သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကူးစက္မႈ ကမာၻ႔ လူဦးေရ ၁၀% ထိ ရွိလာမည္ဟု WHO ခန္႔မွန္း


ပါလက္စတိုင္းႏိုင္ငံ Gaza ၿမိဳ႕ရွိ ဘဏ္တခုမွာ တန္းစီေနၾကတဲ့ လူတစု။ (စက္တင္ဘာ ၀၁၊ ၂၀၂၀)

[Zawgyi/Unicode]

ကမာၻတဝန္း ခန္႔မွန္းေျခ လူ ၁၀ ေယာက္မွာ ၁ ေယာက္ႏႈန္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ႏိုင္ေျခရွိတယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီး WHO က ေျပာပါတယ္။ WHO ရဲ႕ ခန္႔မွန္းခ်က္ေတြအရ ကမာၻ႔လူဦးေရရဲ႕ ၁၀ ရာခိုင္ႏႈန္း ေရာဂါကူးစက္ႏိုင္တယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕၊ အေရးေပၚ က်န္းမာေရးအစီအစဥ္ အႀကီးအကဲ Michael Ryan က တနလၤာေန႔က ေျပာတာပါ။ ဒီခန္႔မွန္းခ်က္အရ တကမာၻလုံး အတိုင္းအတာနဲ႔ ေရာဂါကူးစက္ႏိုင္ေျခ သန္း ၇၆၀ ေက်ာ္ရွိၿပီး ဒါဟာ အခုလက္ရွိ ကူးစက္သူ အေရအတြက္ထက္ အဆေပါင္း ၂၀ ေလာက္ပိုမ်ားတာပါ။

ကမာၻ႔ႏိုင္ငံေတာ္ေတာ္မ်ားမ်ား ကူးစက္မႈႏႈန္းကြာေပမဲ့ ေရာဂါ ဆက္ၿပီး ကူးစက္ပ်ံ႕ႏွံ႔ႏိုင္တဲ့ အႏၴရာယ္ရွိေနေသးတယ္လို႔လည္း Ryan က ဂ်နီဗာၿမိဳ႕ မွာျပဳလုပ္တဲ့ WHO အလုပ္အမႈေဆာင္ ၃၄ ဦးပါ အစည္းအေဝးမွာ ေျပာပါတယ္။ Johns Hopkins ကို႐ိုနာဗိုင္းရပ္စ္ သုေတသနစင္တာစာရင္းေတြအရ လက္ရွိ တကမာၻလုံး ကို႐ိုနာဗိုင္းရပ္စ္ကူးစက္သူ ၃၅ သန္းရွိၿပီး ေသဆုံးသူက ၁,၀၀၀,၀၀၀ ေက်ာ္ရွိပါတယ္။

ဥေရာပတလႊား ဂ်ာမဏီႏိုင္ငံမွာ တနလၤာေန႔ကအထိကူးစက္သူ ၃၀၀,၀၀၀ ေက်ာ္ရွိၿပီး ၿဗိတိန္မွာ ၅၀၀,၀၀၀ နဲ႔ စပိန္မွာ ၈၀၀,၀၀၀ ေက်ာ္ရွိပါတယ္။ ၿဗိတိန္မွာ ဒုတိယအႀကီးဆုံး႐ုပ္ရွင္႐ုံလုပ္ငန္းႀကီးျဖစ္တဲ့ Cineworld ကလည္း မေန႔ တနလၤာေန႔ကစၿပီး ၿဗိတိန္နဲ႔အေမရိက က ႐ုပ္ရွင္႐ုံေတြကို ယာယီပိတ္ထားမွာ ျဖစ္တယ္လို႔ ေျပာပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ ထိန္းခ်ဳပ္ေရး ကန္႔သတ္ခ်က္ေတြေၾကာင့္ ႐ုပ္ရွင္႐ုံလုပ္ငန္းေတြ ထိခိုက္ရၿပီး Cineworld က ဝန္ထမ္း ၄၅,၀၀၀ ေလာက္အလုပ္လက္မဲ့ ျဖစ္တယ္လို႔ ေျပာပါတယ္။ ႏိုင္ငံတြင္း အလုပ္လက္မဲ့ေတြမ်ားလာၿပီး စီးပြါးေရးက်ဆင္းလာႏိုင္တာေၾကာင့္ ၿဗိတိန္အစိုးရက တနလၤာေန႔တုန္းက အေမရိကန္ ေဒၚလာ သန္း ၃၀၀ တန္ ေထာက္ပံ့ေရး အစီအစဥ္တရပ္ကို စတင္ေဆာင္႐ြက္ေနပါတယ္။

