သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ COVID-19 ဆိုင္ရာ သတင္းရယူခြင့္ ပိုေပးဖို႔လို


ရန္ကုန္ၿမိဳ႕ ရထားဘူတာ တခုမွာ ကိုယ္အပူခ်ိန္တိုင္းတာေနတဲ့ အမ်ိဳးသား တဦး (မတ္ ၂၇၊ ၂၀၂၀)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံတြင္း COVID-19 ကပ္ေရာဂါအၾကပ္အတည္းကာလ သတင္းရယူႏိုင္မႈအေျခအေနေတြကို ေမးျမန္းတင္ဆက္ေပးပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေမခက တင္ျပထားပါတယ္။

COVID-19 ေရာဂါနဲ႔ ပတ္သတ္လို႔ သက္ဆိုင္ရာ ျပည္နယ္နဲ႔ တိုင္းအစိုးရေတြဘက္က သတင္းထုတ္ျပန္မႈပိုင္းက အားရေက်နပ္စရာ မရွိေသးတာမို႔ သတင္းထုတ္ျပန္မႈပိုင္း ပိုမိုပြင့္လင္းလာဖို႔ မီဒီယာသမားေတြက လိုလားေနၾကပါတယ္။

COVID-19 ျပႆနာ ရင္ဆိုင္ေနရတဲ့ ျမန္မာႏိုင္ငံတြင္းမွာ ကာကြယ္မႈပိုင္း၊ ေရာဂါကုသေရးပိုင္းနဲ႔ ကူးစက္ခံရမႈပိုင္းေတြကို ႀကံ႕ႀကံ႕ခံရင္ဆိုင္ေနရခ်ိန္ အစိုးရ ျပင္ဆင္မႈေတြ၊ စီမံခန႔္ခြဲမႈေတြနဲ႔ပတ္သတ္လို႔ ျပည္သူေတြ ဒီထက္ပိုသိဖို႔ လိုအပ္ေနၿပီး ဒီလိုသိႏိုင္မွသာ ေရာဂါမကူးစက္ႏိုင္ေအာင္ဆင္ျခင္ႏိုင္မွာ ျဖစ္ေပမဲ့ အစိုးရရဲ႕သတင္းထုတ္ျပန္မႈပိုင္းကို ၾကည့္ရင္ လိုအပ္ခ်က္ေတြ ရွိေနဆဲျဖစ္ေနတယ္လို႔ ေထာက္ျပလာသူက ဂ်ပန္သတင္းဌာန တခုျဖစ္တဲ့ NHK သတင္းဌာနက ဦးသီဟေသြးပါ။

"က်န္းမာေရးဌာနဘက္က ပုံမွန္ထုတ္ျပန္တာမ်ိဳးေတြ လုပ္တယ္။ ဒါေပမဲ့ လိုအပ္လို႔ သိခ်င္တာမ်ိဳးကို အဆက္အသြယ္လုပ္တဲ့ အခါမွာ ခုေနာက္ပိုင္းဆို ဖုန္းမကိုင္တာေတြရွိလာတယ္။ သူတို႔မွာလည္း အလုပ္မ်ားတာ ရွိမွာေပါ့ေနာ္။ အခုကက်ေတာ့ အေျခအေနကလည္း အသစ္ အရင္လို တေနရာမွာ ထိုင္ၿပီးသတင္းစာ ရွင္းလင္းလို႔မရတာမ်ိဳးေတြ ရွိတယ္။ က်ေနာ္တို႔ျဖစ္ခ်င္တာကေတာ့ ေျပာေရးဆိုခြင့္ရွိသူ တေယာက္ဘက္ကေန က်န္းမာေရးကျဖစ္ျဖစ္ အစိုးရဘက္က ျဖစ္ျဖစ္ အြန္လိုင္းကေန သတင္းစာရွင္းလင္းပြဲ က်င္းပေပးေစခ်င္တယ္။ အခုကမဆိုးဘူး။ ဒါေပမဲ့ လုံေလာက္တဲ့ အေျခအေနတရပ္ေတာ့ မဟုတ္ဘူး။ ျပန႔္ပြားေရးေတြ၊ ေတြ႕ရွိမႈေတြ၊ ကြင္းဆက္ေတြနဲ႔ ပတ္သတ္တာေတြကို က်ေနာ္တို႔ဘက္က တင္ျပႏိုင္ဖို႔ကလည္းလို အပ္တာကို။ ဖုန္းေခၚစရာ မလိုဘဲ ပုံမွန္ ဗီဒီယို ကြန္းဖရန႔္လုပ္ေပးတာ အေကာင္းဆုံးေပါ့။ အဲဒါလူေတြလည္း အေၾကာက္ေျပေစတယ္။ ဘယ္လိုလုပ္ေဆာင္ရမလဲ ဆိုတာသူတို႔သိႏိုင္တယ္။"

