သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မေလးရွားကေန ျမန္မာ ၁၇၀ ေက်ာ္ သံ႐ံုးအစီအစဥ္နဲ႔ ေနရပ္ျပန္


စက္တင္ဘာလ ၃၀ရက္ေန႔က ေနရပ္ျပန္ျမန္မာမ်ား။ (ဓာတ္ပံု - မေလးရွားႏိုင္ငံျမန္မာသံရံုး- စက္တင္ဘာ ၃၀၊ ၂၀၂၀)

[Zawgyi/Unicode]

မေလးရွားႏုိင္ငံက ဖမ္းဆီးခံထားရသူေတြအပါအ၀င္ ကုိဗစ္ကပ္ေရာဂါကာလ ပိတ္မိေနတဲ့ ျမန္မာႏုိင္ငံသား ၁၇၀ ေက်ာ္ကို သံ႐ံုးအစီအစဥ္နဲ႔ ေနရပ္ျပန္ပုိ႔ေပးခဲ့တဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက ေျပာျပပါမယ္။

ကပ္ေရာဂါႀကံဳေနရတဲ့ မေလးရွားႏုိင္ငံေရာက္ ျမန္မာႏုိင္ငံသားေတြထဲက က်န္းမာေရး မေကာင္းသူေတြ အပါအ၀င္ လူ ၁၇၀ ေက်ာ္ကုိ ျမန္မာသံ႐ုံး အကူအညီနဲ႔ မေန႔တုန္းကပဲ ေနရပ္ျပန္ပုိ႔ေပးခဲ့သလုိ ဒီလလယ္မွာ ေနာက္ထပ္ပုိ႔ဖုိ႔ စီစဥ္ေနတာ ျဖစ္ပါတယ္။ မေန႔က ေနရပ္ျပန္ခြင့္ ရသြားၾကသူေတြထဲမွာေတာ့ မေလးရွားႏုိင္ငံက လူ၀င္မႈႀကီးၾကပ္ေရး ထိန္းသိမ္းေရးစခန္းေတြမွာ ဖမ္းဆီးခံထားရတဲ့ ခန္႔မွန္းေျခ ျမန္မာႏုိင္ငံသား ၃,၀၀၀ ေလာက္အနက္ လြတ္ရက္ေစ့ေနသူ ၂၀ ေက်ာ္ ပါ၀င္ေၾကာင္းလည္း မေလးရွားႏိုင္ငံ ျမန္မာသံရံုးက အလုပ္သမားသံအရာရွိ ဦးေအာင္ေဇာ္မင္းကေျပာပါတယ္။

"ထိန္းသိမ္းေရးစခန္းက ၂၁ ေယာက္ေလာက္ပါပါတယ္။ အမ်ားဆံုးျပန္လာတာ ၁၇ ရက္ေန႔မွာလည္း ထိန္းသိမ္းစခန္းက လူေတြကို ကုိယ္တာအေနနဲ႔ ထပ္ထည့္ဖို႔ ျပင္ဆင္ေနပါတယ္။ က်န္းမာေရးမေကာင္းသူကေတာ့ က်ေနာ္သိတာ ၃ေယာက္၊ ၄ေယာက္ေလာက္ပါပါတယ္။ သံရံုးအစီအစဥ္ထဲမွာလည္း က်န္းမာေရးမေကာင္းတဲ့သူေတြ ပါပါတယ္။ ျပန္သြားတာက ၁၇၃ ေယာက္ပါ။"

ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးဌာနကေတာ့ ကပ္ေရာဂါကာလမွာ ေနရပ္ျပန္ဖို႔ အကူအညီေတာင္းထားတဲ့ မေလးရွားေရာက္ အေထာက္အထားမဲ့ ျမန္မာႏိုင္ငံသား ၁၀,၀၀၀ ေက်ာ္ ရွိေနၿပီး အဲဒီထဲက ၁၁၉ ေယာက္ကုိေတာ့ ပထမအသုတ္အျဖစ္ ေအာက္တိုဘာလ ၁၅ ရက္ေန့မွာ ကယ္ဆယ္ေရးေလယာဥ္နဲ႔ ျပန္ပို႔မယ္လို႔လည္း သတင္းထုတ္ျပန္ထားပါတယ္။ ဒီလူေတြအတြက္ေတာ့ မေလးရွားႏိုင္ငံ ဥပေဒအရ ဒဏ္ေၾကးေပးေဆာင္ရမွာျဖစ္ေပမဲ့ သံရံုးရဲ႕ ညိွႏိႈင္းခ်က္ေၾကာင့္ ဒဏ္ေၾကးသက္သာခြင့္ရခဲ့ၾကတယ္လို႔လည္း အလုပ္သမားသံအရာရွိ ဦးေအာင္ေဇာ္မင္းကေျပာပါတယ္။

