(Zawgyi/Unicode)
ေရာဂါကူးစက္ခံထားရသူ ၃ ဦး ရွိတဲ့ ခ်င္းျပည္နယ္ တီးတိန္ၿမိဳ႕မွာ COVID-19 ေရာဂါတုံ႔ျပန္ေဆာင္ရြက္ႏုိ္င္ေရး အေရးေပၚအစီမံေတြ ေဆာင္ရြက္ေပးဖို႕ တီးတိန္ႏွင့္ တြန္းဇံၿမိဳ႕နယ္က လႊတ္ေတာ္ကိုယ္စားလွယ္ေတြကေန COVID-19 ထိန္းခ်ဴပ္ေရးႏွင့္ အေရးေပၚတံု႔ျပန္ေရးေကာ္မတီဥကၠ႒ထံ ေတာင္းဆိုထားတဲ့အေၾကာင္း ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က တင္ျပေပးမွာပါ။
ကမၻာနဲ႔ အ၀ွမ္း COVID-19 ဗိုင္းရပ္စ္ ကူးစက္ျမန္ေရာဂါ စိုးရိမ္ေနရတဲ့တခ်ိန္တည္းမွာဘဲ ျမန္မာနိုင္ငံမွာလည္း ေရာဂါျဖစ္ပြါးမႈႏႈန္း တိုးပြါးလာေနတာပါ။
ျမန္မာနိုင္ငံမွာ COVID-19 ဗိုင္းရပ္စ္ေရာဂါ ပထမဦးဆုံး စစ္ေဆးေတြ႕ရွိခဲ့တဲ့ ခ်င္းျပည္နယ္တီးတိန္ျမိဳ႕နယ္မွာ က်န္းမာေရးေစာင့္ေရွာက္မႈ လိုအပ္ခ်က္ေတြရွိေနလို႔ ေတာင္းဆိုရတာလို႔ တီးတိန္ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ပူးဂင္ ကန္းလ်ံက ဗီြအိုေအကို ေျပာပါတယ္။
“အဓိကက က်ေနာ္တို႔ တီးတိန္မွာဆိုကုတင္ ၁၀၀ လည္း ရွိတာကိုး။ ျပီးေတာ့ COVID Positive ျဖစ္တာ ၃ ဦးရွိျပီ။ အခုသီးသန္႔ထားတဲ့ ေနရာလည္း မရွိဘူး။ က်န္းမာေရး၀န္ၾကီးဌာန ၀န္ထမ္းေတြ ေနရာခ်ထားေပးတာ အဲဒီ ၁၄ ခန္း ရွိတယ္။ ေလာေလာဆယ္ ၀န္ထမ္းေတြ မရွိေသးေတာ့ အဲဒီအခန္းမွာပဲ ထားလို႔ရေသးတယ္။ တကယ္လို႔ အဲဒီမွာ ေပၚလာမယ္ဆိုရင္ Positive ေတြထားဖို႔ ေနရာမရွိဘူး။ ျပီးေတာ့ က်ေနာ္တို႔ ေအာက္စီဂ်င္နဲ႔ ပတ္သက္တာ မရွိေသးဘူး။ မီးလည္း ေရအားလွ်ပ္စစ္က အားနည္းတယ္ေလ။ ၂၄ နာရီျပည့္ေအာင္မီး မရဘူး။ ေသာက္သုံးေရ ေတာ္ေတာ္ေလး ရွားပါးမႈေတြ ျဖစ္တယ္။ အဲတာေတြ က်ေနာ္တို႔ တင္ျပတာပါ။ ေအာက္ေျခကေန ျပည္နယ္အစိုးရကို တင္မယ္ဆိုရင္ ၾကာမွာစိုးလို႔ ျပည္ေထာင္စုမွာ ရွိတဲ့လႊတ္ေတာ္ကိုယ္စားလွယ္ ၄ ဦးက လက္မွတ္ထိုးျပီး တင္ျပျခင္းျဖစ္ပါတယ္။”
တိီးတိန္ၿမိဳ႕မွာ COVID-19 ကူးစက္ေရာဂါ ၃ ဦး ေတြ႕ရွိထားေပမဲ့ က်န္းမာေရးေစာင့္ေရွာက္မႈ အားနည္းေနတဲ့ အေျခအေနေၾကာင့္ စိုးရိမ္စရာျဖစ္ေနတယ္လို႔ တြန္းဇံၿမိဳ႕နယ္ အမ်ဴိးသားလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚက်ိန္ငိုက္မာန္က ေျပာပါတယ္။
