သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံမွာ COVID-19 ကူးစက္သူအျဖစ္ အတည္ျပဳသူ ၁၀၀ ေက်ာ္ရွိ


ရန္ကုန္ၿမိဳ႕တြင္ ကုိ႐ုိနာဗုိင္းရပ္စ္ ကာကြယ္ႏုိင္ေရး ပုိးသတ္ေဆးဖ်န္းေနသူမ်ား။ (ဧၿပီ ၇၊ ၂၀၂၀)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါ ကူးစက္ခံရသူ ေနာက္ ၁ ဦး ေတြ႔ရွိခဲ့တာေၾကာင့္ အခုဆုိရင္ ေရာဂါကူးစက္ခံရသူ စုစုေပါင္း ၁၀၈ ေယာက္ရွိသြားၿပီ ျဖစ္ပါတယ္။

က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ဒီကေန႔ ဧၿပီ ၁၉ ရက္ ည ၈ နာရီမွာ ထုတ္ျပန္ခ်က္မွာေတာ့ ဒီကေန႔ ဓာတ္ခဲြနမူနာ ၁၈၈ ခုကို စစ္ေဆးခဲ့ရာမွာ အသက္ ၈၅ ႏွစ္အရြယ္ အမ်ဳိးသမီးတဦးမွာ ကို႐ုိနာဗုိင္းရပ္စ္ပိုး ကူးစက္ေနတာ ေတြ႔ရွိခဲ့ရၿပီး က်န္တဲ့သူ ၁၈၇ ေယာက္မွာေတာ့ ေရာဂါပိုး မေတြ႔ရွိခဲ့ရဘူးလို႔ ေျပာထားပါတယ္။

ဒီကေန႔မနက္ ၇ နာရီတုန္းကေတာ့ ေရာဂါပုိးရွိသူ ေနာက္ထပ္ ၉ ဦး ေတြ႔ရွိခဲ့တာေၾကာင့္ ဧၿပီလ ၁၈ ရက္ေန႔က ဓာတ္ခဲြစမ္းသပ္မႈ ၃ ႀကိမ္လုပ္တဲ့အထဲ ေရာဂါပိုးရွိသူ စုစုေပါင္း ၁၃ ေယာက္ ေတြ႔ရွိခဲ့တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဧၿပီလ ၁၉ ရက္ေန႔ မနက္ပိုင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

တနဂၤေႏြေန႔မွာ ကူးစက္မႈ အတည္ျပဳခဲ့သူေတြ အားလုံးကေတာ့ ခရီးသြားဖူးတဲ့ ရာဇ၀င္ရွိသူေတြ မဟုတ္ဘဲ ေရာဂါပုိးရွိသူေတြနဲ႔ ထိေတြ႔ဆက္ဆံခဲ့ဖူးသူေတြ ျဖစ္ၾကပါတယ္။

အခုခ်ိန္ထိ ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါေၾကာင့္ ေသဆုံးသူ ၅ ေယာက္ရွိေၾကာင္းလည္း က်န္းမာေရး၀န္ႀကီးဌာနက အတည္ျပဳထားပါတယ္။

တခ်ိန္တည္းမွာပဲ ႏုိင္ငံတ၀ွမ္းမွာရွိတဲ့ စက္႐ုံ၊ အလုပ္႐ုံေတြအေနနဲ႔ ကို႐ုိနာဗုိင္းရပ္စ္နဲ႔ ပတ္သက္ၿပီး လိုက္နာရမယ့္ ေၾကညာခ်က္တရပ္ကို အလုပ္သမား လူ၀င္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အား ဦးစီးဌာနက ဧၿပီ ၁၉ ရက္ ဒီကေန႔ ေန႔စဲြနဲ႔ ထုတ္ျပန္လိုက္ပါတယ္။

အဲဒီေၾကညာခ်က္မွာေတာ့ စက္႐ုံ၊ အလုပ္႐ုံေတြအေနနဲ႔ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနရဲ႕ အႀကံျပဳခ်က္ေတြ၊ သတ္မွတ္ခ်က္ေတြနဲ႔အညီ လိုက္နာေဆာင္ရြက္ၿပီးမွ ဖြင့္လွစ္ခြင့္ျပဳမယ္လို႔ ေျပာထားပါတယ္။

စစ္ေဆးမႈေတြကိုေတာ့ လာမယ့္ မနက္ျဖန္ ဧၿပီလ ၂၀ ရက္ကေန ၃၀ ရက္အထိ လုပ္သြားမွာျဖစ္တယ္လို႔ ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------------

(Unicode)

မြန်မာနိုင်ငံမှာ COVID-19 ကူးစက်သူအဖြစ် အတည်ပြုသူ ၁၀၀ ကျော်ရှိ

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံရသူ နောက် ၁ ဦး တွေ့ရှိခဲ့တာကြောင့် အခုဆိုရင် ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၀၈ ယောက်ရှိသွားပြီ ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ဧပြီ ၁၉ ရက် ည ၈ နာရီမှာ ထုတ်ပြန်ချက်မှာတော့ ဒီကနေ့ ဓာတ်ခွဲနမူနာ ၁၈၈ ခုကို စစ်ဆေးခဲ့ရာမှာ အသက် ၈၅ နှစ်အရွယ် အမျိုးသမီးတဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်နေတာ တွေ့ရှိခဲ့ရပြီး ကျန်တဲ့သူ ၁၈၇ ယောက်မှာတော့ ရောဂါပိုး မတွေ့ရှိခဲ့ရဘူးလို့ ပြောထားပါတယ်။

ဒီကနေ့မနက် ၇ နာရီတုန်းကတော့ ရောဂါပိုးရှိသူ နောက်ထပ် ၉ဦး တွေ့ရှိခဲ့တာကြောင့် ဧပြီလ ၁၈ ရက်နေ့က ဓာတ်ခွဲစမ်းသပ်မှု ၃ ကြိမ်လုပ်တဲ့အထဲ ရောဂါပိုးရှိသူ စုစုပေါင်း ၁၃ ယောက် တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဧပြီလ ၁၉ ရက်နေ့ မနက်ပိုင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တနင်္ဂနွေနေ့မှာ ကူးစက်မှု အတည်ပြုခဲ့သူတွေ အားလုံးကတော့ ခရီးသွားဖူးတဲ့ ရာဇဝင်ရှိသူတွေ မဟုတ်ဘဲ ရောဂါပိုးရှိသူတွေနဲ့ ထိတွေ့ဆက်ဆံခဲ့ဖူးသူတွေ ဖြစ်ကြပါတယ်။

အခုချိန်ထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ၅ ယောက်ရှိကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုထားပါတယ်။

တချိန်တည်းမှာပဲ နိုင်ငံတဝှမ်းမှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး လိုက်နာရမယ့် ကြေညာချက်တရပ်ကို အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာနက ဧပြီ ၁၉ ရက် ဒီကနေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီကြေညာချက်မှာတော့ စက်ရုံ၊ အလုပ်ရုံတွေအနေနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ အကြံပြုချက်တွေ၊ သတ်မှတ်ချက်တွေနဲ့အညီ လိုက်နာဆောင်ရွက်ပြီးမှ ဖွင့်လှစ်ခွင့်ပြုမယ်လို့ ပြောထားပါတယ်။

စစ်ဆေးမှုတွေကိုတော့ လာမယ့် မနက်ဖြန် ဧပြီလ ၂၀ ရက်ကနေ ၃၀ ရက်အထိ လုပ်သွားမှာဖြစ်တယ်လို့ ပြောထားပါတယ်။

XS
SM
MD
LG