စက္တင္ဘာလ ၃၀ရက္ေန႔က ေနရပ္ျပန္ျမန္မာမ်ား။ (ဓာတ္ပံု - မေလးရွားႏိုင္ငံျမန္မာသံရံုး- စက္တင္ဘာ ၃၀၊ ၂၀၂၀)
စက္တင္ဘာလ ၃၀ရက္ေန႔က ေနရပ္ျပန္ျမန္မာမ်ား။ (ဓာတ္ပံု - မေလးရွားႏိုင္ငံျမန္မာသံရံုး- စက္တင္ဘာ ၃၀၊ ၂၀၂၀)

"တရားမ၀င္ ၁၁၉ ေယာက္အတြက္ေတာ့ သူတုိ႔က ဒဏ္ေၾကးကင္း လြတ္ခြင့္ရပါတယ္။ က်ေနာ္တိုက သံရံုအစီစဥ္နဲ႔ေပါ့။ တျခား က်န္းမာေရးမေကာင္းတဲ့သူေတြကိုလည္း ေခၚသြားေပးပါမယ္။ ဒါေပမဲ့ ဒဏ္ေၾကးေဆာင္ရမယ္၊ မေဆာင္ရမယ္၊ ကင္းလႊတ္ခြင့္ျပဳမယ္၊ မျပဳမယ္ကေတာ့ မေလးရွားဘက္အစိုးရေပၚ မူတည္တယ္။ ဒဏ္ေၾကးကင္းလြတ္ခြင့္ရမရ အဆင္ေျပမေျပေတာ့ အာမ မခံႏိုင္ဘူး။"

ခန႔္မွန္းေျခ ျမန္မာႏိုင္ငံသား ၅၅၀,၀၀၀ ေလာက္ အလုပ္လုပ္ကိုင္ေနတဲ့ မေလးရွားႏိုင္ငံမွာ ကပ္ေရာဂါကာလ ကန႔္သတ္ခ်က္ေတြေၾကာင့္ ျမန္မာႏုိင္ငံသားေတြ အလုပ္အကိုင္နဲ႔ စားဝတ္ေနေရး အခက္အခဲေတြ ႀကဳံေနၾကရတာပါ။ ဒါေၾကာင့္လည္း ေနရပ္ျပန္ဖို႔ တရားမဝင္ နည္းလမ္းေတြနဲ႔ ႀကိဳးစားရင္း မေလးရွား-ထိုင္းနယ္စပ္မွာ ဖမ္းဆီးခံရသူေတြလည္း အမ်ားအျပား ရွိေနသလို တခ်ဳိ႕ဆိုရင္ လူေမွာင္ခိုကူးသူေတြရဲ႕ သားေကာင္ေတြအျဖစ္ က်ေရာက္သြားၾကရတာပါ။ ကိုဗစ္အေရးေပၚကာလမွာ မေလးရွားေရာက္ျမန္မာေတြထဲက မိမိကိုယ္ကုိ အဆံုးစီရင္တာကေတာ့ ၁၇ ဦးထိ ရွိသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မလေးရှားကနေ မြန်မာ ၁၇၀ ကျော် သံရုံးအစီအစဉ်နဲ့ နေရပ်ပြန်

မလေးရှားနိုင်ငံက ဖမ်းဆီးခံထားရသူတွေအပါအဝင် ကိုဗစ်ကပ်ရောဂါကာလ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသား ၁၇၀ ကျော်ကို သံရုံးအစီအစဉ်နဲ့ နေရပ်ပြန်ပို့ပေးခဲ့တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပါမယ်။

