သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလးရွား၀န္ႀကီးခ်ဳပ္ ကိုဗစ္ကူးစက္မႈရွိမရွိ သီးသန္႔ခဲြေစာင့္ၾကည့္ခံေနရ


မေလးရွား၀န္ႀကီးခ်ဳပ္ Muhyiddin Yassin

(Zawgyi/Unicode)

မေလးရွား ဝန္ႀကီးခ်ဳပ္ Muhyiddin Yassin ဟာ COVID-19 ကူးစက္ခံထားရသူ အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးတစ္ဦးနဲ႔ ထိေတြ႔မႈ ရွိခဲ့တာ ေၾကာင့္ quarantine ၁၄ ရက္သီးျခားခြဲ ေနမယ္လို႔ တနလၤာေန႔က ေျပာပါတယ္။

အသက္ ၇၃ ႏွစ္ရွိၿပီျဖစ္တဲ့ ဝန္ႀကီးခ်ဳပ္ Yassin က စေနေန႔က က်င္းပတဲ့ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈ ဆိုင္ရာအစည္းအေဝးပြဲမွာ သာသနာေရးရာ ဝန္ႀကီး Zulkifli Mohamad Al-Bakri အတူရွိေနခဲ့တယ္လို႔ ဆိုပါတယ္။

အစည္းအေဝးအၿပီး ၂ ရက္အၾကာ မေန႔က ဝန္ႀကီး Zulkifli မွာ COVID-19 ကူးစက္ခံထားရတာကို သိခဲ့ရတာျဖစ္ၿပီး သူ႔အတြက္ ေရာဂါစမ္းသပ္စစ္ေဆးမႈအားလုံးမွာေတာ့ ပိုးကင္းစင္တယ္လို႔ တယ္လို႔ ဝန္ႀကီးခ်ဳပ္Yassinကေျပာပါတယ္။

အစိုးရပိုင္ Bernama သတင္း ဌာန က အဲဒီအစည္းအေဝးကို လုံျခဳံေရးဌာန ဝန္ႀကီး၊ က်န္းမာေရး ဝန္ႀကီးဌာန ညႊန္ၾကားေရးမႈးးခ်ဳပ္နဲ႔ ရဲတပ္ဖြဲ႕ နဲ႔ ကာကြယ္ေရးဌာနကအႀကီး အကဲေတြလည္း တက္ေရာက္ခဲ့တယ္လို႔ ေျပာပါတယ္။

မေလးရွားမွာ ၿပီးခဲ့တဲ့ လက Sabah ျပည္နယ္ေရြးေကာက္ပြဲေနာက္ဆက္တြဲ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈ တျဖည္းျဖည္းျမင့္တက္လာ တာပါ။ မေန႔ ကတရက္ထဲ ကူးစက္သူ ၄၃၂ ေယာက္ရွိပါတယ္။

Sabah ျပည္နယ္ေရြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးေရးကို ဝန္ႀကီးခ်ဳပ္ Yassin နဲ႔ ဝန္ႀကီးZulkifli တို႔ သြားေရာက္ခဲ့ၿပီး အျပန္မွာ သီးျခားခြဲ quarantine မေနခဲ့တဲ့ အတြက္လည္း ေဝဖန္မႈေတြထြက္ေပၚလာခဲ့ပါတယ္။ ဒီေနာက္ပိုင္းမွာလည္း သူတို႔ႏွစ္ဦးစလုံး အခမ္းအနားပြဲေတြကို တက္ခဲ့တာပါ။

မေလးရွားးဝန္ႀကီးခ်ဳပ္ Muhyiddin Yassin ဟာ ၂၀၁၈ခုႏွစ္တုန္းက ပန္ကရိယ ကင္ဆာေရာဂါခံစားရတာေၾကာင့္ ေဆးကုသမႈ ခံခဲ့ရဖူးပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

မလေးရှားဝန်ကြီးချုပ် ကိုဗစ်ကူးစက်မှုရှိမရှိ သီးသန့်ခွဲစောင့်ကြည့်ခံနေရ

(Unicode)

မလေးရှား ဝန်ကြီးချုပ် Muhyiddin Yassin ဟာ COVID-19 ကူးစက်ခံထားရသူ အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးနဲ့ ထိတွေ့မှု ရှိခဲ့တာ ကြောင့် quarantine ၁၄ ရက်သီးခြားခွဲ နေမယ်လို့ တနင်္လာနေ့က ပြောပါတယ်။

အသက် ၇၃ နှစ်ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ် Yassin က စနေနေ့က ကျင်းပတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆိုင်ရာအစည်းအဝေးပွဲမှာ သာသနာရေးရာ ဝန်ကြီး Zulkifli Mohamad Al-Bakri အတူရှိနေခဲ့တယ်လို့ ဆိုပါတယ်။

အစည်းအဝေးအပြီး ၂ ရက်အကြာ မနေ့က ဝန်ကြီး Zulkifli မှာ COVID-19 ကူးစက်ခံထားရတာကို သိခဲ့ရတာဖြစ်ပြီး သူ့အတွက် ရောဂါစမ်းသပ်စစ်ဆေးမှုအားလုံးမှာတော့ ပိုးကင်းစင်တယ်လို့ တယ်လို့ ဝန်ကြီးချုပ်Yassinကပြောပါတယ်။

အစိုးရပိုင် Bernama သတင်း ဌာန က အဲဒီအစည်းအဝေးကို လုံခြုံရေးဌာန ဝန်ကြီး၊ ကျန်းမာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှုးးချုပ်နဲ့ ရဲတပ်ဖွဲ့ နဲ့ ကာကွယ်ရေးဌာနကအကြီး အကဲတွေလည်း တက်ရောက်ခဲ့တယ်လို့ ပြောပါတယ်။

မလေးရှားမှာ ပြီးခဲ့တဲ့ လက Sabah ပြည်နယ်ရွေးကောက်ပွဲနောက်ဆက်တွဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တဖြည်းဖြည်းမြင့်တက်လာ တာပါ။ မနေ့ ကတရက်ထဲ ကူးစက်သူ ၄၃၂ ယောက်ရှိပါတယ်။

Sabah ပြည်နယ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကို ဝန်ကြီးချုပ် Yassin နဲ့ ဝန်ကြီးZulkifli တို့ သွားရောက်ခဲ့ပြီး အပြန်မှာ သီးခြားခွဲ quarantine မနေခဲ့တဲ့ အတွက်လည်း ဝေဖန်မှုတွေထွက်ပေါ်လာခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာလည်း သူတို့နှစ်ဦးစလုံး အခမ်းအနားပွဲတွေကို တက်ခဲ့တာပါ။

မလေးရှားးဝန်ကြီးချုပ် Muhyiddin Yassin ဟာ ၂၀၁၈ခုနှစ်တုန်းက ပန်ကရိယ ကင်ဆာရောဂါခံစားရတာကြောင့် ဆေးကုသမှု ခံခဲ့ရဖူးပါတယ်။

XS
SM
MD
LG