သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၀၂၁ ျမန္မာ့ စီးပြားေရး ဖြံ႕ျဖိဳးတုိးတက္မွဳႏွဳန္း ၆% ျဖစ္ႏိုင္မလား


ရန္ကုန္တျမိဳ႕လံုး ေနအိမ္ေန ကန္႔သတ္္ခ်က္ထုတ္ျပန္ျပီး၊ ပထမဆံုးေန႔ေတြ႕ရသည့္ ရန္ကုန္ျမိဳ႕ သတင္းဓါတ္ပံုမ်ားျဖစ္ပါသည္။ (စက္တင္ဘာ ၂၁၊ ၂၀၂၀)
တိုက္႐ိုက္ လင့္ခ္


Zawgyi/ Unicode

ျပီးခဲ့တဲ့ ရက္ပိုင္းက ADB အာရွဖြံ႕ျဖိဳးေရးဘဏ္ဟာ Wellness in Worrying Times လို႔ နာမည္ေပးထားတဲ့ အစီရင္ခံစာ တစ္ေစာင္ ထုတ္ျပန္ပါတယ္။ ေအဒီဘီဟာ ျပီးခဲ့တဲ့ ဇြန္လတုန္းက အစီရင္ခံစာ တစ္ေစာင္ ထုတ္ျပန္ခဲ့ျပီး ေနာက္ပိုင္း ေပၚေပါက္လာတဲ့ Covid-19 ကပ္ေဘးေၾကာင့္ ႏိုင္ငံေတြၾကံဳခဲ့ရတဲ့ အေျခအေန အေပၚမူတည္ျပီး အခု စက္တင္ဘာ မွာ ျပဳျပင္ေျပာင္းလဲ အသစ္ ထပ္မံ ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။ အစီရင္ခံစာထဲမွာ ျမန္မာႏိုင္ငံ စီးပြားေရး တုိးတက္ႏွဳန္း နဲ႔ ပတ္သက္ျပီး ၂၀၁၉ ခုႏွစ္အတြက္ ၆ ဒသမ ၈ ရာခုိင္ႏွဳန္း၊ ၂၀၂၀ မွာ ကမၻာ့ကပ္ေရာဂါေၾကာင့္ ၁ ဒသမ ၈ ရာခုိင္ႏွဳန္း ရွိမယ္လို႔ ဆိုခဲ့ျပီး လာမယ့္ ၂၀၂၁ အတြက္ကိုေတာ့ နဂို အစီရင္ခံစာမွာ ၆.၈% ခန္႔မွန္းထားတာကေန အခု အစီရင္ခံစာမွာေတာ့ ၆ ရာခုိင္ႏွဳန္းကို ေျပာင္းလဲ ခန္႔မွန္းခဲ့ပါတယ္။ အစီရင္ခံစာအရ ကိုဗစ္ဗိုင္းရပ္စ္ ကပ္ေဘးေၾကာင့္ အာစီယံမွာ ဗီယက္နမ္၊ ျမန္မာနဲ႔ ဘရူႏိုင္း ႏုိင္ငံတုိ႔ေလာက္ပဲ စီးပြားေရး တိုးတက္မွဳ ရွိမွာျဖစ္ျပီး က်န္ႏုိင္ငံေတြကေတာ့ စီးပြားေရး က်ဆင္းလိမ့္မယ္လို႔ ခန္႔မွန္းထားတာ ေတြ႕ရပါတယ္။ တကယ္ေတာ့ ADB ရဲ႕ အစီရင္ခံစာဟာ ျမန္မာႏုိင္ငံမွာ ကိုဗစ္ ကပ္ေဘး ပထမ လွိဳင္း က်ေရာက္ခဲ့စဥ္ကာလ ကို ၾကည့္ျပီး ခန္႔မွန္း တြက္ဆ ခဲ့တာပါ။ လက္ေတြ႕ ျမန္မာႏိုင္ငံမွာ ကိုဗစ္ ပထမ လွိဳင္းထက္ အမ်ားၾကီး ပိုျပီး ဆုိးရြား၊ ပိုျပီး ျပင္းထန္၊ စီးပြားေရး က႑ အသီးသီးကိုလည္း ပိုျပီး ရိုက္ခတ္မွဳ မ်ားေနတဲ့ အေျခအေနေၾကာင့္ ADB က ခန္႔မွန္းသလို လာမယ့္ ၂၀၂၁ မွာ စီးပြားေရး တိုးတက္မွဳႏွဳန္း ၆% ရွိပါ့မလား ဆိုတာ ျပန္ျပီး တြက္ဆ စရာ ျဖစ္လာႏုိင္ပါတယ္။ ခုတစ္ပတ္ လာမယ့္ႏွစ္ ျမန္မာ့စီးပြားေရးဟာ ADB က ခန္႔မွန္းသလို ျဖစ္လာႏုိင္ပါ့မလား ဆိုတာ ေလ့လာ တင္ျပသြားပါ့မယ္။