မီဒီယာသမားေတြအေနနဲ႔ ျပည္ေထာင္စု အစိုးရပိုင္းဘက္က သတင္းရယူမႈပိုင္းက အကန႔္အသတ္ေတြႀကံဳေနရခ်ိန္မွာ ျပည္နယ္တိုင္းအစိုးရေတြဘက္က မီဒီယာနဲ႔ ပိုမိုထိေတြ႔ဆက္ဆံေစခ်င္တယ္လို႔ ဦးသီဟက ေျပာပါတယ္။

ဧရာဝတီ သတင္းဌာန အဂၤလိပ္ပိုင္း အယ္ဒီတာ ဦးေက်ာ္စြာမိုးကေတာ့ မီဒီယာသမားေတြရဲ႕ သတင္းရယူမႈပိုင္းနဲ႔ ပတ္သတ္လို႔ သူ႔အျမင္နဲ႔ ခုလိုသုံးသပ္ေျပာဆိုလိုက္ပါတယ္။

"ခုထိက်ေနာ္ျမင္တာကေတာ့ ထိမ္ခ်န္ တာမရွိဘူး။ ဒါေပမဲ့ လုပ္ကိုင္မႈေတြမွာ အားနည္းေနတာေတြကေတာ့ ရွိေနဆဲပဲ။ သတင္းထုတ္တာ ေႏွးတာေတြ ရွိေနဆဲပါဘဲ။ အဲဒါေတြေတြ႕ေနရတယ္။ ျပည္နယ္နဲ႔တိုင္းအလိုက္မွာေတာ့ သတင္းထုတ္ျပန္တာ အားအရမ္းနည္းတယ္ အထူးသျဖင့္ ရန္ကုန္တိုင္းေပါ့။ အရင္ထဲကပါပဲ။ ေသခ်ာေျပာဆိုေပးတဲ့ သူမရွိေပါ့။ ဒီ COVID-19 ကိုေျပာရရင္ သတင္းေတြကေတာ့ ထြက္ေနပါတယ္။ သိပ္မဆိုးပါဘူး။ ဒါေပမဲ့ ဒီထက္ပိုၿပီး အခ်ိန္နဲ႔ တေျပးညီထုတ္ေပးသင့္တယ္။"

ျပည္တြင္း ပုဂၢလိက မီဒီယာေတြ အေနနဲ႔ အစိုးရ မီဒီယာေတြထက္ ပိုၿပီး ႀကိဳးစားလုပ္ေဆာင္မႈေတြ၊ ဖန္တီးမႈ အားေကာင္းေကာင္းနဲ႔ ဖန္တီးကာ ဒီေရာဂါနဲ႔ ပတ္သတ္တဲ့ အက်ိဳးအျပစ္ေတြကို ျပည္သူေတြ နားလည္လက္ခံလာႏိုင္ဖို႔ ႀကိဳးစားလုပ္ေဆာင္ေနၾကေပမဲ့ ကန႔္သတ္မႈတခ်ိဳ႕ေၾကာင့္ အားနည္းေနရတာေတြရွိတယ္လို႔ ဦးေက်ာ္စြာမိုးက ေျပာပါတယ္။

