သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ေရာဂါပုိးမႊားေတြ ေလထဲကျပန္႔ႏုိင္ေၾကာင္း ကန္ CDC ေျပာ


CDC ဌာနခ်ဳပ္

(Zawgyi/Unicode)

COVID-19 ေရာဂါဟာ ေလထဲကတဆင့္ ပ်ံ႕ႏွံ႕နိုင္တာကို အေမရိကန္ ကူးစက္ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးဌာန CDC က အသိ အမွတ္ျပဳလက္ခံလိုက္ၿပီျဖစ္ပါတယ္။ ခႏၶာကိုယ္က ထြက္ရွိတဲ့ ကိုရိုနာဗိုင္းရပ္စ္ေရာဂါပိုး ပါရွိတဲ့ အရည္ အမႈန္အမႊားေလးေတြက ေရာဂါရွိသူ နဲ႔ ၂ မီတာအတြင္း ထိေတြ႕မႈကေန စကားေျပာတာ၊ အသက္ရႈတာ၊ ေခ်ာင္းဆိုးတာနဲ႔ ႏွာေခ်တာေတြကေန အဓိက ကူးစက္ တာျဖစ္တယ္လို႔ CDC က အရင္ကေျပာေနခဲ့တာပါ။

မေန႔တုန္းကေတာ့ CDC ရဲ႕ ဝက္ဆိုက္မွာ ဗိုင္းရပ္စ္ပိုးပါတဲ့ အရည္ အမႈန္ အမႊားေလးေတြက ေရာဂါကူးစက္ခံထားရသူ တေယာက္ေယာက္ရွိတဲ့ ေနရာတဝိုက္ ၂ မီတာထက္ေက်ာ္ၿပီး ကူးစက္နိုင္သလို ၊ ေရာဂါပိုးရွိသူ ထြက္ခြာသြားၿပီး အခ်ိန္တို အတြင္း ေလထဲမွာ ရွိေနနိုင္တယ္ လို႔ ေျပာင္းလဲ ေဖာ္ျပ ထားပါတယ္။

ဒီလို ေရာဂါပိုးအမႈန္အမႊားေတြကေန တဆင့္ကူးစက္နိုင္တဲ့ အေျခအေနမ်ိဳးက ေလဝင္ေလထြက္ မေကာင္းတဲ့ေနရာနဲ႔ အလုံပိတ္ ေနရာေတြမွာ ပိုၿပီး ျဖစ္နိုင္တယ္လို႔ CDC ရဲ့ ေနာက္ဆုံး လမ္းညြန္ခ်က္ေတြမွာ ေဖာ္ျပထားပါတယ္။ အထူးသျဖင့္ ဒီလိုေနရာေတြမွာ အသက္ျပင္းျပင္းရႈတာ၊ သီခ်င္းဆိုတာနဲ႔ ေလ့က်င့္ခန္းလုပ္တာမ်ိဳးေတြကေနတဆင့္ ကူးစက္နိုင္တယ္လို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့ လတုန္းကလည္း CDC က ဒီလို ေရာဂါပိုးပါရွိတဲ့ အရည္အမႈန္အမႊားေလးေတြကတဆင့္ ေနရာအေတာ္ေဝးေဝးထိ ေရာဂါ ျပန္႔ႏွံ့ကူးစက္နိုင္ေၾကာင္း လမ္းညႊန္ခ်က္ထုတ္ျပန္ခဲ့ပါေသးတယ္။​ ဒါေပမဲ့ အဲဒီလို တင္ထားတဲ့ ပို႔စ္ကိုရက္သိပ္မၾကာခင္မွာပဲ ျပန္ျဖဳတ္ ခ်ခဲ့ပါတယ္။ နည္းပညာပိုင္းအရ ေသခ်ာ မစစ္ေဆးရေသးခင္မွာ မွားၿပီးတင္ခဲ့တာလို႔ ေျပာၿပီး CDC ျပန္ျဖဳတ္ခ်ခဲ့တာပါ။