ADB ရဲ႕ ၂၀၁၉ ျမန္မာ့စီးပြားေရး ဖြံ႕ျဖိဳးတိုးတက္မွဳ ၆.၈%၊ ၂၀၂၀ မွာ ကိုဗစ္ေၾကာင့္ ၁.၈% တြက္ခ်က္မွဳဟာ လက္ရွိ စက္တင္ဘာ လကုန္ အထိပဲ ျဖစ္တာမို႔ အျငင္းပြားစရာ သိပ္မရွိပါဘူး။ ဒါေပမယ့္ ၾသဂုတ္ လလည္က စတင္တဲ့ ကိုဗစ္ ဒုတိယလွိဳင္းေၾကာင့္ ၂၀၂၁ စီးပြားေရး တုိးတက္မွဳႏွဳန္း ၆% ရမလား ဆုိတာကိုပဲ ျပန္သံုးသပ္စရာ ရွိပါတယ္။ ဒီအတြက္ လက္ရွိ ၾကံဳေနရတဲ့ ကိုဗစ္ ဒုတိယ လွိဳင္း အေျခအေန ဘယ္ေလာက္ ဆိုးသလဲ၊ စီးပြားေရး အေပၚ ဘယ္လို ဂယက္ရိုက္ခတ္မွဳေတြ ရွိေနသလဲ ဆိုတာကို အရင္ ဆန္းစစ္ၾကည့္ဖို႔ လိုပါတယ္။

ျမန္မာႏိုင္ငံမွာ Covid-19 ဗိုင္းရပ္စ္ ကူးစက္ခံရသူေတြကို ၂၀၂၀ မတ္လ ၂၃ ရက္ေန႔မွာ စ ေတြ႕ခဲ့ပါတယ္။ ကူးစက္မွဳ ဒုတိယလွိဳင္းလို႔ သတ္မွတ္ႏုိင္တဲ့ စစ္ေတြမွာ ကိုဗစ္ ကူးစက္ခံ လူနာကို ၾသဂုတ္လ ၁၆ ရက္ေန႔မွာ စေတြ႕ခဲ့ပါတယ္။ ရခုိင္ျပည္နယ္မွာ ကူးစက္ခံ စေတြ႕ခ်ိန္အထိ အခ်ိန္ ၅ လ၊ ရက္ေပါင္း ၁၅၀ အတြင္း Covid-19 ကူးစက္ခံရသူ ၃၇၅ ေယာက္ပဲ ရွိခဲ့ပါတယ္။ ေနာက္ထပ္ ၁၃ ရက္အၾကာ ၾသဂုတ္လ ၂၉ ရက္ေန႔မွာေတာ့ ၂ ဆ တုိးျပီး ၇၄၉ ေယာက္ျဖစ္သြားပါတယ္။ ဒီလိုနည္းနဲ႔ ေနာက္ထပ္ တစ္ပတ္စီ ၾကာတုိင္း ကူးစက္သူ အေရအတြက္ ၂ ဆ တိုးတိုးလာတာ ခုဆို ကူးစက္ခံရသူ စုစုေပါင္း ၈၅၁၅ ေယာက္ ရွိေနပါျပီ။ ပထမ လွိဳင္းတုန္းက ပ်မ္းမွ် တစ္ရက္ လူ ၂ေယာက္ခြဲႏွဳန္း ကူးစက္ခဲ့ရာကေန ဒုတိယလွိဳင္းမွာ ပ်မ္းမွ် တစ္ရက္ကို လူ ၂၀၀ ေလာက္ ကူးစက္ေနတာမို႔ ပထမ လွိဳင္းတုန္းကထက္ အဆေပါင္း ၈၀ ေလာက္ကူးစက္မွဳ ျမင့္တက္လာေနတာကိုလည္း ေတြ႕ျမင္ရပါတယ္။