"ျမန္မာႏိုင္ငံက အရမ္းေနာက္မက်ဘူး ထင္တယ္။ အားနည္းတဲ့အပိုင္းေတြလည္း ရွိတာေပါ့ေလ။ ျပႆနာက ကိုဗစ္ကလည္းသိတဲ့ အတိုင္းပဲ အသစ္ျဖစ္ေနတယ္။ အားလုံးကေတာ့ ရွာႀကံေရးေနၾကတာေပါ့ေလ။ လိုအပ္ခ်က္ေတြကေတာ့ ရွိေနတုန္းလို႔ျမင္ပါတယ္။ အေရးအႀကီးဆုံးကေတာ့ ဒီေန႔ဘာျဖစ္လဲ၊ မေန႔က ဘာျဖစ္လဲ၊ မနက္ျဖန္ဘာျဖစ္မလဲဆိုတာကို သိနိင္ေရးနိင္ဖို႔ဆိုတာက အစိုးရပိုင္းနဲ႔ လိုအပ္ေနတာေပါ့။ သူတို႔ကိုေမးခြင့္ရွိမယ္ဆိုရင္ ဒီထပ္ျပည့္စုံတာေတြတင္ဆက္ႏိုင္မယ္ထင္တယ္။"

သတင္းတင္ဆက္မႈပိုင္းမွာ ပုံစံမ်ိဳးစုံနဲ႔ အေကာင္းဆုံး တင္ဆက္ႏိုင္ဖို႔ႀကိဳးစားလုပ္ေဆာင္ေနၾကေနခ်ိန္မွာ ျပည္သူေတြ အတြက္ လိုအပ္မႈ မရွိဖို႔ အတြက္ ဂ်ပန္သတင္းဌာန တခုျဖစ္တဲ့ NHK သတင္းဌာနက ဦးသီဟေသြးကေတာ့ အခုလို အႀကဳံျပဳသြားပါတယ္။

"ဒီေရာဂါနဲ႔ ပတ္သတ္တဲ့ အေျခအေနကို တင္ျပေနတာကလည္း တပိုင္းေပါ့။ တိုးတက္မႈႏႈန္းကို တိုင္းျပတာလည္းတပိုင္းေပါ့။ ကာကြယ္ေရးနဲ႔ ပတ္သတ္တဲ့ လူထုသိခ်င္တဲ့ဟာေတြေပါ့ ဒီအခ်ိန္မွာ လူထုက ႏိုင္ငံတကာသတင္းေတြ ဖတ္ ေၾကာက္ေနရတယ္။ အဲဒီဖိအားေတြရွိေတာ့ က်ေနာ္တို႔ဘက္က လုံေလာက္တဲ့ သတင္းအခ်က္ အလက္ကို ေပး႐ုံမကဘူး။ ျပည္သူလူထုကို ကာကြယ္ေရးပိုင္းေရာဂါအေပၚ နားလည္ေရးပိုင္း ပိုသိႏိုင္ဖို႔ ေရာဂါျဖစ္ပြားမႈအေပၚ ေသခ်ာေထာက္ျပတာေတြ ျဖစ္ပြားတဲ့ အျဖစ္ပ်က္ေပၚမူတည္ေျပာျပတာေတြ လုပ္ႏိုင္ဖို႔ လိုအပ္ေနေသးတယ္လို႔ထင္ပါတယ္။"