COVID-19 ဘယ္လိုကူးစက္ပ်ံ႕ႏွံ႔သလဲဆိုတာနဲ႔ ပတ္သက္ၿပီးလည္း က်န္းမာေရးပညာရွင္ေတြၾကား လေပါင္းမ်ားစြာ ျငင္းခုံေနၾက တာပါ။ ဇူလိုင္လတုန္းကလည္း နိုင္ငံေပါင္း ၃၀ ေက်ာ္က သိပၸံပညာရွင္ ၂၀၀ ေက်ာ္က ဒီဗိုင္းရပ္စ္ပိုး ေလထဲကေနပ်ံ႕ႏွံ႕ ကူးစက္နိုင္တဲ့ အေထာက္အထားေတြ ရွိေနတာကို ထည့္သြင္း စဥ္းစားေပးဖို႔ ကမၻာ့က်န္းမာေရးအဖြဲ႕ WHO ကို အိတ္ဖြင့္ေပးစာေပးပို႔တိုက္တြန္း ခဲ့ပါတယ္။

ဒါ့အျပင္ တနလၤာေန႔တုန္းက ထုတ္ျပန္ခဲ့တဲ့ ေလ့လာေတြ႕ရွိခ်က္တခုမွာေတာ့ COVID-19 ကူးစက္မႈေၾကာင့္ ေဆး႐ုံတက္ကုသမႈ ခံယူရတဲ့ သူေတြထဲက ၃ ပုံ ၁ ပုံနီးပါးဟာ (က်န္ လူနာ ၈၉ % နဲ႔ႏွိုင္းယွဥ္ရင္) စိတ္ရႈပ္ေထြးတာ၊ ေခါင္းကိုက္တာ၊ မူးေဝတာ နဲ႔ ႂကြက္သားနာက်င္တာ စတဲ့ ဦးေႏွာက္နဲ႔ အာ႐ုံေၾကာဆိုင္ရာ မူမမွန္တဲ့ ေရာဂါလကၡဏာေတြခံစားရတယ္လို႔ေဖာ္ျပထားပါတယ္။

တခ်ိန္ထဲမွာဘဲ COVID-19 ကာကြယ္ေဆးနဲ႔ ပတ္သက္လို႔ အေရးေပၚထုတ္လုပ္ခြင့္ျပဳဖို႔ကို အိမ္ျဖဴေတာ္ အေနနဲ႔ တိက်တဲ့ စည္းကမ္းလမ္းညႊန္ခ်က္ေတြကို ထုတ္ျပန္ေပးဖို႔ အေမရိကန္ အစားအေသာက္နဲ႔ ေဆးဝါးကြပ္ကဲေရးဌာနကေတာင္းဆိုတာကို အိမ္ျဖဴေတာ္က ျငင္းဆန္ထားေၾကာင္း အေမရိကန္ သတင္း မီဒီယာေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


..................

ကိုဗစ်ရောဂါပိုးမွှားတွေ လေထဲကပြန့်နိုင်ကြောင်း ကန် CDC ပြော

(Unicode)

COVID-19 ရောဂါဟာ လေထဲကတဆင့် ပျံ့နှံ့နိုင်တာကို အမေရိကန် ကူးစက်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန CDC က အသိ အမှတ်ပြုလက်ခံလိုက်ပြီဖြစ်ပါတယ်။ ခန္ဓာကိုယ်က ထွက်ရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ပါရှိတဲ့ အရည် အမှုန်အမွှားလေးတွေက ရောဂါရှိသူ နဲ့ ၂ မီတာအတွင်း ထိတွေ့မှုကနေ စကားပြောတာ၊ အသက်ရှုတာ၊ ချောင်းဆိုးတာနဲ့ နှာချေတာတွေကနေ အဓိက ကူးစက် တာဖြစ်တယ်လို့ CDC က အရင်ကပြောနေခဲ့တာပါ။

မနေ့တုန်းကတော့ CDC ရဲ့ ဝက်ဆိုက်မှာ ဗိုင်းရပ်စ်ပိုးပါတဲ့ အရည် အမှုန် အမွှားလေးတွေက ရောဂါကူးစက်ခံထားရသူ တယောက်ယောက်ရှိတဲ့ နေရာတဝိုက် ၂ မီတာထက်ကျော်ပြီး ကူးစက်နိုင်သလို ၊ ရောဂါပိုးရှိသူ ထွက်ခွာသွားပြီး အချိန်တို အတွင်း လေထဲမှာ ရှိနေနိုင်တယ် လို့ ပြောင်းလဲ ဖော်ပြ ထားပါတယ်။