ေနာက္ထပ္ ထူးျခားတာ တစ္ခုက ကိုဗစ္ ဗိုင္းရပ္စ္ဟာ ေနရာ ေဒသ တစ္ခု ႏွစ္ခုမွာ မဟုတ္ပဲ ျမိဳ႕နယ္ ေနရာ အႏွံ႕အျပားမွာ ကူးစက္ ပ်ံ႕ပြားေနတဲ့ ျပသနာပါ။ အနီးဆံုး မွတ္တမ္းေတြကို ျပန္ၾကည့္လိုက္ရင္ စက္တင္ဘာ ၁၈ ရက္ေန႔က ျမိဳ႕နယ္ေပါင္း - ၆၃ ျမိဳ႕နယ္၊ ၁၉ ရက္ေန႔က ၆၉ ျမိဳ႕နယ္၊ ၂၀ ရက္ေန႔က ၆၅ ျမိဳ႕နယ္၊ ၂၁ ရက္ေန႔က ျမိဳ႕နယ္ေပါင္း ၇၀ ၊ ၂၂ ရက္ေန႔က ျမိဳ႕နယ္ေပါင္း ၈၅ ျမိဳ႕နယ္၊ ၂၃ ရက္ေန႔က ၆၉ ျမိဳ႕နယ္မွာ ကူးစက္မွဳအသစ္ေတြ ေတြ႕ရပါတယ္။ ဒါဟာ ျမန္မာႏုိင္ငံ ျမိဳ႕နယ္ စုစုေပါင္းရဲ႕ ၅ ပံုတစ္ပံုေက်ာ္မွာ ကူးစက္ပ်ံ႕ပြားေနတဲ့ သေဘာမို႔ စိုးရိမ္စရာေတာ့ ေကာင္းေနပါေသးတယ္။

ေနာက္တစ္ခုကေတာ့ ေသႏွဳန္းပါ။ ကိုဗစ္ေၾကာင့္ ေသႏွဳန္းကို တြက္ခ်က္ႏုိင္တဲ့ နည္းရိွပါတယ္။ အဲဒါကေတာ့ ကိုဗစ္နဲ႔ ပတ္သက္ျပီး လက္ရွိ ျဖစ္ပြားေနဆဲ လူနာေတြ မပါ၊ ျပန္ျပီး ေကာင္းမြန္လာသူေတြနဲ႔ ေသဆံုးသူေတြရဲ႕ အခ်ိဳးကို တြက္ခ်က္ၾကည့္တာပါ။ ဥပမာ ကိုဗစ္ အမွဳ ပိတ္သိမ္းျပီး လူ ၁၀၀မွာ ဘယ္ႏွေယာက္ ျပန္ေကာင္းလာျပီး ဘယ္ႏွစ္ေယာက္ ေသဆံုးသလဲ ဆုိတဲ့ တြက္ခ်က္မွဳပါ။

