သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အဓမၼအလုပ္ခိုင္းေစမႈစြဲခ်က္နဲ႔ မေလးရွားဆီအုန္းကုမၸဏီ အေမရိကန္အေရးယူ


မေလးရွား ဆီအုန္း စိုက္ပ်ိဳးေရး ကုမၸဏီ FGV။ (ေအာက္တိုဘာ ၀၁၊ ၂၀၂၀)

[Zawgyi/Unicode]

အဓမၼ လုပ္အား ေစခိုင္းမႈနဲ႔ တျခား စြပ္စြဲခ်က္ေတြနဲ႔ မေလးရွား ဆီအုန္း စိုက္ပ်ိဳးေရး ကုမၸဏီ FGV ရဲ႕ ထုတ္ကုန္ပစၥည္းေတြ အေမရိကန္ႏိုင္ငံထဲ တင္သြင္းမႈ ပိတ္ပင္ခံလိုက္ရၿပီးတဲ့ေနာက္မွာ အဲဒီ ကုမၸဏီက အမည္ပ်က္စာရင္းကေန ျပန္လည္ ကင္းလြတ္ခြင့္ရေရး ႀကိဳးပမ္းသြားမယ္လို႔ ေျပာပါတယ္။

မေလးရွားကုမၸဏီ FGV ရဲ႕ ထုတ္ကုန္ေတြ အေမရိကန္ႏိုင္ငံထဲ တင္သြင္းခြင့္ ပိတ္ပင္ေၾကာင္းကို အေမရိကန္ အေကာက္ခြန္နဲ႔ နယ္စပ္ ကာကြယ္ေရးဌာန (U. S. CBP) က ဗုဒၶဟူးေန႔က ေၾကညာခဲ့တာပါ။ အဲဒီ ကုမၸဏီရဲ႕ လုပ္ငန္းခြင္မွာ အဓမၼ အလုပ္ေစခိုင္းမႈ၊ လိင္ပိုင္းဆိုင္ရာနဲ႔ ခႏၶာကိုယ္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈေတြ ရွိတာကို ေတြ႕ရွိရတာေၾကာင့္ အခုလို ပိတ္ပင္တာလည္း ျဖစ္ပါတယ္။

FGV ကေတာ့ လုပ္ငန္းခြင္ အေျခအေန ေကာင္းမြန္ေအာင္ ႀကိဳးပမ္းေနခ်ိန္မွာ အခုလို အေရးယူခံရလို႔ မေက်မနပ္ ျဖစ္မိတယ္လို႔ ေျပာပါတယ္။

မေလးရွားႏိုင္ငံဟာ ကမာၻမွာ စားအုန္းဆီထုတ္လုပ္မႈ ဒုတိယအမ်ားဆုံး ႏိုင္ငံ ျဖစ္ပါတယ္။ အင္ဒိုနီးရွားနဲ႔ မေလးရွားႏွစ္ႏိုင္ငံေပါင္း စားအုန္းဆီထုတ္လုပ္မႈက ကမာၻ႔ေဈးကြက္ရဲ႕ ၈၅ ရာခိုင္ႏႈန္းနဲ႔ အေမရိကန္ ေဒၚလာ ၆၅ ဘီလီယံ တန္ဖိုးရွိပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္က ပရဟိတ အဖြဲ႕အစည္းတခ်ိဳ႕က FGV ရဲ႕ အလုပ္ခြင္ အေျခအေနနဲ႔ ပတ္သက္ၿပီး ေမတၱာရပ္ခံပန္ၾကားလႊာတစ္ေစာင္ကို ထုတ္ျပန္ခဲ့ရာကေန အလုပ္သမားေတြအေပၚ မေတာ္မေရာ္ လုပ္ေဆာင္မႈေတြ ေပၚထြက္လာတာ ျဖစ္ပါတယ္။ အဲဒီ ပန္ၾကားလႊာထြက္လာ ၿပီးတဲ့ ေနာက္မွာ AP သတင္းေထာက္ေတြက ႏိုင္ငံ ၈ ႏိုင္ငံကလာတဲ့ လက္ရွိနဲ႔ အရင္ အလုပ္သမား ၁၃၀ ေက်ာ္ကို ေတြ႕ဆုံေမးျမန္းမႈခဲ့ တာကေန လုပ္ခလစာ မေပးတာကစလို႔ ကြၽန္ျပဳခံရတာနဲ႔ အဓမၼ ျပဳက်င့္မႈေတြအေၾကာင္း သိခဲ့ရပါတယ္။

AP သတင္းေထာက္ေတြ သတင္းစံုစမ္းတာမွာ ဆီအုန္းစိုက္ခင္းေတြမွာ အတင္းအဓမၼ အလုပ္ခိုင္းေစဖို႔ ႐ိုဟင္ဂ်ာ မြတ္ဆလင္ေတြကို လူေမွာင္ခိုကူးပို႔ေဆာင္ခဲ့တယ္ဆုိတာလည္း ေတြ႔ခဲ့ရပါတယ္။

