(Zawgyi / Unicode)
ဧၿပီ ၁၉ တနဂၤေႏြည ၁၁ နာရီခြဲအခ်ိန္ထိ သတင္းထုတ္ျပန္ခ်က္အရ အခုဆိုရင္ ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါ ကူးစက္ခံရသူေပါင္း ၁၁၁ ဦး ရွိသြားၿပီလို႔ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက သတင္းထုတ္ျပန္ပါတယ္။
အမ်ဳိးသားက်န္းမာေရးဓာတ္ခြဲဌာန (ရန္ကုန္) ရဲ႕ ဧၿပီ ၁၉ ဒုတိယအသုတ္ ဓာတ္ခြဲနမူနာ ၁၈၁ ဦးအနက္ ေနာက္ထပ္ ၃ ဦးဆီမွာ COVID ေရာဂါပုိး ေတြ႔ရွိ အတည္ျပဳႏုိင္တာေၾကာင့္ လက္ရွိအခ်ိန္ထိ ကူးစက္လူနာေပါင္း ၁၁၁ ဦး ျဖစ္သြားတာပါ။ က်န္တဲ့ ဓာတ္ခြဲလူနာ ၁၇၈ ေယာက္ဆီမွာေတာ့ ေရာဂါပိုး မေတြ႔ရဘူးလို႔ က်န္းမာေရးဌာနက ေျပာပါတယ္။
လူနာနံပါတ္ ၁၀၉ က သဃၤန္းကၽြန္းၿမဳိ႕နယ္မွာေနတဲ့ အသက္ ၃၇ ႏွစ္အရြယ္ အမ်ဳိးသားျဖစ္ၿပီး လူနာနံပါတ္ ၁၁၁ ကေတာ့ လႈိင္သာယာက အသက္ ၅၄ ႏွစ္အရြယ္ အမ်ဳိးသမီး ျဖစ္ပါတယ္။ သူတို႔ ၂ ဦးစလုံး ခရီးသြားထားတဲ့ မွတ္တမ္းမရွိသလို ကိုဗစ္လူနာ တဦးဦးနဲ႔ ထိေတြ႔ခဲ့ျခင္းလည္း မရွိပါဘူး။ ဗိုလ္တေထာင္ၿမဳိ႕နယ္က အသက္ ၆၃ ႏွစ္အရြယ္ လူနာနံပါတ္ ၁၁၀ ကသာ ပုိးရွိတဲ့လူနာနဲ႔ ေတြ႔ဆုံခဲ့တာပါ။
က်န္းမာေရးဌာနရဲ႕ တနဂၤေႏြည အေစာပုိင္း သတင္းထုတ္ျပန္ခ်က္အရပါဆိုရင္ ဧၿပီ ၁၉ တရက္တည္းမွာတင္ ကို႐ုိနာဗိုင္းရပ္စ္ပိုး ေတြ႔ရွိသူ စုစုေပါင္း ၄ ဦး ရွိပါတယ္။ ဒီ ၄ ဦးစလုံးကို ေတာင္ဥကၠလာပ အထူးကုေဆး႐ုံကို ပို႔ေဆာင္ ကုသသြားမယ္လို႔လည္း သတင္းထုတ္ျပန္ထားပါတယ္။
အခုခ်ိန္ထိ ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါေၾကာင့္ ေသဆုံးသူ ၅ ေယာက္ရွိေၾကာင္းလည္း က်န္းမာေရး၀န္ႀကီးဌာနက အတည္ျပဳထားပါတယ္။
ျမန္မာႏိုင္ငံမွာ အခုလို ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္မႈေတြ ဆက္ျဖစ္ေနတာေၾကာင့္ ဧၿပီ ၂၀ တနလၤာေန႔ကစၿပီး လုပ္ငန္းခြင္ ျပန္ဝင္ရမယ့္သူေတြ စုိးရိမ္ေနၾကပါတယ္။ အမ်ားသုံး YBS ဘတ္စ္ကားေတြစီးၿပီး အလုပ္တက္ရမယ့္ သူေတြကေတာ့ ဒီကားေတြမွာ လက္ေဆးဂ်ယ္လီေတြ ထားေပးဖို႔နဲ႔ ကားကို ပုိးသတ္ သန္႔စင္ၿပီးမွ ေျပးဆြဲဖို႔ကို လူမႈကြန္ရက္ မီဒီယာေတြမွာ ေတာင္းဆုိေနၾကပါတယ္။
ဒီအေတာတြင္း စက္႐ုံ၊ အလုပ္႐ုံေတြဟာ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနရဲ႕ အႀကံျပဳ သတ္မွတ္ခ်က္အတုိင္း လိုက္နာေဆာင္ရြက္ၿပီးမွ လုပ္ငန္းလည္ပတ္ခြင့္ ျပဳမယ္လို႔ အလုပ္သမားနဲ႔ လူ၀င္မႈႀကီးၾကပ္ေရးဌာနက ဧၿပီ ၁၉ ရက္ ေန႔စဲြနဲ႔ ေၾကညာခ်က္ ထုတ္ျပန္ထားၿပီး တကယ္လိုက္နာမႈ ရွိမရွိ ဧၿပီလ ၂၀ ကေန ၃၀ အတြင္း စစ္ေဆးသြားမွာ ျဖစ္ပါတယ္။
------------------------------------
(Unicode)