“ဒီေရာဂါမျပန္႕ပြါးေအာင္ နဂိုလ္ကတည္းက သူနဲ႔ ထိေတြ႕တဲ့လူေတြကို ေရာဂါရွိ၊ မရွိ က်မတို႔ ဓါတ္ခြဲစစ္ေဆးဖို႔ လိုတယ္ေလ။ အဲတာမ်ိဳးေတြ မရွိဘဲနဲ႔ အခုသူတို႔က Quarantine သာ လုပ္လိုက္တယ္။ ဓါတ္ခြဲရွာတာ မရွိေတာ့ ဘယ္သူက ရွိတယ္၊ မရွိတာမသိရဘူး။ အဲတာနဲ႔ Case 1 ကို ေစာင့္ၾကည့္တဲ့ဆရာ၀န္က သူ႕ကို ေသြးစစ္ဖို႔ သူေတာင္းဆိုတာနဲ႕ ဆက္စပ္ၿပီးေတာ့မွဘဲ ေသြးစစ္ဖို႔ပဲ အကုန္လုံးျဖစ္လာတယ္။ တီးတိန္ၿမိဳ႕နယ္အေျခအေနက ၿမိဳ႕နယ္အဆင့္ပဲ ရွိတဲ့အတြက္ေၾကာင့္ က်န္းမာေရး Medical cover လည္း ၿမိဳ႕နယ္အဆင့္ပဲ ရွိေတာ့အမ်ားၾကီး လိုအပ္တယ္။ က်မတို႔က အသက္ရွႈစက္ေတြေရာ ဘာေတြေရာ ဘာတခုမွ မရွိဘူး။ က်မတို႔ တီးတိန္ၿမိဳ႕နယ္က Case 1 နဲ႔ ပတ္သက္ၿပီးေတာ့မွ သူနဲ႕ထိေတြ႔တဲ့လူေပါ့ေလ အေပါင္း ၃ ေယာက္ေပါ့။ ကူးစက္မႈ ျဖစ္သြားေတာ့အကုန္လုံးက အရမ္းစိုးရိမ္တယ္။ က်မတို႔မွာ ကြ်မ္းက်င္တဲ့ အဖြဲ႔အစည္းရယ္ လိုအပ္တဲ့ပစၥည္းေတြ ေထာက္ပံ့ေပးဖို႔ လိုအပ္တယ္။ ျပည္ေထာင္စုက ပထမပို႔တဲ့ပစၥည္းေတြဆိုရင္ တီးတိန္မွာ Positive ျဖစ္ေနတာေတြ႕ေနတာ တီးတိန္ေဆးရံုအတြက္ ဘာမွမေရာက္ဘဲနဲ႔ ဖလမ္းေဆးရံုပဲ ေရာက္ရွိတာရွိတယ္။ သူတို႔ရဲ႕ဆုံးျဖတ္ခ်က္ေတြမွာ က်မျမင္တာကေတာ့ သူတို႕လုပ္ေဆာင္မႈေတြအားနည္းတယ္လို႔ပဲ ျမင္တယ္။”
ေရာဂါကူးစက္သူေတြကို ေတြ႕ရွိထားတဲ့ တီးတိန္ၿမဳိ႕ထဲ အသြားအလာ ပိတ္ပင္တာမ်ိဳး မလုပ္ေသးတဲ့အေပၚ ေဒသခံေတြ စိုးရိမ္ေနၾကပါတယ္။ တီးတိန္ၿမိဳ႕(ဇုိမီး) အသင္း အေထြေထြအတြင္းေရးမွဴး ဦးကပ္ခင္းေပါင္က သူ႔စိုးရိမ္ခ်က္ေတြကို အခုလိုေျပာပါတယ္။
“Lock Down ေတာ့ အစိုးရအေနနဲ႕သတ္မွတ္ထားတာ မရွိဘူး။ ဒါေပမဲ့ အရပ္ဖက္အဖြဲ႕အစည္းနဲ႔ ျပည္သူနဲ႕ေပါ့ေနာ္ သူတို႕က ႀကိဳးစားျပီးေတာ့မွ အ၀င္အထြက္ဂိတ္ေတြမွာ စစ္ေဆးျပီးေတာ့ လုပ္ထားတာ ရွိတယ္။ ေဒသခံေတြကေတာ့ ေတာ္ေတာ္စိုးရိမ္ေနတယ္။ အစိုးရအေနနဲ႕ကေတာ့ သူတို႕က သတ္သတ္မွတ္မွတ္ LockDown လုပ္ဖို႕ကေတာ့ ညႊန္ၾကားခ်က္မရွိေသးဘူးလို႔ သိရပါတယ္။”