စက္တင္ဘာ ၂၄ ရက္ WHO စာရင္းေတြ အေျခခံျပီး တြက္ခ်က္ၾကည့္ရင္ တမၻာလံုးပ်မ္းမွ် ျပန္ေကာင္းသူ ၉၆% ေသဆံုးသူ ၄% ရွိပါတယ္။ ကိုဗစ္ အျဖစ္မ်ားတဲ့ အေမရိကန္ ေသႏွဳန္း ၄.၄%၊ အိႏိၵယ- ၂%၊ ဘရာဇီး ၃.၃%၊ ရုရွား ၂%၊ ကိုလံဘီယာ ၃.၆% ရွိပါတယ္။ အာစီယံႏုိင္ငံေတြကိုၾကည့္ရင္ ကိုဗစ္ အျဖစ္မ်ားတဲ့ ဖိလစ္ပိုင္ ေသႏွဳန္း ၂.၁%၊ အင္ဒိုနီးရွား ၅%၊ စကၤာပူ ၀.၀၅%၊ မေလးရွား ၁.၄% ရွိပါတယ္။ ေသႏွဳန္း အေတာ္ျမင့္တဲ့ ႏုိင္ငံေတြလည္း ရွိၾကပါတယ္။ ဥပမာ အီတလီ ၁၄%၊ မကၠစီကို ၁၂.၈%၊ အီေကြေဒါ ၁၀% ျဖစ္ၾကပါတယ္။ အဲဒီထဲမွာ ျမန္မာႏိုင္ငံကေတာ့ ေရာဂါေပ်ာက္ကင္းသူ ၂၃၈၁ ေယာက္၊ ေသဆံုးသူ ၁၅၀ မို႔ ေသႏွဳန္း ၆% ရွိေနျပီး ကိုဗစ္ေၾကာင့္ ေသႏွဳန္းျမင့္ေနတယ္လို႔ မွတ္ယူႏိုင္ပါတယ္။

ဒီအေျခအေနေတြနဲ႔ ပတ္သက္ျပီး အဓိက ထိခိုက္ခံစားေနရတာကေတာ့ စီးပြားေရးျမိဳ႕ေတာ္ ရန္ကုန္ပါ။ အစိုးရဟာ ကိုဗစ္ ပထမလွိဳင္း ကာလတုန္းက ျပည္ပနဲ႔ ေျပးဆြဲတဲ့ ခရီးသည္တင္ ေလေၾကာင္းလိုင္းေတြေလာက္ကိုပဲ ရပ္ဆုိင္းခဲ့ေပမယ့္ ဒုတိယလွိဳင္းမွာေတာ့ ျပည္တြင္းေလေၾကာင္း ခရီးစဥ္ေတြ အားလံုးကိုပါ ရပ္ဆုိင္းလိုက္ပါတယ္။ ေနာက္ပိုင္း ဒီထက္ ပိုဆုိးလာတဲ့အခါ ခရီးသည္တင္ အျမန္ကား ေျပးဆြဲမွဳေတြကိုလည္း ရပ္ဆုိင္းေစပါတယ္။ ရန္ကုန္တုိင္းမွာ ဆုိရင္လည္း ပထမ ဦးဆံုး အၾကိမ္အျဖစ္ စက္တင္ဘာ ၂၄ ရက္ေန႔ကစ အထည္ခ်ဳပ္ စက္ရံုေတြကို ၂ ပတ္ ပိတ္ခိုင္းထားပါတယ္။ စားေသာက္ကုန္ ထုတ္လုပ္ေရာင္းခ်တာနဲ႔ တစ္ခ်ိဳ႕ သတ္မွတ္လုပ္ငန္းေတြကလြဲျပီး မီဒီယာ အပါအ၀င္ လုပ္ငန္း အမ်ားစုၾကီးကိုေတာ့ စက္တင္ဘာ ၂၁ ကတည္းက ရပ္ဆုိင္းမိန္႔ ထုတ္ထားျပီးပါျပီ။ ဒီ အမိန္႔ညႊန္ၾကားခ်က္ေတြဟာ ကုိဗစ္ ကူးစက္သူ ပ်မ္းမွ် တစ္ပတ္ကို ၂ ဆ ေလာက္ တုိးေနတဲ့ အေျခအေနကို မထိန္းခ်ဳပ္ႏုိင္မခ်င္း ခ်မွတ္သြားဖို႔ ရွိေနပါတယ္။ အားလံုးကို ျခံဳငံုသံုးသပ္ၾကည့္လိုက္ရင္ ကိုဗစ္ ဒုတိယ လွိဳင္းေၾကာင့္ ရန္ကုန္ကို အေျချပဳတဲ့ စီးပြားေရး လုပ္ငန္းၾကီးေတြ အကုန္လံုး ရပ္ဆုိင္း၊ ထိခုိက္ကုန္သလို၊ အျခား ဆက္စပ္တဲ့ ျမန္မာတစ္ႏုိင္ငံလံုးက စီးပြားေရး လုပ္ငန္းေတြကိုပါ ထိခိုက္ေစခဲ့တာ ေတြ႕ျမင္ရပါတယ္။

