သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 လူနာေဟာင္းေတြကေသြးနဲ႔ ကုသလုိ႔ ရႏုိင္မလား


(Zawgyi/Unicode)

အေမရိကန္ျပည္ေထာင္စုက COVID-19 ေရာဂါကူးစက္မႈ ဗဟိုအခ်က္အခ်ာျဖစ္တဲ့ နယူးေရာက္ျပည္နယ္မွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရၿပီး ျပန္ေကာင္းလာသူေတြရဲ႕ ခႏၶာကိုယ္ထဲက ဗိုင္းရပ္စ္ကို ျပန္ၿပီးတိုက္ႏိုင္တဲ့ Antibody ပဋိဇီ၀ပစၥည္းေတြ ကို ေသြးကေနထုတ္ယူၿပီး အျခားလူနာေတြကို ျပန္ကုသေပးတဲ့ နည္းကို စတင္စမ္းသပ္ အသံုးျပဳရာမွာ ထိေရာက္မႈေတြရွိေနေၾကာင္း နယူးေရာက္က အေထြေထြေရာဂါအထူးကု သမားေတာ္ ေဒါက္တာျမင့္လြင္ (ေခၚ) Linus Yoe က ဗီြအိုေအကို ေျပာပါတယ္။ မအင္ၾကင္းနိုင္က ဆက္လက္တင္ျပမွာပါ။

ေဒါက္တာျမင့္လြင္ ကိုယ္တိုင္လည္း နယူးေရာက္ ၿမိဳ႕ Brooklyn Hospital Center မွာ ကိုဗစ္လူနာေတြကို ၾကပ္မတ္ကုသေပးေနသူျဖစ္ပါတယ္။

ဗိုင္းရပ္စ္ကူးစက္ခံရၿပီး ျပန္ေကာင္းလာတဲ့ လူေတြထဲက ေသြးကို ယူၿပီး ျပန္ကုေပးတဲ့နည္းလမ္းကို နယူးေရာက္ျပည္နယ္အစိုးရ သံုးခြင့္ ေပးလိုက္ၿပီ ျဖစ္တဲ့အတြက္ စတင္ အသံုးျပဳရာမွာ ေရာဂါျပင္းထန္ သူေတြ ျပန္ၿပီးသက္သာလာေရးမွာ အေထာက္အကူေပးတာေတြ႕ရေၾကာင္း ေဒါက္တာျမင့္လြင္က အခုလိုရွင္းျပပါတယ္။

"အခုေနာက္ပိုင္း ေရာဂါ ဆိုးရြားတဲ့သူေတြကို သူတို႔ ေရာဂါျဖစ္ၿပီးသြားၿပီးေတာ့ သူတို႔ခႏၶာကိုယ္ထဲမွာ Antibody ထြက္ၿပီးေတာ့ အဲဒီလူနာေတြဆီက Plasma ျပန္ယူၿပီးေတာ့ လူနာေတြဆီ ျပန္သြင္း တာေပါ့။ က်ေနာ္တို႔ နယူးေရာက္က ေဆးရံုအႀကီးေတြမွာ စၿပီး ကုသေပးေနၿပီ။ အေျဖကလည္း အလြန္ေကာင္းပါတယ္။

ေမး။။ ဒါေပမယ့္ ျပန္ေကာင္းလာသူေတြထဲမွာလည္း လူအမ်ဳိးမ်ဳိးရွိေတာ့ သူတို႔ ခႏၶာကုိယ္ထဲက ထုတ္တဲ့ Antibody နည္းလမ္းက လက္ေတြ႕အသံုးျပဳတဲ့ေနရာမွာ ရွဳပ္ေထြးမႈေတြရွိေနတယ္ ဆိုတဲ့အပိုင္းကို ရွင္းျပေပးလို႔ရမလား။

