(Zawgyi / Unicode)
ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါ ကူးစက္ထားသူ ေနာက္ထပ္ ၄ ဦး ထပ္တိုးလာတာေၾကာင့္ စုစုေပါင္း ကူးစက္သူ ၉၈ ဦး ရွိသြားၿပီျဖစ္ပါတယ္။
က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၉ နာရီ ထုတ္ျပန္ခ်က္အရ ေရာဂါပိုးေတြ႔ရွိသူ ေနာက္ထပ္ ၄ ဦးထဲမွာ ရန္ကုန္တိုင္း၊ ပန္းဘဲတန္းၿမိဳ႕နယ္က ၁ ႏွစ္ခြဲအရြယ္ ကေလးငယ္ေလးတစ္ဦးလည္း ပါဝင္ပါတယ္။
အခုခ်ိန္ထိဆုိရင္ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ထားသူေတြထဲက ေသဆံုးသူ ၅ ဦး ရွိၿပီျဖစ္ၿပီး ေနာက္ထပ္ ဓာတ္ခြဲစစ္ေဆးတာေတြအရ ေရာဂါပိုးကင္းရွင္းသြားသူက ၅ ဦးရွိၿပီျဖစ္တဲ့အေၾကာင္းလည္း ဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ဒီအေတာအတြင္းမွာပဲ COVID-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ တားဆီးေရးအတြက္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းမွာ ဧၿပီလ ၁၈ ရက္ေန႔ကစၿပီး ည ၁၀ နာရီကေန မနက္ ၄ နာရီအတြင္း ညမထြက္ရအမိန္႔ ထုတ္ျပန္ဖို႔ ၿမိဳ႕နယ္အသီးသီးကို ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႔က အေၾကာင္းၾကားတဲ့ စာတေစာင္ ဆိုရွယ္မီဒီယာေပၚမွာ ပ်ံ႕ေနပါတယ္။
အဲဒီစာကို ၫႊန္ၾကားေရးမွဴး ဦးမိုးဟိန္းက တိုင္းအစိုးရအဖြဲ႔ ဝန္ႀကီးခ်ဳပ္ကိုယ္စား လက္္မွတ္ထိုးထားၿပီး ဧၿပီလ ၁၇ ရက္ေန႔စြဲ တပ္ထားပါတယ္။
ဗီြအိုေအက ေနာက္ဆံုး စံုစမ္းထားသေလာက္ကေတာ့ တခ်ဳိ႕ၿမိဳ႕နယ္ေတြမွာ တာဝန္ရွိသူေတြက အသံခ်ဲ႕စက္နဲ႔ လိုက္ေအာ္ၿပီးေတာ့ ဒီကေန႔ ဧၿပီလ ၁၈ ရက္ ည ၁၀ နာရီကစၿပီး ညမထြက္ရအမိန္႔ ထုတ္ျပန္တဲ့အေၾကာင္း အသိေပးထားေပမယ့္ အဲဒီလို အသိမေပးေသးတဲ့ ၿမိဳ႕နယ္ေတြလည္း ရွိေနပါေသးတယ္။
ဒါ့အျပင္ မႏၱေလး၊ စစ္ကိုင္းနဲ႔ ဧရာ၀တီတုိင္းေဒသႀကီးေတြမွာလည္း ညမထြက္ရအမိန္႔ေတြ ထုတ္ျပန္ထားပါတယ္။
တခ်ိန္တည္းမွာပဲ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြကို ထိထိေရာက္ေရာက္ ထိန္းခ်ဳပ္ႏုိင္ဖို႔အတြက္ ရန္ကုန္တုိင္းအတြင္းက ၿမိဳ႕နယ္ ၇ ၿမိဳ႕နယ္မွာလည္း ျပည္သူေတြကို အျပင္မထြက္ဘဲ အိမ္ထဲမွာပဲ ေနၾကဖို႔ ဒီကေန႔ အမိန္႔ထုတ္လုိက္ပါတယ္။
အဲဒီၿမိဳ႕နယ္ ၇ ခုကေတာ့ ေတာင္ဥကၠလာ၊ ပန္းဘဲတန္း၊ ဗဟန္း၊ မရမ္းကုန္း၊ အင္းစိန္၊ ေရႊျပည္သာနဲ႔ လႈိင္သာယာၿမိဳ႕နယ္ေတြ ျဖစ္တယ္လို႔ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
အဲဒီေၾကညာခ်က္ထဲမွာေတာ့ အစိုးရဌာနေတြ၊ ကုမၸဏီေတြနဲ႔ စက္႐ုံအလုပ္႐ုံေတြမွာ အလုပ္သြားလုပ္တဲ့သူေတြ၊ တအိမ္တေယာက္ ေစ်း၀ယ္ထြက္သူေတြ၊ ေဆးခန္းသြားဖို႔ လိုအပ္တဲ့သူေတြကို အျပင္ထြက္ဖို႔ ခြင့္ျပဳထားၿပီး အျပင္ထြက္တဲ့အခါမွာလည္း ႏွာေခါင္းစည္း မ်က္ႏွာဖုံး တပ္ရမယ္လို႔ ေျပာထားပါတယ္။