ျပီးခဲ့တဲ့ တစ္ပတ္ေလာက္က ရန္ကုန္တုိင္း ကိုဗစ္ ထိန္းခ်ဳပ္ေရး အဖြဲ႕ ဒုတိယ တာ၀န္ခံ ေဒါက္တာ ေဇာ္ေ၀စိုးက ကိုဗစ္ ကူးစက္ခံရသူ တစ္ရက္ကို ၂၀၀ ကေန ၃၀၀ ၀န္းက်င္ရွိလိမ့္မယ္၊ ဒါေၾကာင့္ ႏွစ္ပတ္ေလာက္ အခ်ိန္ကာလ အတြက္ လူဦးေရ ၄၀၀၀-၅၀၀၀ ေလာက္ကို ကုသႏုိင္ဖို႔ ျပင္ဆင္ေနတယ္ ဆိုျပီး ခန္႔မွန္းေျပာဆုိခဲ့ဖူးပါတယ္။ သူ႔ရဲ႕ ခန္႔မွန္းေျပာဆုိခ်က္ မမွန္တာ ေနာက္ပိုင္း တစ္ရက္တည္း ကူးစက္သူ ၅၀၀ - ၆၀၀ ေက်ာ္ကေန ၈၀၀ ေက်ာ္ကူးစက္ခဲ့တာေတြကို ၾကည့္ရင္ သိႏုိင္ပါတယ္။ ဒီအတြက္ လက္ရွိ ၾကံဳေနရတဲ့ ကိုဗစ္ ဒုတိယလွိဳင္းကို ဘယ္အခ်ိန္ေလာက္မွ ထိန္းခ်ဳပ္ႏိုင္မယ္၊ အရင္ ပထမ လွိဳင္းနဲ႔ မတူ ထပ္ျပီး ထိခိုက္ခဲ့ရတဲ့ စီးပြားေရး လုပ္ငန္းေတြ ဘယ္ေတာ့ေလာက္ ျပန္စ ႏုိင္မယ္ ဆိုတာ ဘယ္သူမွ မခန္႔မွန္းႏုိင္ပါဘူး။ ဒါေပမယ့္ အရင္ ပထမ လွိဳင္းနဲ႔မတူ စီးပြားေရး အေပၚ ၾကီးၾကီးမားမား ထိခိုက္နစ္နာမွဳေတြ ျဖစ္ေပၚေစခဲ့တယ္၊ ျဖစ္ေပၚလိမ့္ဦးမယ္ ဆိုတာကေတာ့ ေသျခာပါတယ္။ ျမန္မာႏုိင္ငံအေနနဲ႔ ခုလို ပထမ လွိဳင္းထက္ အမ်ားၾကီး ပိုျပင္းထန္တဲ့ ကိုဗစ္ ဒုတိယ လွိဳင္းေၾကာင့္ စီးပြားေရးအရ ထိခိုက္နစ္နာမွဳ အမ်ားၾကီး ၾကံဳေနရ၊ ဆက္ျပီးလည္း ၾကံဳရႏိုင္ဖြယ္ ရွိေနတာေၾကာင့္ ADB က ခန္႔မွန္းသလို ၂၀၂၁ စီးပြားေရး ဖြံ႕ျဖိဳးတုိးတက္မွဳႏွဳန္း ၆ % ရွိမယ္ ဆိုတဲ့ ကိန္းဂဏန္းကေတာ့ ျပန္ျပီး သံုးသပ္ ျပင္ဆင္ခံရႏိုင္ပါေၾကာင္း တင္ျပလိုက္ရပါတယ္။