ေျဖ။။ သူက ဒီ Plasma နဲ႔ ကုသတဲ့နည္းက နဂိုကတည္းကိုက အရမ္းဆိုးတဲ့လူနာေတြကို ကုတာဆိုေတာ့ သိပ္ၿပီး မကယ္တာလည္း ျဖစ္ႏိုင္တယ္။ ဒါေပမယ့္ ဒီလိုမ်ဳိး ကုထံုး မရတဲ့သူေတြနဲ႔ ယွဥ္လိုက္မယ္ဆိုရင္ေတာ့ Antibody နဲ႕ ကုသခံရသူေတြမွာ ျပန္ၿပီးေကာင္းလာတဲ့ အေနအထားက အမ်ားႀကီး ပိုေကာင္းတာ ေတြ႕ရပါတယ္။ အဲေတာ့ ေရာဂါျဖစ္ၿပီးသြားသူေတြရဲ႕ ခႏၶာကိုယ္ထဲက ဗိုင္းရပ္စ္ကို တိုက္တဲ့ Antibody ပဋိဇီ၀ပစၥည္း ထုတ္တယ္။ အဲဒါကို ေသြးထဲကေန ျပန္ထုတ္ၿပီး အဲဒီအတိုင္း ေပးလို႕မရေတာ့ Antibody ရွိေနတဲ့ Plasma ကို ဖ်ားနာေနတဲ့ လူနာေတြကို ေပးလိုက္တဲ့ အခါက်ေတာ့ သူ႕ခႏၶာကိုယ္ထဲက ထြက္ၿပီး Antibody တိုက္ရမယ့္အစား အျခားလူဆီက Antibody ကိုယူၿပီး တိုက္ေပးတဲ့သေဘာပါ။ အဲလိုတိုက္လိုက္တဲ့အခါက်ေတာ့ အထဲမွာရွိတဲ့ Virus ပိုးေတြ တခ်ိဳဟာေတြ ေသသြားမယ္ေပါ့။ တခ်ိဳ႕က်ေတာ့ သူဟာနဲ႔သူ body ကေန ထပ္ၿပီးေတာ့ ထပ္တိုက္ေပးရတာေပါ့။

ေမး။။ အဲဒီနည္းလမ္းက ေဘးထြက္ဆိုက်ဳိး အႏၱရာယ္ေရာရွိလားရွင့္။

ေျဖ။။ ဒါကေတာ့ လူေတြ ေသြးသြင္းကုသ သလိုမ်ဳိးပါ။ အဲဒီအတိုင္းပါပဲ။ Universal precautions ဆိုေတာ့ ေသြးအုပ္စုေတြ စစ္ရတယ္။ ျပန္ေကာင္းလာတဲ့ လူနာေတြကေန Plasma ထုတ္တဲ့အခါမွာ ေရာဂါပိုးရွိမရွိ HIV ၊ Hepatitis B ၊ C ရွိမရွိ၊ ေနာက္ အျခားကူးစက္ေရာဂါပိုး ရွိမရွိ စတာေတြကိုေတာ့ စစ္ရပါတယ္။ ေနာက္ Screening criteria က်န္းမာေရး စစ္ေဆးဖို႔ သတ္မွတ္ခ်က္ေတြလည္း ရွိပါတယ္။ အဲေတာ့ လူေတြကို ပံုမွန္ေသြးသြင္း ကုသတဲ့ ပံုနဲ႕ သိပ္မကြာပါဘူး။ ေသြးသြင္းကုသတဲ့ေနရာမွာ သတိထားရမယ့္ အပိုင္းေတြပဲရွိေတာ့ ဒီနည္းလမ္းနဲ႔ ကုတဲ့ေနရာမွာ သိပ္ၿပီး risk မ်ားတာမ်ဳိးေတာ့ သိပ္မေတြ႕ရပါဘူး။

ကိုဗစ္ေရာဂါ အေျခအေနမဆိုးတဲ့သူေတြကိုေတာ့ Hydroxychloroquine နဲ႔ Zinc ေဆး၀ါးေတြနဲ႔ တဲြဖက္ ကုသေပးေနေၾကာင္း ေဒါက္တာျမင့္လြင္ကေျပာပါတယ္။

လက္ရွိအေမရိကန္ျပည္ေထာင္စုမွာ ကိုဗစ္ ေရာဂါ ကေန သက္သာၿပီး ျပန္ေကာင္းလာသူေတြအေနနဲ႕ ဗိုင္းရပ္စ္ကို ခံႏိုင္ရည္ရွိေနတဲ့ စြမ္းအား ဘယ္အဆင့္ထိရွိေနလဲ ဆိုတာကို သိဖို႔ႀကိဳးစားေနပါတယ္။ ဒီအခ်က္ဟာ ပံုမွန္ လုပ္ငန္းေတြ လည္ပတ္သင့္မသင့္ ဆံုးျဖတ္ခ်က္ ခ်မယ့္အပိုင္းအတြက္ အေရးပါတယ္လို႔ အေမရိကန္ က်န္းမာေရး ထိပ္တန္းပညာရွင္ေတြက ေျပာပါတယ္။