ကမာၻတစ္လႊား ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔ေနတာကို ကာကြယ္ဖို႔အေရး အစိုးရ အာဏာပိုင္ေတြက တားျမစ္ကန႔္သတ္ခ်က္ေတြ ခ်မွတ္ေနၾကပါတယ္။ အေရးေပၚအေျခအေနကို အသံုးခ်ၿပီး တခ်ိဳ႕ အစိုးရေတြ အာဏာအလြဲ သုံးစားလုပ္မွာကိုေတာ့ လူ႔ အခြင့္အေရးအဖြဲ႕ေတြက စိုးရိမ္ တႀကီးေထာက္ျပေနၾကေနပါတယ္။ သတင္း ထုတ္ျပန္မႈ ေႏွာင့္ေႏွးတာမ်ိဳးေတြ ေၾကာင့္မလိုလားအပ္တဲ့ ေကာလဟာလေတြနဲ႔ သတင္းတုေတြ ျပည္သူေတြ အၾကား ပ်ံ႕ႏွံ႔မႈ ေတြ မျဖစ္ဖို႔ သတင္းသမားေတြဘက္က သတင္းထုတ္ျပန္မႈပိုင္းကို ပိုလြတ္လပ္ဖို႔လိုတယ္လို႔ ေထာက္ျပေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာ COVID-19 ဆိုင်ရာ သတင်းရယူခွင့် ပိုပေးဖို့လို

မြန်မာနိုင်ငံတွင်း COVID-19 ကပ်ရောဂါအကြပ်အတည်းကာလ သတင်းရယူနိုင်မှုအခြေအနေတွေကို မေးမြန်းတင်ဆက်ပေးပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက တင်ပြထားပါတယ်။

COVID-19 ရောဂါနဲ့ ပတ်သတ်လို့ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းအစိုးရတွေဘက်က သတင်းထုတ်ပြန်မှုပိုင်းက အားရကျေနပ်စရာ မရှိသေးတာမို့ သတင်းထုတ်ပြန်မှုပိုင်း ပိုမိုပွင့်လင်းလာဖို့ မီဒီယာသမားတွေက လိုလားနေကြပါတယ်။

COVID-19 ပြဿနာ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံတွင်းမှာ ကာကွယ်မှုပိုင်း၊ ရောဂါကုသရေးပိုင်းနဲ့ ကူးစက်ခံရမှုပိုင်းတွေကို ကြံ့ကြံ့ခံရင်ဆိုင်နေရချိန် အစိုးရ ပြင်ဆင်မှုတွေ၊ စီမံခန့်ခွဲမှုတွေနဲ့ပတ်သတ်လို့ ပြည်သူတွေ ဒီထက်ပိုသိဖို့ လိုအပ်နေပြီး ဒီလိုသိနိုင်မှသာ ရောဂါမကူးစက်နိုင်အောင်ဆင်ခြင်နိုင်မှာ ဖြစ်ပေမဲ့ အစိုးရရဲ့သတင်းထုတ်ပြန်မှုပိုင်းကို ကြည့်ရင် လိုအပ်ချက်တွေ ရှိနေဆဲဖြစ်နေတယ်လို့ ထောက်ပြလာသူက ဂျပန်သတင်းဌာန တခုဖြစ်တဲ့ NHK သတင်းဌာနက ဦးသီဟသွေးပါ။

"ကျန်းမာရေးဌာနဘက်က ပုံမှန်ထုတ်ပြန်တာမျိုးတွေ လုပ်တယ်။ ဒါပေမဲ့ လိုအပ်လို့ သိချင်တာမျိုးကို အဆက်အသွယ်လုပ်တဲ့ အခါမှာ ခုနောက်ပိုင်းဆို ဖုန်းမကိုင်တာတွေရှိလာတယ်။ သူတို့မှာလည်း အလုပ်များတာ ရှိမှာပေါ့နော်။ အခုကကျတော့ အခြေအနေကလည်း အသစ် အရင်လို တနေရာမှာ ထိုင်ပြီးသတင်းစာ ရှင်းလင်းလို့မရတာမျိုးတွေ ရှိတယ်။ ကျနော်တို့ဖြစ်ချင်တာကတော့ ပြောရေးဆိုခွင့်ရှိသူ တယောက်ဘက်ကနေ ကျန်းမာရေးကဖြစ်ဖြစ် အစိုးရဘက်က ဖြစ်ဖြစ် အွန်လိုင်းကနေ သတင်းစာရှင်းလင်းပွဲ ကျင်းပပေးစေချင်တယ်။ အခုကမဆိုးဘူး။ ဒါပေမဲ့ လုံလောက်တဲ့ အခြေအနေတရပ်တော့ မဟုတ်ဘူး။ ပြန့်ပွားရေးတွေ၊ တွေ့ရှိမှုတွေ၊ ကွင်းဆက်တွေနဲ့ ပတ်သတ်တာတွေကို ကျနော်တို့ဘက်က တင်ပြနိုင်ဖို့ကလည်းလို အပ်တာကို။ ဖုန်းခေါ်စရာ မလိုဘဲ ပုံမှန် ဗီဒီယို ကွန်းဖရန့်လုပ်ပေးတာ အကောင်းဆုံးပေါ့။ အဲဒါလူတွေလည်း အကြောက်ပြေစေတယ်။ ဘယ်လိုလုပ်ဆောင်ရမလဲ ဆိုတာသူတို့သိနိုင်တယ်။"

