[Zawgyi/Unicode]
ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံး UNHCR ရဲ႕ႏွစ္ပတ္လည္ ညီလာခံ ပထမေန႔ ဖြင့္ပြဲ အခမ္းအနားကို လူကိုယ္တိုင္ ဦးေဆာင္ တက္ေရာက္ခဲ့ၿပီးတဲ့ေနာက္ UNHCR အဖြဲ႕ မဟာမင္းႀကီး Filippo Grandi COVID-19 ကူးစက္ခံရတယ္လို႔ ေျပာပါတယ္။ တနလၤာေန႔ကစၿပီး ဂ်ီနီဗာၿမိဳ႕ မွာ တစ္ပတ္ၾကာျပဳလုပ္ေနတဲ့ UNHCR အမႈေဆာင္ ေကာ္မတီအစည္းအေဝးကို လူကိုယ္တိုင္ မတက္ေရာက္ေတာ့ဘဲ ဗီဒီယိုက တဆင့္သာ တက္ေရာက္ႏိုင္ေတာ့မယ္လို႔ Filippo Grandi က အစည္းအေဝး တက္ေရာက္သူေတြကို ဒီကေန႔ အဂၤါေန႔မွာ ေျပာလိုက္တာလည္း ျဖစ္ပါတယ္။
COVID 19 ကူးစက္ခံရလို႔ သီးျခားခြဲေနဖို႔ လိုအပ္တာေၾကာင့္ UNHCR အမႈေဆာင္ ေကာ္မတီ အစည္းအေဝးကို အိမ္ကေနပဲ တက္ေရာက္ေနေတာ့မွာ ျဖစ္တယ္လို႔လည္း Grandi က တြစ္တာမွာ ေရးသားေျပာၾကားခဲ့တာပါ။ ေရာဂါ လကၡဏာ မျပင္းထန္လို႔ မၾကာခင္ သက္သာလာမယ္လို႔ ေမွ်ာ္လင့္ေၾကာင္းလည္း သူက ေျပာပါတယ္။
UNHCR အမႈေဆာင္ ေကာ္မတီ ႏွစ္လည္ ညီလာခံ ပထမေန႔ ဖြင့္ပြဲ အခမ္းအနား က်င္းပတဲ့ ကုလသမဂၢ အစည္းအေဝးခန္းမႀကီးမွာ တနလၤာေန႔က Grandi က ကိုယ္စားလွယ္ အဖြဲ႕ေတြကို စင္ျမင့္ေပၚကေန မိန႔္ခြန္းေျပာၾကားခဲ့တာပါ။
UNHCR အဖြဲ႕ရဲ႕ အမႈေဆာင္ ေကာ္မတီ အစည္းအေဝးကို ဒီႏွစ္မွာ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ လူကိုယ္တိုင္နဲ႔ အေဝးေရာက္ ႏွစ္မ်ိဳး ေရာၿပီး က်င္းပေနတာ ျဖစ္ပါတယ္။ ကန႔္သတ္ထားတဲ့ ကိုယ္စားလွယ္ အနည္းငယ္သာ လူကိုယ္တိုင္ တက္ေရာက္ႏိုင္ၿပီး ႏွာေခါင္းစည္း ဝတ္ဖို႔နဲ႔ လူခ်င္းခြဲျခားၿပီးေနဖို႔ ကန႔္သတ္ခ်က္ေတြနဲ႔သာ တက္ေရာက္ခြင့္ ျပဳထားတာ ျဖစ္ပါတယ္။
[Unicode Version]
ဒုက္ခသည်များဆိုင်ရာ ကုလမဟာမင်းကြီး COVID 19 ကူးစက်ခံရ
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့နှစ်ပတ်လည် ညီလာခံ ပထမနေ့ ဖွင့်ပွဲ အခမ်းအနားကို လူကိုယ်တိုင် ဦးဆောင် တက်ရောက်ခဲ့ပြီးတဲ့နောက် UNHCR အဖွဲ့ မဟာမင်းကြီး Filippo Grandi COVID-19 ကူးစက်ခံရတယ်လို့ ပြောပါတယ်။ တနင်္လာနေ့ကစပြီး ဂျီနီဗာမြို့ မှာ တစ်ပတ်ကြာပြုလုပ်နေတဲ့ UNHCR အမှုဆောင် ကော်မတီအစည်းအဝေးကို လူကိုယ်တိုင် မတက်ရောက်တော့ဘဲ ဗီဒီယိုက တဆင့်သာ တက်ရောက်နိုင်တော့မယ်လို့ Filippo Grandi က အစည်းအဝေး တက်ရောက်သူတွေကို ဒီကနေ့ အင်္ဂါနေ့မှာ ပြောလိုက်တာလည်း ဖြစ်ပါတယ်။
COVID 19 ကူးစက်ခံရလို့ သီးခြားခွဲနေဖို့ လိုအပ်တာကြောင့် UNHCR အမှုဆောင် ကော်မတီ အစည်းအဝေးကို အိမ်ကနေပဲ တက်ရောက်နေတော့မှာ ဖြစ်တယ်လို့လည်း Grandi က တွစ်တာမှာ ရေးသားပြောကြားခဲ့တာပါ။ ရောဂါ လက္ခဏာ မပြင်းထန်လို့ မကြာခင် သက်သာလာမယ်လို့ မျှော်လင့်ကြောင်းလည်း သူက ပြောပါတယ်။
UNHCR အမှုဆောင် ကော်မတီ နှစ်လည် ညီလာခံ ပထမနေ့ ဖွင့်ပွဲ အခမ်းအနား ကျင်းပတဲ့ ကုလသမဂ္ဂ အစည်းအဝေးခန်းမကြီးမှာ တနင်္လာနေ့က Grandi က ကိုယ်စားလှယ် အဖွဲ့တွေကို စင်မြင့်ပေါ်ကနေ မိန့်ခွန်းပြောကြားခဲ့တာပါ။
UNHCR အဖွဲ့ရဲ့ အမှုဆောင် ကော်မတီ အစည်းအဝေးကို ဒီနှစ်မှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် လူကိုယ်တိုင်နဲ့ အဝေးရောက် နှစ်မျိုး ရောပြီး ကျင်းပနေတာ ဖြစ်ပါတယ်။ ကန့်သတ်ထားတဲ့ ကိုယ်စားလှယ် အနည်းငယ်သာ လူကိုယ်တိုင် တက်ရောက်နိုင်ပြီး နှာခေါင်းစည်း ဝတ်ဖို့နဲ့ လူချင်းခွဲခြားပြီးနေဖို့ ကန့်သတ်ချက်တွေနဲ့သာ တက်ရောက်ခွင့် ပြုထားတာ ဖြစ်ပါတယ်။