--------------------------------------

၂၀၂၁ မြန်မာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း ၆% ဖြစ်နိုင်မလား

ပြီးခဲ့တဲ့ ရက်ပိုင်းက ADB အာရှဖွံ့ဖြိုးရေးဘဏ်ဟာ Wellness in Worrying Times လို့ နာမည်ပေးထားတဲ့ အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ပါတယ်။ အေဒီဘီဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းက အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်း ပေါ်ပေါက်လာတဲ့ Covid-19 ကပ်ဘေးကြောင့် နိုင်ငံတွေကြုံခဲ့ရတဲ့ အခြေအနေ အပေါ်မူတည်ပြီး အခု စက်တင်ဘာ မှာ ပြုပြင်ပြောင်းလဲ အသစ် ထပ်မံ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံ စီးပွားရေး တိုးတက်နှုန်း နဲ့ ပတ်သက်ပြီး ၂၀၁၉ ခုနှစ်အတွက် ၆ ဒသမ ၈ ရာခိုင်နှုန်း၊ ၂၀၂၀ မှာ ကမ္ဘာ့ကပ်ရောဂါကြောင့် ၁ ဒသမ ၈ ရာခိုင်နှုန်း ရှိမယ်လို့ ဆိုခဲ့ပြီး လာမယ့် ၂၀၂၁ အတွက်ကိုတော့ နဂို အစီရင်ခံစာမှာ ၆.၈% ခန့်မှန်းထားတာကနေ အခု အစီရင်ခံစာမှာတော့ ၆ ရာခိုင်နှုန်းကို ပြောင်းလဲ ခန့်မှန်းခဲ့ပါတယ်။ အစီရင်ခံစာအရ ကိုဗစ်ဗိုင်းရပ်စ် ကပ်ဘေးကြောင့် အာစီယံမှာ ဗီယက်နမ်၊ မြန်မာနဲ့ ဘရူနိုင်း နိုင်ငံတို့လောက်ပဲ စီးပွားရေး တိုးတက်မှု ရှိမှာဖြစ်ပြီး ကျန်နိုင်ငံတွေကတော့ စီးပွားရေး ကျဆင်းလိမ့်မယ်လို့ ခန့်မှန်းထားတာ တွေ့ရပါတယ်။ တကယ်တော့ ADB ရဲ့ အစီရင်ခံစာဟာ မြန်မာနိုင်ငံမှာ ကိုဗစ် ကပ်ဘေး ပထမ လှိုင်း ကျရောက်ခဲ့စဉ်ကာလ ကို ကြည့်ပြီး ခန့်မှန်း တွက်ဆ ခဲ့တာပါ။ လက်တွေ့ မြန်မာနိုင်ငံမှာ ကိုဗစ် ပထမ လှိုင်းထက် အများကြီး ပိုပြီး ဆိုးရွား၊ ပိုပြီး ပြင်းထန်၊ စီးပွားရေး ကဏ္ဍ အသီးသီးကိုလည်း ပိုပြီး ရိုက်ခတ်မှု များနေတဲ့ အခြေအနေကြောင့် ADB က ခန့်မှန်းသလို လာမယ့် ၂၀၂၁ မှာ စီးပွားရေး တိုးတက်မှုနှုန်း ၆% ရှိပါ့မလား ဆိုတာ ပြန်ပြီး တွက်ဆ စရာ ဖြစ်လာနိုင်ပါတယ်။ ခုတစ်ပတ် လာမယ့်နှစ် မြန်မာ့စီးပွားရေးဟာ ADB က ခန့်မှန်းသလို ဖြစ်လာနိုင်ပါ့မလား ဆိုတာ လေ့လာ တင်ပြသွားပါ့မယ်။