လာမယ့္ အနာဂတ္ လူေတြ အလုပ္ ပံုမွန္ျပန္လုပ္ခြင့္ရဖို႔ဆိုရင္ ကိုယ္ခံစြမ္းအားဆိုင္ရာ က်န္းမာေရး ေထာက္ခံခ်က္ျပဖို႔ လိုအပ္လာလိမ့္မယ္လို႔ ကူးစက္ေရာဂါ ထိပ္တန္းကြ်မ္းက်င္သူ Anthony Fauci က အႀကံျပဳထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

COVID-19 လူနာဟောင်းတွေကသွေးနဲ့ ကုသလို့ ရနိုင်မလား

(Unicode)

အမေရိကန်ပြည်ထောင်စုက COVID-19 ရောဂါကူးစက်မှု ဗဟိုအချက်အချာဖြစ်တဲ့ နယူးရောက်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး ပြန်ကောင်းလာသူတွေရဲ့ ခန္ဓာကိုယ်ထဲက ဗိုင်းရပ်စ်ကို ပြန်ပြီးတိုက်နိုင်တဲ့ Antibody ပဋိဇီဝပစ္စည်းတွေ ကို သွေးကနေထုတ်ယူပြီး အခြားလူနာတွေကို ပြန်ကုသပေးတဲ့ နည်းကို စတင်စမ်းသပ် အသုံးပြုရာမှာ ထိရောက်မှုတွေရှိနေကြောင်း နယူးရောက်က အထွေထွေရောဂါအထူးကု သမားတော် ဒေါက်တာမြင့်လွင် (ခေါ်) Linus Yoe က ဗွီအိုအေကို ပြောပါတယ်။ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

ဒေါက်တာမြင့်လွင် ကိုယ်တိုင်လည်း နယူးရောက် မြို့ Brooklyn Hospital Center မှာ ကိုဗစ်လူနာတွေကို ကြပ်မတ်ကုသပေးနေသူဖြစ်ပါတယ်။

ဗိုင်းရပ်စ်ကူးစက်ခံရပြီး ပြန်ကောင်းလာတဲ့ လူတွေထဲက သွေးကို ယူပြီး ပြန်ကုပေးတဲ့နည်းလမ်းကို နယူးရောက်ပြည်နယ်အစိုးရ သုံးခွင့် ပေးလိုက်ပြီ ဖြစ်တဲ့အတွက် စတင် အသုံးပြုရာမှာ ရောဂါပြင်းထန် သူတွေ ပြန်ပြီးသက်သာလာရေးမှာ အထောက်အကူပေးတာတွေ့ရကြောင်း ဒေါက်တာမြင့်လွင်က အခုလိုရှင်းပြပါတယ်။

"အခုနောက်ပိုင်း ရောဂါ ဆိုးရွားတဲ့သူတွေကို သူတို့ ရောဂါဖြစ်ပြီးသွားပြီးတော့ သူတို့ခန္ဓာကိုယ်ထဲမှာ Antibody ထွက်ပြီးတော့ အဲဒီလူနာတွေဆီက Plasma ပြန်ယူပြီးတော့ လူနာတွေဆီ ပြန်သွင်း တာပေါ့။ ကျနော်တို့ နယူးရောက်က ဆေးရုံအကြီးတွေမှာ စပြီး ကုသပေးနေပြီ။ အဖြေကလည်း အလွန်ကောင်းပါတယ်။

မေး။။ ဒါပေမယ့် ပြန်ကောင်းလာသူတွေထဲမှာလည်း လူအမျိုးမျိုးရှိတော့ သူတို့ ခန္ဓာကိုယ်ထဲက ထုတ်တဲ့ Antibody နည်းလမ်းက လက်တွေ့အသုံးပြုတဲ့နေရာမှာ ရှုပ်ထွေးမှုတွေရှိနေတယ် ဆိုတဲ့အပိုင်းကို ရှင်းပြပေးလို့ရမလား။

