(Zawgyi / Unicode)
ကို႐ုိနာဗိုင္းရပ္စ္ ဒုတိယအေက်ာ့ ကူးစက္မႈဒဏ္ ခံေနရတဲ့ ဥေရာပႏုိင္ငံေတြမွာ ဒီေရာဂါျပန္႔ပြားမႈကို ထိန္းခ်ဳပ္ဖို႔ နည္းမ်ိဳးစံုနဲ႔ ႀကိဳးပမ္းေနၾကပါတယ္။
ကမာၻတလႊား ေန႔စဥ္ကူးစက္မႈႏႈန္း ၃ သိန္းခြဲနဲ႔ စံခ်ိန္တင္ ျမင့္တက္ေနတဲ့အထဲက သံုးပံုတပံုေလာက္ဟာ ဥေရာပကျဖစ္ေၾကာင္း ေသာၾကာေန႔မွာပဲ WHO ကမာၻ႔က်န္းမာေရးအဖြဲ႔ႀကီးက ေျပာပါတယ္။ စေနေန႔မွာ ကူးစက္မႈ စံခ်ိန္တင္ ျမင့္တက္ေနတဲ့ ႏိုင္ငံေတြကေတာ့ ေပၚတူဂီ၊ နယ္သာလန္၊ ပိုလန္နဲ႔ ႐ုရွားတို႔ ျဖစ္ပါတယ္။
ခ်က္ျပည္သူ႔သမၼတႏုိင္ငံကလည္း သူတို႔ဆီမွာ ၄ ရက္ဆက္တိုက္ ကူးစက္မႈႏႈန္း ျမင့္မားေနတယ္လို႔ ေသာၾကာေန႔မွာ ေျပာသလို အီတလီ၊ ျပင္သစ္၊ ဂ်ာမနီနဲ႔ ယူကရိန္းႏိုင္ငံေတြမွာလည္း ကူးစက္မႈ တဟုန္ထိုး ျမင့္တက္လာေနတာပါ။
အဆိုးဆံုးက စပိန္ႏုိင္ငံမွာျဖစ္ၿပီး ေသာၾကာ တရက္တည္းမွာ ေနာက္ထပ္ ကူးစက္ခံရသူ ၇,၀၀၀ ရွိေနတာပါ။ စပိန္အစိုးရက ေသာၾကာေန႔မွာပဲ မက္ဒရစ္ၿမိဳ႕ေတာ္နဲ႔ ေဒသတဝိုက္အတြက္ အေရးေပၚအေျခေန ထုတ္ျပန္လိုက္ပါတယ္။
အေမရိကန္က ကမာၻမွာ ကူးစက္မႈအမ်ားဆံုးျဖစ္ၿပီး ေသာၾကာေန႔က ကူးစက္ခံရသူ ၅၇,၀၀၀ ေက်ာ္ရွိၿပီး အခုလုိ တေန႔ကူးစက္မႈ ၅၀,၀၀၀ ေက်ာ္ေနတာ ၃ ရက္ဆက္တိုက္ ရွိခဲ့တာပါ။
ကေနဒါႏိုင္ငံမွာလည္း ဒုတိယအေက်ာ့ ကူးစက္မႈအမ်ားဆံုးက Ontario နဲ႔ Quebec ျပည္နယ္ေတြမွာ ျဖစ္ပြားေနတာေၾကာင့္ ကန္႔သတ္ပိတ္ပင္မႈ အသစ္ေတြ ခ်မွတ္ၿပီး ထိန္းခ်ဳပ္ဖုိ႔ ႀကိဳးစားေနပါတယ္။
အိႏၵိယႏုိင္ငံမွာေတာ့ စေနေန႔က ၂၄ နာရီအတြင္း ကူးစက္ခံရသူ ၇၃,၀၀၀ ေက်ာ္ရွိခဲ့တာ ျဖစ္ပါတယ္။
အခုဆို ကမာၻတလႊား ဒီေရာဂါကူးစက္ခံရသူ ၃၇ သန္းေက်ာ္ေနၿပီျဖစ္ၿပီး ေသဆံုးရသူက ၁ သန္းေက်ာ္ရွိေနတယ္လို႔ အေမရိကန္ Johns Hopkins တကၠသိုလ္ စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။
--------------------
(Unicode)
ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းဒဏ် ဥရောပ ကြံ့ကြံ့ခံ