ADB ရဲ့ ၂၀၁၉ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၆.၈%၊ ၂၀၂၀ မှာ ကိုဗစ်ကြောင့် ၁.၈% တွက်ချက်မှုဟာ လက်ရှိ စက်တင်ဘာ လကုန် အထိပဲ ဖြစ်တာမို့ အငြင်းပွားစရာ သိပ်မရှိပါဘူး။ ဒါပေမယ့် သြဂုတ် လလည်က စတင်တဲ့ ကိုဗစ် ဒုတိယလှိုင်းကြောင့် ၂၀၂၁ စီးပွားရေး တိုးတက်မှုနှုန်း ၆% ရမလား ဆိုတာကိုပဲ ပြန်သုံးသပ်စရာ ရှိပါတယ်။ ဒီအတွက် လက်ရှိ ကြုံနေရတဲ့ ကိုဗစ် ဒုတိယ လှိုင်း အခြေအနေ ဘယ်လောက် ဆိုးသလဲ၊ စီးပွားရေး အပေါ် ဘယ်လို ဂယက်ရိုက်ခတ်မှုတွေ ရှိနေသလဲ ဆိုတာကို အရင် ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။

မြန်မာနိုင်ငံမှာ Covid-19 ဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို ၂၀၂၀ မတ်လ ၂၃ ရက်နေ့မှာ စ တွေ့ခဲ့ပါတယ်။ ကူးစက်မှု ဒုတိယလှိုင်းလို့ သတ်မှတ်နိုင်တဲ့ စစ်တွေမှာ ကိုဗစ် ကူးစက်ခံ လူနာကို သြဂုတ်လ ၁၆ ရက်နေ့မှာ စတွေ့ခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ ကူးစက်ခံ စတွေ့ချိန်အထိ အချိန် ၅ လ၊ ရက်ပေါင်း ၁၅၀ အတွင်း Covid-19 ကူးစက်ခံရသူ ၃၇၅ ယောက်ပဲ ရှိခဲ့ပါတယ်။ နောက်ထပ် ၁၃ ရက်အကြာ သြဂုတ်လ ၂၉ ရက်နေ့မှာတော့ ၂ ဆ တိုးပြီး ၇၄၉ ယောက်ဖြစ်သွားပါတယ်။ ဒီလိုနည်းနဲ့ နောက်ထပ် တစ်ပတ်စီ ကြာတိုင်း ကူးစက်သူ အရေအတွက် ၂ ဆ တိုးတိုးလာတာ ခုဆို ကူးစက်ခံရသူ စုစုပေါင်း ၈၅၁၅ ယောက် ရှိနေပါပြီ။ ပထမ လှိုင်းတုန်းက ပျမ်းမျှ တစ်ရက် လူ ၂ယောက်ခွဲနှုန်း ကူးစက်ခဲ့ရာကနေ ဒုတိယလှိုင်းမှာ ပျမ်းမျှ တစ်ရက်ကို လူ ၂၀၀ လောက် ကူးစက်နေတာမို့ ပထမ လှိုင်းတုန်းကထက် အဆပေါင်း ၈၀ လောက်ကူးစက်မှု မြင့်တက်လာနေတာကိုလည်း တွေ့မြင်ရပါတယ်။