-------------------------------------
(Unicode)
မြန်မာ COVID-19 ကူးစက်သူ ၉၆ ဦးရှိပြီ၊ ဒေသတချို့ ညမထွက်ရ အမိန့်ထုတ်
မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ထားသူ နောက်ထပ် ၄ ဦး ထပ်တိုးလာတာကြောင့် စုစုပေါင်း ကူးစက်သူ ၉၈ ဦး ရှိသွားပြီဖြစ်ပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၉ နာရီ ထုတ်ပြန်ချက်အရ ရောဂါပိုးတွေ့ရှိသူ နောက် ထပ် ၄ ဦးထဲမှာ ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ်က ၁ နှစ်ခွဲအရွယ် ကလေးငယ်လေးတစ်ဦးလည်း ပါဝင်ပါတယ်။
အခုချိန်ထိဆိုရင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ထားသူတွေထဲက သေဆုံးသူ ၅ ဦး ရှိပြီဖြစ်ပြီး နောက်ထပ် ဓာတ်ခွဲစစ်ဆေးတာတွေအရ ရောဂါပိုးကင်းရှင်းသွားသူက ၅ ဦးရှိပြီဖြစ်တဲ့အကြောင်းလည်း ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ထားသူ နောက်ထပ် ၄ ဦး ထပ်တိုးလာတာကြောင့် စုစုပေါင်း ကူးစက်သူ ၉၈ ဦး ရှိသွားပြီဖြစ်ပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၉ နာရီ ထုတ်ပြန်ချက်အရ ရောဂါပိုးတွေ့ရှိသူ နောက် ထပ် ၄ ဦးထဲမှာ ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ်က ၁ နှစ်ခွဲအရွယ် ကလေးငယ်လေးတစ်ဦးလည်း ပါဝင်ပါတယ်။
ဗွီအိုအေက နောက်ဆုံး စုံစမ်းထားသလောက်ကတော့ တချို့မြို့နယ်တွေမှာ တာဝန်ရှိသူတွေက အသံချဲ့စက်နဲ့ လိုက်အော်ပြီးတော့ ဒီကနေ့ ဧပြီလ ၁၈ ရက် ည ၁၀ နာရီကစပြီး ညမထွက်ရအမိန့် ထုတ်ပြန်တဲ့အကြောင်း အသိပေးထားပေမယ့် အဲဒီလို အသိမပေးသေးတဲ့ မြို့နယ်တွေလည်း ရှိနေပါသေးတယ်။
ဒါ့အပြင် မန္တလေး၊ စစ်ကိုင်းနဲ့ ဧရာဝတီတိုင်းဒေသကြီးတွေမှာလည်း ညမထွက်ရအမိန့်တွေ ထုတ်ပြန်ထားပါတယ်။
တချိန်တည်းမှာပဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ဖို့အတွက် ရန်ကုန်တိုင်းအတွင်းက မြို့နယ် ၇ မြို့နယ်မှာလည်း ပြည်သူတွေကို အပြင်မထွက်ဘဲ အိမ်ထဲမှာပဲ နေကြဖို့ ဒီကနေ့ အမိန့်ထုတ်လိုက်ပါတယ်။
အဲဒီမြို့နယ် ၇ ခုကတော့ တောင်ဥက္ကလာ၊ ပန်းဘဲတန်း၊ ဗဟန်း၊ မရမ်းကုန်း၊ အင်းစိန်၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေ ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီကြေညာချက်ထဲမှာတော့ အစိုးရဌာနတွေ၊ ကုမ္ပဏီတွေနဲ့ စက်ရုံအလုပ်ရုံတွေမှာ အလုပ်သွားလုပ်တဲ့သူတွေ၊ တအိမ်တယောက် ဈေးဝယ်ထွက်သူတွေ၊ ဆေးခန်းသွားဖို့ လိုအပ်တဲ့သူတွေကို အပြင်ထွက်ဖို့ ခွင့်ပြုထားပြီး အပြင်ထွက်တဲ့အခါမှာလည်း နှာခေါင်းစည်း မျက်နှာဖုံး တပ်ရမယ်လို့ ပြောထားပါတယ်။