တီးတိန္ၿမိဳ႕နယ္ ကပ္တဲလ္ေက်းရြာမွာ အေမရိကန္ႏုိင္ငံမွ ျပန္ေရာက္လာတဲ့ သူတစ္ဦးနဲ႕ သူရဲ႕မိခင္ အပါအ၀င္ တီးတိန္ၿမိဳ႕ေပၚတည္းခိုခဲ့တဲ့ အိမ္ရွင္တစ္ဦး စုစုေပါင္း ၃ ဦးတို႔ COVID-19 ေရာဂါကူးစက္ခံထားရတာေၾကာင့္ ေဒသခံေတြ စိုးရိမ္ေနၾကပါတယ္။
လက္ရွိ တီးတိန္ၿမိဳ႕ျပည္သူ႔ေဆးရံုကို ကူးစက္ေရာဂါဆိုင္ရာ ကြ်မ္းက်င္သူေတြ ေစလႊတ္ေပးဖို႔ လူနာနဲ႔ ထိေတြ႕သူေတြကို စစ္ေဆးေပးဖို႔ စစ္ေဆးတဲ့ေနရာမွာလဲ Swab နမူနာေတြ အမ်ဴိးသားဓာတ္ခြဲဆိုင္ရာဌာန(ရန္ကုန္)ကို ေပးပို႔ရာမွာလည္း သယ္ယူပို႔ေဆာင္ေရးႏွင့္ လမ္းေၾကာင္းေတြကို ခ်င္းျပည္နယ္အစိုးရအဖြဲ႔ကို တာ၀န္ယူေပးဖို႔ COVID-19 ထိန္းခ်ဴပ္ေရးႏွင့္ အေရးေပၚတံု႔ျပန္ေရးေကာ္မတီကေန လမ္းညြန္မွာ ၾကားေဆာင္ရြက္ေပးမယ္ဆိုရင္ တုံ႔ျပန္မႈအား ပိုမိုထိေရာက္မယ္လို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ေပးစာမွာေဖာ္ျပထားပါတယ္။
[Unicode Version]
ချင်းပြည်နယ်မှာ COVID-19 အရေးပေါ်ဆောင်ရွက်ဖို့ လွှတ်တော်အမတ်တွေတောင်းဆို
ရောဂါကူးစက်ခံထားရသူ ၃ ဦးရှိတဲ့ ချင်းပြည်နယ် တီးတိန်မြို့မှာ COVID-19 ရောဂါတုံ့ပြန်ဆောင်ရွက်နိုင်ရေး အရေးပေါ်အစီမံတွေ ဆောင်ရွက်ပေးဖို့ တီးတိန်နှင့် တွန်းဇံမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်တွေကနေ COVID-19 ထိန်းချူပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌထံ တောင်းဆိုထားတဲ့အကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ပြပေးမှာပါ။
ကမ္ဘာနဲ့ အဝှမ်း COVID-19 ဗိုင်းရပ်စ် ကူးစက်မြန်ရောဂါ စိုးရိမ်နေရတဲ့တချိန်တည်းမှာဘဲ မြန်မာနိုင်ငံမှာလည်း ရောဂါဖြစ်ပွါးမှုနှုန်း တိုးပွါးလာနေတာပါ။
မြန်မာနိုင်ငံမှာ COVID-19 ဗိုင်းရပ်စ်ရောဂါ ပထမဦးဆုံး စစ်ဆေးတွေ့ရှိခဲ့တဲ့ ချင်းပြည်နယ်တီးတိန်မြို့နယ်မှာ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်တွေရှိနေလို့ တောင်းဆိုရတာလို့ တီးတိန်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပူးဂင် ကန်းလျံက ဗွီအိုအေကို ပြောပါတယ်။