မြန်မာ COVID -19 အတည်ပြုလူနာ ထပ်တိုး
ဧပြီ ၁၉ တနင်္ဂနွေည ၁၁ နာရီခွဲအချိန်ထိ သတင်းထုတ်ပြန်ချက်အရ အခုဆိုရင် မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံရသူပေါင်း ၁၁၁ ဦး ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာန (ရန်ကုန်) ရဲ့ ဧပြီ ၁၉ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၁၈၁ ဦးအနက် နောက်ထပ် ၃ ဦးဆီမှာ COVID ရောဂါပိုး တွေ့ရှိ အတည်ပြုနိုင်တာကြောင့် လက်ရှိအချိန်ထိ ကူးစက်လူနာပေါင်း ၁၁၁ ဦး ဖြစ်သွားတာပါ။ ကျန်တဲ့ ဓာတ်ခွဲလူနာ ၁၇၈ ယောက်ဆီမှာတော့ ရောဂါပိုး မတွေ့ရဘူးလို့ ကျန်းမာရေးဌာနက ပြောပါတယ်။
လူနာနံပါတ် ၁၀၉ က သင်္ဃန်းကျွန်းမြို့နယ်မှာနေတဲ့ အသက် ၃၇ နှစ်အရွယ် အမျိုးသားဖြစ်ပြီး လူနာနံပါတ် ၁၁၁ ကတော့ လှိုင်သာယာက အသက် ၅၄ နှစ်အရွယ် အမျိုးသမီး ဖြစ်ပါတယ်။ သူတို့ ၂ ဦးစလုံး ခရီးသွားထားတဲ့ မှတ်တမ်းမရှိသလို ကိုဗစ်လူနာ တဦးဦးနဲ့ ထိတွေ့ခဲ့ခြင်းလည်း မရှိပါဘူး။ဗိုလ်တထောင်မြို့နယ်က အသက် ၆၃ နှစ်အရွယ် လူနာနံပါတ် ၁၁၀ ကသာ ပိုးရှိတဲ့လူနာနဲ့ တွေ့ဆုံခဲ့တာပါ။
ကျန်းမာရေးဌာနရဲ့ တနင်္ဂနွေည အစောပိုင်း သတင်းထုတ်ပြန်ချက်အရပါဆိုရင် ဧပြီ ၁၉ တရက်တည်းမှာတင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ စုစုပေါင်း ၄ ဦး ရှိပါတယ်။ ဒီ ၄ ဦးစလုံးကို တောင်ဥက္ကလာပ အထူးကုဆေးရုံကို ပို့ဆောင် ကုသသွားမယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။
အခုချိန်ထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ၅ ယောက်ရှိကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုထားပါတယ်။
မြန်မာနိုင်ငံမှာ အခုလို ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ဆက်ဖြစ်နေတာကြောင့် ဧပြီ ၂၀ တနင်္လာနေ့ကစပြီး လုပ်ငန်းခွင် ပြန်ဝင်ရမယ့်သူတွေ စိုးရိမ်နေကြပါတယ်။ အများသုံး YBS ဘတ်စ်ကားတွေစီးပြီး အလုပ်တက်ရမယ့် သူတွေကတော့ ဒီကားတွေမှာ လက်ဆေးဂျယ်လီတွေ ထားပေးဖို့နဲ့ ကားကို ပိုးသတ် သန့်စင်ပြီးမှပြေးဆွဲဖို့ကို လူမှုကွန်ရက် မီဒီယာတွေမှာ တောင်းဆိုနေကြပါတယ်။
ဒီအတောတွင်း စက်ရုံ၊ အလုပ်ရုံတွေဟာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ အကြံပြု သတ်မှတ်ချက်အတိုင်း လိုက်နာဆောင်ရွက်ပြီးမှ လုပ်ငန်းလည်ပတ်ခွင့် ပြုမယ်လို့ အလုပ်သမားနဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက ဧပြီ ၁၉ ရက် နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ထားပြီး တကယ်လိုက်နာမှု ရှိမရှိ ဧပြီလ ၂၀ ကနေ ၃၀ အတွင်း စစ်ဆေးသွားမှာ ဖြစ်ပါတယ်။