ကိုရိုနာဗိုင်းရပ်စ် ဒုတိယအကျော့ ကူးစက်မှုဒဏ် ခံနေရတဲ့ ဥရောပနိုင်ငံတွေမှာ ဒီရောဂါပြန့်ပွားမှုကို ထိန်းချုပ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးပမ်းနေကြပါတယ်။
ကမ္ဘာတလွှား နေ့စဉ်ကူးစက်မှုနှုန်း ၃ သိန်းခွဲနဲ့ စံချိန်တင် မြင့်တက်နေတဲ့အထဲက သုံးပုံတပုံလောက်ဟာ ဥရောပကဖြစ်ကြောင်း သောကြာနေ့မှာပဲ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောပါတယ်။ စနေနေ့မှာ ကူးစက်မှု စံချိန်တင် မြင့်တက်နေတဲ့ နိုင်ငံတွေကတော့ ပေါ်တူဂီ၊ နယ်သာလန်၊ ပိုလန်နဲ့ ရုရှားတို့ ဖြစ်ပါတယ်။
ချက်ပြည်သူ့သမ္မတနိုင်ငံကလည်း သူတို့ဆီမှာ ၄ ရက်ဆက်တိုက် ကူးစက်မှုနှုန်း မြင့်မားနေတယ်လို့ သောကြာနေ့မှာ ပြောသလို အီတလီ၊ ပြင်သစ်၊ ဂျာမနီနဲ့ ယူကရိန်းနိုင်ငံတွေမှာလည်း ကူးစက်မှု တဟုန်ထိုး မြင့်တက်လာနေတာပါ။
အဆိုးဆုံးက စပိန်နိုင်ငံမှာဖြစ်ပြီး သောကြာ တရက်တည်းမှာ နောက်ထပ် ကူးစက်ခံရသူ ၇,၀၀၀ ရှိနေတာပါ။ စပိန်အစိုးရက သောကြာနေ့မှာပဲ မက်ဒရစ်မြို့တော်နဲ့ ဒေသတဝိုက်အတွက် အရေးပေါ်အခြေနေ ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန်က ကမ္ဘာမှာ ကူးစက်မှုအများဆုံးဖြစ်ပြီး သောကြာနေ့က ကူးစက်ခံရသူ ၅၇,၀၀၀ ကျော်ရှိပြီး အခုလို တနေ့ကူးစက်မှု ၅၀,၀၀၀ ကျော်နေတာ ၃ ရက်ဆက်တိုက် ရှိခဲ့တာပါ။
ကနေဒါနိုင်ငံမှာလည်း ဒုတိယအကျော့ ကူးစက်မှုအများဆုံးက Ontario နဲ့ Quebec ပြည်နယ်တွေမှာ ဖြစ်ပွားနေတာကြောင့် ကန့်သတ်ပိတ်ပင်မှု အသစ်တွေ ချမှတ်ပြီး ထိန်းချုပ်ဖို့ ကြိုးစားနေပါတယ်။
အိန္ဒိယနိုင်ငံမှာတော့ စနေနေ့က ၂၄ နာရီအတွင်း ကူးစက်ခံရသူ ၇၃,၀၀၀ ကျော်ရှိခဲ့တာ ဖြစ်ပါတယ်။
အခုဆို ကမ္ဘာတလွှား ဒီရောဂါကူးစက်ခံရသူ ၃၇ သန်းကျော်နေပြီဖြစ်ပြီး သေဆုံးရသူက ၁ သန်းကျော်ရှိနေတယ်လို့ အမေရိကန် Johns Hopkins တက္ကသိုလ် စစ်တမ်းမှာ ဖော်ပြထားပါတယ်။