အေမရိကန္ႏိုင္ငံမွာ ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္း အထူးသျဖင့္ အေနာက္ပိုင္းနဲ႔ အေနာက္အလယ္ပိုင္း ျပည္နယ္အေတာ္မ်ားမ်ားမွာ ေရာဂါကူးစက္မႈႏႈန္းတိုးလာတယ္လို႔ Washington Post သတင္းစာက ေဖာ္ျပပါတယ္။ အခုထိ ႏိုင္ငံတြင္း ကူးစက္မႈ ၇.၄ သန္းေက်ာ္နဲ႔ ေသဆုံးသူ ၂၁၀,၀၀၀ နီးပါးရွိပါတယ္။ အိႏၵိယမွာ ကူးစက္သူ ေပါင္း ၆.၆ သန္းေက်ာ္နဲ႔ ေသဆုံးသူက ၁၀၀,၀၀၀ ေက်ာ္ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကူးစက်မှု ကမ္ဘာ့ လူဦးရေ ၁၀% ထိ ရှိလာမည်ဟု WHO ခန့်မှန်း

ကမ္ဘာတဝန်း ခန့်မှန်းခြေ လူ ၁၀ ယောက်မှာ ၁ ယောက်နှုန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်ခြေရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ပြောပါတယ်။ WHO ရဲ့ ခန့်မှန်းချက်တွေအရ ကမ္ဘာ့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်း ရောဂါကူးစက်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အရေးပေါ် ကျန်းမာရေးအစီအစဉ် အကြီးအကဲ Michael Ryan ကတနင်္လာနေ့က ပြောတာပါ။ ဒီခန့်မှန်းချက်အရ တကမ္ဘာလုံး အတိုင်းအတာနဲ့ ရောဂါကူးစက်နိုင်ခြေ သန်း ၇၆၀ ကျော်ရှိပြီး ဒါဟာ အခုလက်ရှိ ကူးစက်သူ အရေအတွက်ထက် အဆပေါင်း ၂၀ လောက်ပိုများတာပါ။

ကမ္ဘာ့နိုင်ငံတော်တော်များများ ကူးစက်မှုနှုန်းကွာပေမဲ့ ရောဂါ ဆက်ပြီး ကူးစက်ပျံ့နှံ့နိုင်တဲ့ အန္ထရာယ်ရှိနေသေးတယ်လို့လည်း Ryan က ဂျနီဗာမြို့ မှာပြုလုပ်တဲ့ WHO အလုပ်အမှုဆောင် ၃၄ ဦးပါ အစည်းအဝေးမှာ ပြောပါတယ်။ Johns Hopkins ကိုရိုနာဗိုင်းရပ်စ် သုတေသနစင်တာစာရင်းတွေအရ လက်ရှိ တကမ္ဘာလုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၃၅ သန်းရှိပြီး သေဆုံးသူက ၁,၀၀၀,၀၀၀ ကျော်ရှိပါတယ်။

ဥရောပတလွှား ဂျာမဏီနိုင်ငံမှာ တနင်္လာနေ့ကအထိကူးစက်သူ ၃၀၀,၀၀၀ ကျော်ရှိပြီး ဗြိတိန်မှာ ၅၀၀,၀၀၀ နဲ့ စပိန်မှာ ၈၀၀,၀၀၀ ကျော်ရှိပါတယ်။ ဗြိတိန်မှာ ဒုတိယအကြီးဆုံးရုပ်ရှင်ရုံလုပ်ငန်းကြီးဖြစ်တဲ့ Cineworld ကလည်း မနေ့ တနင်္လာနေ့ကစပြီး ဗြိတိန်နဲ့အမေရိက က ရုပ်ရှင်ရုံတွေကို ယာယီပိတ်ထားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေး ကန့်သတ်ချက်တွေကြောင့် ရုပ်ရှင်ရုံလုပ်ငန်းတွေ ထိခိုက်ရပြီး Cineworld က ဝန်ထမ်း ၄၅,၀၀၀ လောက်အလုပ်လက်မဲ့ ဖြစ်တယ်လို့ ပြောပါတယ်။ နိုင်ငံတွင်း အလုပ်လက်မဲ့တွေများလာပြီး စီးပွါးရေးကျဆင်းလာနိုင်တာကြောင့် ဗြိတိန်အစိုးရက တနင်္လာနေ့တုန်းက အမေရိကန် ဒေါ်လာ သန်း ၃၀၀ တန် ထောက်ပံ့ရေး အစီအစဉ်တရပ်ကို စတင်ဆောင်ရွက်နေပါတယ်။

အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အထူးသဖြင့် အနောက်ပိုင်းနဲ့ အနောက်အလယ်ပိုင်း ပြည်နယ်အတော်များများမှာ ရောဂါကူးစက်မှုနှုန်းတိုးလာတယ်လို့ Washington Post သတင်းစာက ဖော်ပြပါတယ်။ အခုထိ နိုင်ငံတွင်း ကူးစက်မှု ၇.၄ သန်းကျော်နဲ့ သေဆုံးသူ ၂၁၀,၀၀၀ နီးပါးရှိပါတယ်။ အိန္ဒိယမှာ ကူးစက်သူ ပေါင်း ၆.၆ သန်းကျော်နဲ့ သေဆုံးသူက ၁၀၀,၀၀၀ ကျော်ရှိပါတယ်။

XS
SM
MD
LG