ကပ်ရောဂါကြုံနေရတဲ့ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေထဲက ကျန်းမာရေး မကောင်းသူတွေ အပါအဝင် လူ ၁၇၀ ကျော်ကို မြန်မာသံရုံး အကူအညီနဲ့ မနေ့တုန်းကပဲ နေရပ်ပြန်ပို့ပေးခဲ့သလို ဒီလလယ်မှာ နောက်ထပ်ပို့ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ မနေ့က နေရပ်ပြန်ခွင့် ရသွားကြသူတွေထဲမှာတော့ မလေးရှားနိုင်ငံက လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေမှာ ဖမ်းဆီးခံထားရတဲ့ ခန့်မှန်းခြေ မြန်မာနိုင်ငံသား ၃,၀၀၀ လောက်အနက် လွတ်ရက်စေ့နေသူ ၂၀ ကျော် ပါဝင်ကြောင်းလည်း မလေးရှားနိုင်ငံ မြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦးအောင်ဇော်မင်းကပြောပါတယ်။

"ထိန်းသိမ်းရေးစခန်းက ၂၁ ယောက်လောက်ပါပါတယ်။ အများဆုံးပြန်လာတာ ၁၇ ရက်နေ့မှာလည်း ထိန်းသိမ်းစခန်းက လူတွေကို ကိုယ်တာအနေနဲ့ ထပ်ထည့်ဖို့ ပြင်ဆင်နေပါတယ်။ ကျန်းမာရေးမကောင်းသူကတော့ ကျနော်သိတာ ၃ယောက်၊ ၄ယောက်လောက်ပါပါတယ်။ သံရုံးအစီအစဉ်ထဲမှာလည်း ကျန်းမာရေးမကောင်းတဲ့သူတွေ ပါပါတယ်။ ပြန်သွားတာက ၁၇၃ ယောက်ပါ။"

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ကပ်ရောဂါကာလမှာ နေရပ်ပြန်ဖို့ အကူအညီတောင်းထားတဲ့ မလေးရှားရောက် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၀,၀၀၀ ကျော် ရှိနေပြီး အဲဒီထဲက ၁၁၉ ယောက်ကိုတော့ ပထမအသုတ်အဖြစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်ပို့မယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။ ဒီလူတွေအတွက်တော့ မလေးရှားနိုင်ငံ ဥပဒေအရ ဒဏ်ကြေးပေးဆောင်ရမှာဖြစ်ပေမဲ့ သံရုံးရဲ့ ညှိနှိုင်းချက်ကြောင့် ဒဏ်ကြေးသက်သာခွင့်ရခဲ့ကြတယ်လို့လည်း အလုပ်သမားသံအရာရှိ ဦးအောင်ဇော်မင်းကပြောပါတယ်။

"တရားမဝင် ၁၁၉ ယောက်အတွက်တော့ သူတို့က ဒဏ်ကြေးကင်း လွတ်ခွင့်ရပါတယ်။ ကျနော်တိုက သံရုံအစီစဉ်နဲ့ပေါ့။ တခြား ကျန်းမာရေးမကောင်းတဲ့သူတွေကိုလည်း ခေါ်သွားပေးပါမယ်။ ဒါပေမဲ့ ဒဏ်ကြေးဆောင်ရမယ်၊ မဆောင်ရမယ်၊ ကင်းလွှတ်ခွင့်ပြုမယ်၊ မပြုမယ်ကတော့ မလေးရှားဘက်အစိုးရပေါ် မူတည်တယ်။ ဒဏ်ကြေးကင်းလွတ်ခွင့်ရမရ အဆင်ပြေမပြေတော့ အာမ မခံနိုင်ဘူး။"

ခန့်မှန်းခြေ မြန်မာနိုင်ငံသား ၅၅၀,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ မလေးရှားနိုင်ငံမှာ ကပ်ရောဂါကာလ ကန့်သတ်ချက်တွေကြောင့် မြန်မာနိုင်ငံသားတွေ အလုပ်အကိုင်နဲ့ စားဝတ်နေရေး အခက်အခဲတွေ ကြုံနေကြရတာပါ။ ဒါကြောင့်လည်း နေရပ်ပြန်ဖို့ တရားမဝင် နည်းလမ်းတွေနဲ့ ကြိုးစားရင်း မလေးရှား-ထိုင်းနယ်စပ်မှာ ဖမ်းဆီးခံရသူတွေလည်း အများအပြား ရှိနေသလို တချို့ဆိုရင် လူမှောင်ခိုကူးသူတွေရဲ့ သားကောင်တွေအဖြစ် ကျရောက်သွားကြရတာပါ။ ကိုဗစ်အရေးပေါ်ကာလမှာ မလေးရှားရောက်မြန်မာတွေထဲက မိမိကိုယ်ကို အဆုံးစီရင်တာကတော့ ၁၇ ဦးထိ ရှိသွားပါတယ်။

XS
SM
MD
LG