သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ရောဂါပိုးအမြန်စစ်နိုင်မယ့် ကိရိယာများထွက်လာ


စပိန်နိုင်ငံ Madrid မြို့မှာ COVID ရောဂါစစ်ဆေးပေးနေတဲ့ မြင်ကွင်း။ (စက်တင်ဘာ ၀၂၊ ၂၀၂၀)
စပိန်နိုင်ငံ Madrid မြို့မှာ COVID ရောဂါစစ်ဆေးပေးနေတဲ့ မြင်ကွင်း။ (စက်တင်ဘာ ၀၂၊ ၂၀၂၀)

[Zawgyi/Unicode]

COVID 19 ကူးစက်မြန် အဆုတ်ရောင်ရောဂါ ဆက်လက် ပြန့်ပွားနေတာနဲ့အမျှ အဲဒီ ရောဂါကို မြန်မြန်ဆန်ဆန်နဲ့ စမ်းသပ်စစ်ဆေးနိုင်မှုက ရောဂါ ပျံ့နှံ့မှုကို ဟန့်တားရာမှာ အရေးကြီးပါတယ်။ အမေရိကန် ပြည်ထောင်စုထဲမှာပဲ ရောဂါကို ထိထိရောက်ရောက် တားဆီးနိုင်ဖို့ တစ်နေ့ကို စမ်းသပ် ကိရိယာပေါင်း ၄,၀၀၀,၀၀၀ ကျော် လိုအပ်တယ်ဆိုတဲ့ လေ့လာ သုံးသပ်ချက်တွေ ရှိပါတယ်။ ဒါပေမဲ့ အမေရိကန် နိုင်ငံထဲ ရောဂါ ပြန့်ပွားနေတာ ၆ လ ကြာမြင့်ခဲ့ပြီ ဖြစ်ပေမဲ့ စမ်းသပ်နိုင်တဲ့ နှုန်းကတော့ တစ်နေ့ကို ၁,၀၀၀,၀၀၀ မပြည့်သေးပါဘူး။

ရောဂါ စမ်းသပ်မှုက အရေးကြီးသလို မြန်မြန် စမ်းသပ်ပြီး ရလဒ်ကို မြန်မြန် သိနိုင်ဖို့ကလည်း အရေးကြီးပါတယ်။ အခု နောက်ဆုံး တီထွင် ထုတ်လုပ်ထားတဲ့ မြန်နှုန်းမြင့် စမ်းသပ်ကိရိယာတွေကတော့ ရောဂါပြန့်ပွားမှုကို တားဆီးရေးကို အထောက်အကူ ပြုမှာ ဖြစ်ပါတယ်။

လောလောဆယ်မှာ COVID 19 စစ်ဆေးဖို့ PCR နဲ့ antigen စမ်းသပ်မှု ပုံစံ ၂ မျိုးအသုံးပြုနေကြတာပါ။ PCR နည်းလမ်းက ရလဒ် ပိုပြီး မှန်ကန်ပေမယ့် ဓါတ်ခွဲနမူနာတွေကို ဓါတ်ခွဲခန်းကို ပို့ရတာကြောင့် ရလဒ်ကို သိရဖို့ နာရီပိုင်းကနေ သီတင်းပတ်တွေ အထိ ကြာတတ်ပါတယ်။ antigen နည်းကတော့ PCR လို အဆင့်မများသလို တိကျမှုလည်း PCR လောက် မရှိပေမဲ့ မိနစ် ၃၀ အတွင်း ဗိုင်းရပ်စ်ပိုး ရှိ-မရှိ သိနိုင်ပါတယ်။

နောက်ဆုံး တီထွင်ထုတ်လုပ်လိုက်တဲ့ စမ်းသပ် ကိရိယာကတော့ တိကျတဲ့ PCR နည်းနဲ့ ဖြစ်ပြီး သာမန် ဆရာဝန်ရဲ့ ဆေးခန်းမှာပဲ ၁၅ မိနစ်ကနေ မိနစ် ၃၀ အချိန်အတွင်း အဖြေသိရှိနိုင်မှာ ဖြစ်ပါတယ်။ နှာခေါင်း ဒါမှမဟုတ် အာခေါင်ထဲကနေ ဂွမ်းတို့ဖတ်နဲ့ ရယူထားတဲ့ ဓါတ်ခွဲ နမူနာကို အထူးပြုလုပ်ထားတဲ့ ဗူးထဲကို ထည့်ပြီး ပေါင်မုန့်ကင်စက် အရွယ်ရှိတဲ့ စက်နဲ့ စမ်းသပ်နိုင်မှာ ဖြစ်ပါတယ်။

နောက်ဆုံးပေါ် အဲဒီ ကိရိယာမျိုးကွဲတွေကို အခုအခါ အမေရိကန် အစားအသောက်နဲ့ ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးဌာနက အရေးပေါ် သုံးစွဲခွင့် အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]







XS
SM
MD
LG