ဒီလို ရောဂါပိုးအမှုန်အမွှားတွေကနေ တဆင့်ကူးစက်နိုင်တဲ့ အခြေအနေမျိုးက လေဝင်လေထွက် မကောင်းတဲ့နေရာနဲ့ အလုံပိတ် နေရာတွေမှာ ပိုပြီး ဖြစ်နိုင်တယ်လို့ CDC ရဲ့ နောက်ဆုံး လမ်းညွန်ချက်တွေမှာ ဖော်ပြထားပါတယ်။ အထူးသဖြင့် ဒီလိုနေရာတွေမှာ အသက်ပြင်းပြင်းရှုတာ၊ သီချင်းဆိုတာနဲ့ လေ့ကျင့်ခန်းလုပ်တာမျိုးတွေကနေတဆင့် ကူးစက်နိုင်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ လတုန်းကလည်း CDC က ဒီလို ရောဂါပိုးပါရှိတဲ့ အရည်အမှုန်အမွှားလေးတွေကတဆင့် နေရာအတော်ဝေးဝေးထိ ရောဂါ ပြန့်နှံ့ကူးစက်နိုင်ကြောင်း လမ်းညွှန်ချက်ထုတ်ပြန်ခဲ့ပါသေးတယ်။ ဒါပေမဲ့ အဲဒီလို တင်ထားတဲ့ ပို့စ်ကိုရက်သိပ်မကြာခင်မှာပဲ ပြန်ဖြုတ် ချခဲ့ပါတယ်။ နည်းပညာပိုင်းအရ သေချာ မစစ်ဆေးရသေးခင်မှာ မှားပြီးတင်ခဲ့တာလို့ ပြောပြီး CDC ပြန်ဖြုတ်ချခဲ့တာပါ။

COVID-19 ဘယ်လိုကူးစက်ပျံ့နှံ့သလဲဆိုတာနဲ့ ပတ်သက်ပြီးလည်း ကျန်းမာရေးပညာရှင်တွေကြား လပေါင်းများစွာ ငြင်းခုံနေကြ တာပါ။ ဇူလိုင်လတုန်းကလည်း နိုင်ငံပေါင်း ၃၀ ကျော်က သိပ္ပံပညာရှင် ၂၀၀ ကျော်က ဒီဗိုင်းရပ်စ်ပိုး လေထဲကနေပျံ့နှံ့ ကူးစက်နိုင်တဲ့ အထောက်အထားတွေ ရှိနေတာကို ထည့်သွင်း စဉ်းစားပေးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကို အိတ်ဖွင့်ပေးစာပေးပို့တိုက်တွန်း ခဲ့ပါတယ်။

ဒါ့အပြင် တနင်္လာနေ့တုန်းက ထုတ်ပြန်ခဲ့တဲ့ လေ့လာတွေ့ရှိချက်တခုမှာတော့ COVID-19 ကူးစက်မှုကြောင့် ဆေးရုံတက်ကုသမှု ခံယူရတဲ့ သူတွေထဲက ၃ ပုံ ၁ ပုံနီးပါးဟာ (ကျန် လူနာ ၈၉ % နဲ့နှိုင်းယှဉ်ရင်) စိတ်ရှုပ်ထွေးတာ၊ ခေါင်းကိုက်တာ၊ မူးဝေတာ နဲ့ ကြွက်သားနာကျင်တာ စတဲ့ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ မူမမှန်တဲ့ ရောဂါလက္ခဏာတွေခံစားရတယ်လို့ဖော်ပြထားပါတယ်။

တချိန်ထဲမှာဘဲ COVID-19 ကာကွယ်ဆေးနဲ့ ပတ်သက်လို့ အရေးပေါ်ထုတ်လုပ်ခွင့်ပြုဖို့ကို အိမ်ဖြူတော် အနေနဲ့ တိကျတဲ့ စည်းကမ်းလမ်းညွှန်ချက်တွေကို ထုတ်ပြန်ပေးဖို့ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနကတောင်းဆိုတာကို အိမ်ဖြူတော်က ငြင်းဆန်ထားကြောင်း အမေရိကန် သတင်း မီဒီယာတွေက ပြောပါတယ်။

XS
SM
MD
LG