မီဒီယာသမားတွေအနေနဲ့ ပြည်ထောင်စု အစိုးရပိုင်းဘက်က သတင်းရယူမှုပိုင်းက အကန့်အသတ်တွေကြုံနေရချိန်မှာ ပြည်နယ်တိုင်းအစိုးရတွေဘက်က မီဒီယာနဲ့ ပိုမိုထိတွေ့ဆက်ဆံစေချင်တယ်လို့ ဦးသီဟက ပြောပါတယ်။

ဧရာဝတီ သတင်းဌာန အင်္ဂလိပ်ပိုင်း အယ်ဒီတာ ဦးကျော်စွာမိုးကတော့ မီဒီယာသမားတွေရဲ့ သတင်းရယူမှုပိုင်းနဲ့ ပတ်သတ်လို့ သူ့အမြင်နဲ့ ခုလိုသုံးသပ်ပြောဆိုလိုက်ပါတယ်။

"ခုထိကျနော်မြင်တာကတော့ ထိမ်ချန် တာမရှိဘူး။ ဒါပေမဲ့ လုပ်ကိုင်မှုတွေမှာ အားနည်းနေတာတွေကတော့ ရှိနေဆဲပဲ။ သတင်းထုတ်တာ နှေးတာတွေ ရှိနေဆဲပါဘဲ။ အဲဒါတွေတွေ့နေရတယ်။ ပြည်နယ်နဲ့တိုင်းအလိုက်မှာတော့ သတင်းထုတ်ပြန်တာ အားအရမ်းနည်းတယ် အထူးသဖြင့် ရန်ကုန်တိုင်းပေါ့။ အရင်ထဲကပါပဲ။ သေချာပြောဆိုပေးတဲ့ သူမရှိပေါ့။ ဒီ COVID-19 ကိုပြောရရင် သတင်းတွေကတော့ ထွက်နေပါတယ်။ သိပ်မဆိုးပါဘူး။ ဒါပေမဲ့ ဒီထက်ပိုပြီး အချိန်နဲ့ တပြေးညီထုတ်ပေးသင့်တယ်။"

ပြည်တွင်း ပုဂ္ဂလိက မီဒီယာတွေ အနေနဲ့ အစိုးရ မီဒီယာတွေထက် ပိုပြီး ကြိုးစားလုပ်ဆောင်မှုတွေ၊ ဖန်တီးမှု အားကောင်းကောင်းနဲ့ ဖန်တီးကာ ဒီရောဂါနဲ့ ပတ်သတ်တဲ့ အကျိုးအပြစ်တွေကို ပြည်သူတွေ နားလည်လက်ခံလာနိုင်ဖို့ ကြိုးစားလုပ်ဆောင်နေကြပေမဲ့ ကန့်သတ်မှုတချို့ကြောင့် အားနည်းနေရတာတွေရှိတယ်လို့ ဦးကျော်စွာမိုးက ပြောပါတယ်။