အေမရိကန္ အေကာက္ခြန္နဲ႔ နယ္စပ္ ကာကြယ္ ေရးဌာန U.S. CBP က ထုတ္ျပန္ခ်က္မွာလည္း အသြားအလာ ထိန္းခ်ဳပ္မႈ၊ လူအမ်ားနဲ႔ ခြဲျခား ထား ရွိမႈ၊ ကိုယ္ကာယနဲ႔ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈ၊ ၿခိမ္းေျခာက္ အက်ပ္ကိုင္မႈ၊ အေထာက္အထား စာတမ္းစာခ်ဳပ္ေတြ သိမ္းယူမႈ၊ လစာ မေပးဘဲထားမႈ အပါအဝင္ တျခား ဆိုး႐ြားတဲ့ လုပ္ငန္းခြင္ အေျခအေနေတြကို ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အဓမ္မအလုပ်ခိုင်းစေမှုစွဲချက်နဲ့ မလေးရှားဆီအုန်းကုမ္ပဏီ အမေရိကန်အရေးယူ

အဓမ္မ လုပ်အား စေခိုင်းမှုနဲ့ တခြား စွပ်စွဲချက်တွေနဲ့ မလေးရှား ဆီအုန်း စိုက်ပျိုးရေး ကုမ္ပဏီ FGV ရဲ့ ထုတ်ကုန်ပစ္စည်းတွေ အမေရိကန်နိုင်ငံထဲ တင်သွင်းမှု ပိတ်ပင်ခံလိုက်ရပြီးတဲ့နောက်မှာ အဲဒီ ကုမ္ပဏီက အမည်ပျက်စာရင်းကနေ ပြန်လည် ကင်းလွတ်ခွင့်ရရေး ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။

မလေးရှားကုမ္ပဏီ FGV ရဲ့ ထုတ်ကုန်တွေ အမေရိကန်နိုင်ငံထဲ တင်သွင်းခွင့် ပိတ်ပင်ကြောင်းကို အမေရိကန် အကောက်ခွန်နဲ့ နယ်စပ် ကာကွယ်ရေးဌာန (U. S. CBP) က ဗုဒ္ဓဟူးနေ့က ကြေညာခဲ့တာပါ။ အဲဒီ ကုမ္ပဏီရဲ့ လုပ်ငန်းခွင်မှာ အဓမ္မ အလုပ်စေခိုင်းမှု၊ လိင်ပိုင်းဆိုင်ရာနဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ရှိတာကို တွေ့ရှိရတာကြောင့် အခုလို ပိတ်ပင်တာလည်း ဖြစ်ပါတယ်။

FGV ကတော့ လုပ်ငန်းခွင် အခြေအနေ ကောင်းမွန်အောင် ကြိုးပမ်းနေချိန်မှာ အခုလို အရေးယူခံရလို့ မကျေမနပ် ဖြစ်မိတယ်လို့ ပြောပါတယ်။

မလေးရှားနိုင်ငံဟာ ကမ္ဘာမှာ စားအုန်းဆီထုတ်လုပ်မှု ဒုတိယအများဆုံး နိုင်ငံ ဖြစ်ပါတယ်။ အင်ဒိုနီးရှားနဲ့ မလေးရှားနှစ်နိုင်ငံပေါင်း စားအုန်းဆီထုတ်လုပ်မှုက ကမ္ဘာ့ဈေးကွက်ရဲ့ ၈၅ ရာခိုင်နှုန်းနဲ့ အမေရိကန် ဒေါ်လာ ၆၅ ဘီလီယံ တန်ဖိုးရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်က ပရဟိတ အဖွဲ့အစည်းတချို့က FGV ရဲ့ အလုပ်ခွင် အခြေအနေနဲ့ ပတ်သက်ပြီး မေတ္တာရပ်ခံပန်ကြားလွှာတစ်စောင်ကို ထုတ်ပြန်ခဲ့ရာကနေ အလုပ်သမားတွေအပေါ် မတော်မရော် လုပ်ဆောင်မှုတွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ အဲဒီ ပန်ကြားလွှာထွက်လာ ပြီးတဲ့ နောက်မှာ AP သတင်းထောက်တွေက နိုင်ငံ ၈ နိုင်ငံကလာတဲ့ လက်ရှိနဲ့ အရင် အလုပ်သမား ၁၃၀ ကျော်ကို တွေ့ဆုံမေးမြန်းမှုခဲ့ တာကနေ လုပ်ခလစာ မပေးတာကစလို့ ကျွန်ပြုခံရတာနဲ့ အဓမ္မ ပြုကျင့်မှုတွေအကြောင်း သိခဲ့ရပါတယ်။

AP သတင်းထောက်တွေ သတင်းစုံစမ်းတာမှာ ဆီအုန်းစိုက်ခင်းတွေမှာ အတင်းအဓမ္မ အလုပ်ခိုင်းစေဖို့ ရိုဟင်ဂျာ မွတ်ဆလင်တွေကို လူမှောင်ခိုကူးပို့ဆောင်ခဲ့တယ်ဆိုတာလည်း တွေ့ခဲ့ရပါတယ်။

အမေရိကန် အကောက်ခွန်နဲ့ နယ်စပ် ကာကွယ် ရေးဌာန U.S. CBP က ထုတ်ပြန်ချက်မှာလည်း အသွားအလာ ထိန်းချုပ်မှု၊ လူအများနဲ့ ခွဲခြား ထား ရှိမှု၊ ကိုယ်ကာယနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ခြိမ်းခြောက် အကျပ်ကိုင်မှု၊ အထောက်အထား စာတမ်းစာချုပ်တွေ သိမ်းယူမှု၊ လစာ မပေးဘဲထားမှု အပါအဝင် တခြား ဆိုးရွားတဲ့ လုပ်ငန်းခွင် အခြေအနေတွေကို ဖော်ပြထားပါတယ်။

XS
SM
MD
LG