ဖြေ။။ သူက ဒီ Plasma နဲ့ ကုသတဲ့နည်းက နဂိုကတည်းကိုက အရမ်းဆိုးတဲ့လူနာတွေကို ကုတာဆိုတော့ သိပ်ပြီး မကယ်တာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ဒီလိုမျိုး ကုထုံး မရတဲ့သူတွေနဲ့ ယှဉ်လိုက်မယ်ဆိုရင်တော့ Antibody နဲ့ ကုသခံရသူတွေမှာ ပြန်ပြီးကောင်းလာတဲ့ အနေအထားက အများကြီး ပိုကောင်းတာ တွေ့ရပါတယ်။ အဲတော့ ရောဂါဖြစ်ပြီးသွားသူတွေရဲ့ ခန္ဓာကိုယ်ထဲက ဗိုင်းရပ်စ်ကို တိုက်တဲ့ Antibody ပဋိဇီဝပစ္စည်း ထုတ်တယ်။ အဲဒါကို သွေးထဲကနေ ပြန်ထုတ်ပြီး အဲဒီအတိုင်း ပေးလို့မရတော့ Antibody ရှိနေတဲ့ Plasma ကို ဖျားနာနေတဲ့ လူနာတွေကို ပေးလိုက်တဲ့ အခါကျတော့ သူ့ခန္ဓာကိုယ်ထဲက ထွက်ပြီး Antibody တိုက်ရမယ့်အစား အခြားလူဆီက Antibody ကိုယူပြီး တိုက်ပေးတဲ့သဘောပါ။ အဲလိုတိုက်လိုက်တဲ့အခါကျတော့ အထဲမှာရှိတဲ့ Virus ပိုးတွေ တချိုဟာတွေ သေသွားမယ်ပေါ့။ တချို့ကျတော့ သူဟာနဲ့သူ body ကနေ ထပ်ပြီးတော့ ထပ်တိုက်ပေးရတာပေါ့။

မေး။။ အဲဒီနည်းလမ်းက ဘေးထွက်ဆိုကျိုး အန္တရာယ်ရောရှိလားရှင့်။

ဖြေ။။ ဒါကတော့ လူတွေ သွေးသွင်းကုသ သလိုမျိုးပါ။ အဲဒီအတိုင်းပါပဲ။ Universal precautions ဆိုတော့ သွေးအုပ်စုတွေ စစ်ရတယ်။ ပြန်ကောင်းလာတဲ့ လူနာတွေကနေ Plasma ထုတ်တဲ့အခါမှာ ရောဂါပိုးရှိမရှိ HIV ၊ Hepatitis B ၊ C ရှိမရှိ၊ နောက် အခြားကူးစက်ရောဂါပိုး ရှိမရှိ စတာတွေကိုတော့ စစ်ရပါတယ်။ နောက် Screening criteria ကျန်းမာရေး စစ်ဆေးဖို့ သတ်မှတ်ချက်တွေလည်း ရှိပါတယ်။ အဲတော့ လူတွေကို ပုံမှန်သွေးသွင်း ကုသတဲ့ ပုံနဲ့ သိပ်မကွာပါဘူး။ သွေးသွင်းကုသတဲ့နေရာမှာ သတိထားရမယ့် အပိုင်းတွေပဲရှိတော့ ဒီနည်းလမ်းနဲ့ ကုတဲ့နေရာမှာ သိပ်ပြီး risk များတာမျိုးတော့ သိပ်မတွေ့ရပါဘူး။

ကိုဗစ်ရောဂါ အခြေအနေမဆိုးတဲ့သူတွေကိုတော့ Hydroxychloroquine နဲ့ Zinc ဆေးဝါးတွေနဲ့ တွဲဖက် ကုသပေးနေကြောင်း ဒေါက်တာမြင့်လွင်ကပြောပါတယ်။

လက်ရှိအမေရိကန်ပြည်ထောင်စုမှာ ကိုဗစ် ရောဂါ ကနေ သက်သာပြီး ပြန်ကောင်းလာသူတွေအနေနဲ့ ဗိုင်းရပ်စ်ကို ခံနိုင်ရည်ရှိနေတဲ့ စွမ်းအား ဘယ်အဆင့်ထိရှိနေလဲ ဆိုတာကို သိဖို့ကြိုးစားနေပါတယ်။ ဒီအချက်ဟာ ပုံမှန် လုပ်ငန်းတွေ လည်ပတ်သင့်မသင့် ဆုံးဖြတ်ချက် ချမယ့်အပိုင်းအတွက် အရေးပါတယ်လို့ အမေရိကန် ကျန်းမာရေး ထိပ်တန်းပညာရှင်တွေက ပြောပါတယ်။

လာမယ့် အနာဂတ် လူတွေ အလုပ် ပုံမှန်ပြန်လုပ်ခွင့်ရဖို့ဆိုရင် ကိုယ်ခံစွမ်းအားဆိုင်ရာ ကျန်းမာရေး ထောက်ခံချက်ပြဖို့ လိုအပ်လာလိမ့်မယ်လို့ ကူးစက်ရောဂါ ထိပ်တန်းကျွမ်းကျင်သူ Anthony Fauci က အကြံပြုထားပါတယ်။

XS
SM
MD
LG