုတ်နဲ့ ဒုတိယအသုတ် ဓာတ်ခွဲစစ်ဆေးမှုကနေ နောက်ထပ် ၈ ယောက်မှာ ပိုးကူးစက်တာတေ့ွခဲ့ပါတယ်။ ဒါကြောင့် စုစုပေါင်း ကူးစက်သူ ၁၁၉ ယောက် သေဆုံးသူ ၅ ယောက်နဲ့ ရောဂါပိုးကင်းလို့ ဆေးရုံကဆင်းသွားသူ ၆ ယောက်ရှိပါတယ်။

XS
SM
MD
LG