"မြန်မာနိုင်ငံက အရမ်းနောက်မကျဘူး ထင်တယ်။ အားနည်းတဲ့အပိုင်းတွေလည်း ရှိတာပေါ့လေ။ ပြဿနာက ကိုဗစ်ကလည်းသိတဲ့ အတိုင်းပဲ အသစ်ဖြစ်နေတယ်။ အားလုံးကတော့ ရှာကြံရေးနေကြတာပေါ့လေ။ လိုအပ်ချက်တွေကတော့ ရှိနေတုန်းလို့မြင်ပါတယ်။ အရေးအကြီးဆုံးကတော့ ဒီနေ့ဘာဖြစ်လဲ၊ မနေ့က ဘာဖြစ်လဲ၊ မနက်ဖြန်ဘာဖြစ်မလဲဆိုတာကို သိနိင်ရေးနိင်ဖို့ဆိုတာက အစိုးရပိုင်းနဲ့ လိုအပ်နေတာပေါ့။ သူတို့ကိုမေးခွင့်ရှိမယ်ဆိုရင် ဒီထပ်ပြည့်စုံတာတွေတင်ဆက်နိုင်မယ်ထင်တယ်။"

သတင်းတင်ဆက်မှုပိုင်းမှာ ပုံစံမျိုးစုံနဲ့ အကောင်းဆုံး တင်ဆက်နိုင်ဖို့ကြိုးစားလုပ်ဆောင်နေကြနေချိန်မှာ ပြည်သူတွေ အတွက် လိုအပ်မှု မရှိဖို့ အတွက် ဂျပန်သတင်းဌာန တခုဖြစ်တဲ့ NHK သတင်းဌာနက ဦးသီဟသွေးကတော့ အခုလို အကြုံပြုသွားပါတယ်။

"ဒီရောဂါနဲ့ ပတ်သတ်တဲ့ အခြေအနေကို တင်ပြနေတာကလည်း တပိုင်းပေါ့။ တိုးတက်မှုနှုန်းကို တိုင်းပြတာလည်းတပိုင်းပေါ့။ ကာကွယ်ရေးနဲ့ ပတ်သတ်တဲ့ လူထုသိချင်တဲ့ဟာတွေပေါ့ ဒီအချိန်မှာ လူထုက နိုင်ငံတကာသတင်းတွေ ဖတ် ကြောက်နေရတယ်။ အဲဒီဖိအားတွေရှိတော့ ကျနော်တို့ဘက်က လုံလောက်တဲ့ သတင်းအချက် အလက်ကို ပေးရုံမကဘူး။ ပြည်သူလူထုကို ကာကွယ်ရေးပိုင်းရောဂါအပေါ် နားလည်ရေးပိုင်း ပိုသိနိုင်ဖို့ ရောဂါဖြစ်ပွားမှုအပေါ် သေချာထောက်ပြတာတွေ ဖြစ်ပွားတဲ့ အဖြစ်ပျက်ပေါ်မူတည်ပြောပြတာတွေ လုပ်နိုင်ဖို့ လိုအပ်နေသေးတယ်လို့ထင်ပါတယ်။"

ကမ္ဘာတစ်လွှား ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နေတာကို ကာကွယ်ဖို့အရေး အစိုးရ အာဏာပိုင်တွေက တားမြစ်ကန့်သတ်ချက်တွေ ချမှတ်နေကြပါတယ်။ အရေးပေါ်အခြေအနေကို အသုံးချပြီး တချို့ အစိုးရတွေ အာဏာအလွဲ သုံးစားလုပ်မှာကိုတော့ လူ့ အခွင့်အရေးအဖွဲ့တွေက စိုးရိမ် တကြီးထောက်ပြနေကြနေပါတယ်။ သတင်း ထုတ်ပြန်မှု နှောင့်နှေးတာမျိုးတွေ ကြောင့်မလိုလားအပ်တဲ့ ကောလဟာလတွေနဲ့ သတင်းတုတွေ ပြည်သူတွေ အကြား ပျံ့နှံ့မှု တွေ မဖြစ်ဖို့ သတင်းသမားတွေဘက်က သတင်းထုတ်ပြန်မှုပိုင်းကို ပိုလွတ်လပ်ဖို့လိုတယ်လို့ ထောက်ပြနေကြပါတယ်။

XS
SM
MD
LG