“အဓိကက ကျနော်တို့ တီးတိန်မှာဆိုကုတင် ၁၀၀ လည်း ရှိတာကိုး။ ပြီးတော့ COVID Positive ဖြစ်တာ ၃ ဦးရှိပြီ။ အခုသီးသန့်ထားတဲ့ နေရာလည်း မရှိဘူး။ ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းတွေ နေရာချထားပေးတာ အဲဒီ ၁၄ ခန်း ရှိတယ်။ လောလောဆယ် ဝန်ထမ်းတွေ မရှိသေးတော့ အဲဒီအခန်းမှာပဲ ထားလို့ရသေးတယ်။ တကယ်လို့ အဲဒီမှာ ပေါ်လာမယ်ဆိုရင် Positive တွေထားဖို့ နေရာမရှိဘူး။ ပြီးတော့ ကျနော်တို့ အောက်စီဂျင်နဲ့ ပတ်သက်တာ မရှိသေးဘူး။ မီးလည်း ရေအားလျှပ်စစ်က အားနည်းတယ်လေ။ ၂၄ နာရီပြည့်အောင်မီး မရဘူး။ သောက်သုံးရေ တော်တော်လေး ရှားပါးမှုတွေ ဖြစ်တယ်။ အဲတာတွေ ကျနော်တို့ တင်ပြတာပါ။ အောက်ခြေကနေ ပြည်နယ်အစိုးရကို တင်မယ်ဆိုရင် ကြာမှာစိုးလို့ ပြည်ထောင်စုမှာ ရှိတဲ့လွှတ်တော်ကိုယ်စားလှယ် ၄ ဦးက လက်မှတ်ထိုးပြီး တင်ပြခြင်းဖြစ်ပါတယ်။”
တီးတိန်မြို့မှာ COVID-19 ကူးစက်ရောဂါ ၃ ဦး တွေ့ရှိထားပေမဲ့ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းနေတဲ့ အခြေအနေကြောင့် စိုးရိမ်စရာဖြစ်နေတယ်လို့ တွန်းဇံမြို့နယ် အမျိူးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကျိန်ငိုက်မာန်က ပြောပါတယ်။
“ဒီရောဂါမပြန့်ပွါးအောင် နဂိုလ်ကတည်းက သူနဲ့ ထိတွေ့တဲ့လူတွေကို ရောဂါရှိ၊ မရှိ ကျမတို့ ဓါတ်ခွဲစစ်ဆေးဖို့ လိုတယ်လေ။ အဲတာမျိုးတွေ မရှိဘဲနဲ့ အခုသူတို့က Quarantine သာ လုပ်လိုက်တယ်။ ဓါတ်ခွဲရှာတာ မရှိတော့ ဘယ်သူက ရှိတယ်၊ မရှိတာမသိရဘူး။ အဲတာနဲ့ Case 1 ကို စောင့်ကြည့်တဲ့ဆရာဝန်က သူ့ကို သွေးစစ်ဖို့ သူတောင်းဆိုတာနဲ့ ဆက်စပ်ပြီးတော့မှဘဲ သွေးစစ်ဖို့ပဲ အကုန်လုံးဖြစ်လာတယ်။ တီးတိန်မြို့နယ်အခြေအနေက မြို့နယ်အဆင့်ပဲ ရှိတဲ့အတွက်ကြောင့် ကျန်းမာရေး Medical cover လည်း မြို့နယ်အဆင့်ပဲ ရှိတော့အများကြီး လိုအပ်တယ်။ ကျမတို့က အသက်ရှှုစက်တွေရော ဘာတွေရော ဘာတခုမှ မရှိဘူး။ ကျမတို့ တီးတိန်မြို့နယ်က Case 1 နဲ့ ပတ်သက်ပြီးတော့မှ သူနဲ့ထိတွေ့တဲ့လူပေါ့လေ အပေါင်း ၃ ယောက်ပေါ့။ ကူးစက်မှု ဖြစ်သွားတော့အကုန်လုံးက အရမ်းစိုးရိမ်တယ်။ ကျမတို့မှာ ကျွမ်းကျင်တဲ့ အဖွဲ့အစည်းရယ် လိုအပ်တဲ့ပစ္စည်းတွေ ထောက်ပံ့ပေးဖို့ လိုအပ်တယ်။ ပြည်ထောင်စုက ပထမပို့တဲ့ပစ္စည်းတွေဆိုရင် တီးတိန်မှာ Positive ဖြစ်နေတာတွေ့နေတာ တီးတိန်ဆေးရုံအတွက် ဘာမှမရောက်ဘဲနဲ့ ဖလမ်းဆေးရုံပဲ ရောက်ရှိတာရှိတယ်။ သူတို့ရဲ့ဆုံးဖြတ်ချက်တွေမှာ ကျမမြင်တာကတော့ သူတို့လုပ်ဆောင်မှုတွေအားနည်းတယ်လို့ပဲ မြင်တယ်။”
ရောဂါကူးစက်သူတွေကို တွေ့ရှိထားတဲ့ တီးတိန်မြို့ထဲ အသွားအလာ ပိတ်ပင်တာမျိုး မလုပ်သေးတဲ့အပေါ် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ တီးတိန်မြို့(ဇိုမီး) အသင်း အထွေထွေအတွင်းရေးမှူး ဦးကပ်ခင်းပေါင်က သူ့စိုးရိမ်ချက်တွေကို အခုလိုပြောပါတယ်။
“Lock Down တော့ အစိုးရအနေနဲ့သတ်မှတ်ထားတာ မရှိဘူး။ ဒါပေမဲ့ အရပ်ဖက်အဖွဲ့အစည်းနဲ့ ပြည်သူနဲ့ပေါ့နော် သူတို့က ကြိုးစားပြီးတော့မှ အဝင်အထွက်ဂိတ်တွေမှာ စစ်ဆေးပြီးတော့ လုပ်ထားတာ ရှိတယ်။ ဒေသခံတွေကတော့ တော်တော်စိုးရိမ်နေတယ်။ အစိုးရအနေနဲ့ကတော့ သူတို့က သတ်သတ်မှတ်မှတ် LockDown လုပ်ဖို့ကတော့ ညွှန်ကြားချက်မရှိသေးဘူးလို့ သိရပါတယ်။”
တီးတိန်မြို့နယ် ကပ်တဲလ်ကျေးရွာမှာ အမေရိကန်နိုင်ငံမှ ပြန်ရောက်လာတဲ့ သူတစ်ဦးနဲ့ သူရဲ့မိခင် အပါအဝင် တီးတိန်မြို့ပေါ်တည်းခိုခဲ့တဲ့ အိမ်ရှင်တစ်ဦး စုစုပေါင်း ၃ ဦးတို့ COVID-19 ရောဂါကူးစက်ခံထားရတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
လက်ရှိ တီးတိန်မြို့ပြည်သူ့ဆေးရုံကို ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူတွေ စေလွှတ်ပေးဖို့ လူနာနဲ့ ထိတွေ့သူတွေကို စစ်ဆေးပေးဖို့ စစ်ဆေးတဲ့နေရာမှာလဲ Swab နမူနာတွေ အမျိူးသားဓာတ်ခွဲဆိုင်ရာဌာန(ရန်ကုန်)ကို ပေးပို့ရာမှာလည်း သယ်ယူပို့ဆောင်ရေးနှင့် လမ်းကြောင်းတွေကို ချင်းပြည်နယ်အစိုးရအဖွဲ့ကို တာဝန်ယူပေးဖို့ COVID-19 ထိန်းချူပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကနေ လမ်းညွန်မှာ ကြားဆောင်ရွက်ပေးမယ်ဆိုရင် တုံ့ပြန်မှုအား ပိုမိုထိရောက်မယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ပေးစာမှာဖော်ပြထားပါတယ်။