နောက်ထပ် ထူးခြားတာ တစ်ခုက ကိုဗစ် ဗိုင်းရပ်စ်ဟာ နေရာ ဒေသ တစ်ခု နှစ်ခုမှာ မဟုတ်ပဲ မြို့နယ် နေရာ အနှံ့အပြားမှာ ကူးစက် ပျံ့ပွားနေတဲ့ ပြသနာပါ။ အနီးဆုံး မှတ်တမ်းတွေကို ပြန်ကြည့်လိုက်ရင် စက်တင်ဘာ ၁၈ ရက်နေ့က မြို့နယ်ပေါင်း - ၆၃ မြို့နယ်၊ ၁၉ ရက်နေ့က ၆၉ မြို့နယ်၊ ၂၀ ရက်နေ့က ၆၅ မြို့နယ်၊ ၂၁ ရက်နေ့က မြို့နယ်ပေါင်း ၇၀ ၊ ၂၂ ရက်နေ့က မြို့နယ်ပေါင်း ၈၅ မြို့နယ်၊ ၂၃ ရက်နေ့က ၆၉ မြို့နယ်မှာ ကူးစက်မှုအသစ်တွေ တွေ့ရပါတယ်။ ဒါဟာ မြန်မာနိုင်ငံ မြို့နယ် စုစုပေါင်းရဲ့ ၅ ပုံတစ်ပုံကျော်မှာ ကူးစက်ပျံ့ပွားနေတဲ့ သဘောမို့ စိုးရိမ်စရာတော့ ကောင်းနေပါသေးတယ်။

နောက်တစ်ခုကတော့ သေနှုန်းပါ။ ကိုဗစ်ကြောင့် သေနှုန်းကို တွက်ချက်နိုင်တဲ့ နည်းရှိပါတယ်။ အဲဒါကတော့ ကိုဗစ်နဲ့ ပတ်သက်ပြီး လက်ရှိ ဖြစ်ပွားနေဆဲ လူနာတွေ မပါ၊ ပြန်ပြီး ကောင်းမွန်လာသူတွေနဲ့ သေဆုံးသူတွေရဲ့ အချိုးကို တွက်ချက်ကြည့်တာပါ။ ဥပမာ ကိုဗစ် အမှု ပိတ်သိမ်းပြီး လူ ၁၀၀မှာ ဘယ်နှယောက် ပြန်ကောင်းလာပြီး ဘယ်နှစ်ယောက် သေဆုံးသလဲ ဆိုတဲ့ တွက်ချက်မှုပါ။
စက်တင်ဘာ ၂၄ ရက် WHO စာရင်းတွေ အခြေခံပြီး တွက်ချက်ကြည့်ရင် တမ္ဘာလုံးပျမ်းမျှ ပြန်ကောင်းသူ ၉၆% သေဆုံးသူ ၄% ရှိပါတယ်။ ကိုဗစ် အဖြစ်များတဲ့ အမေရိကန် သေနှုန်း ၄.၄%၊ အိန္ဒိယ- ၂%၊ ဘရာဇီး ၃.၃%၊ ရုရှား ၂%၊ ကိုလံဘီယာ ၃.၆% ရှိပါတယ်။ အာစီယံနိုင်ငံတွေကိုကြည့်ရင် ကိုဗစ် အဖြစ်များတဲ့ ဖိလစ်ပိုင် သေနှုန်း ၂.၁%၊ အင်ဒိုနီးရှား ၅%၊ စင်္ကာပူ ဝ.၀၅%၊ မလေးရှား ၁.၄% ရှိပါတယ်။ သေနှုန်း အတော်မြင့်တဲ့ နိုင်ငံတွေလည်း ရှိကြပါတယ်။ ဥပမာ အီတလီ ၁၄%၊ မက္ကစီကို ၁၂.၈%၊ အီကွေဒေါ ၁၀% ဖြစ်ကြပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံကတော့ ရောဂါပျောက်ကင်းသူ ၂၃၈၁ ယောက်၊ သေဆုံးသူ ၁၅၀ မို့ သေနှုန်း ၆% ရှိနေပြီး ကိုဗစ်ကြောင့် သေနှုန်းမြင့်နေတယ်လို့ မှတ်ယူနိုင်ပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အဓိက ထိခိုက်ခံစားနေရတာကတော့ စီးပွားရေးမြို့တော် ရန်ကုန်ပါ။ အစိုးရဟာ ကိုဗစ် ပထမလှိုင်း ကာလတုန်းက ပြည်ပနဲ့ ပြေးဆွဲတဲ့ ခရီးသည်တင် လေကြောင်းလိုင်းတွေလောက်ကိုပဲ ရပ်ဆိုင်းခဲ့ပေမယ့် ဒုတိယလှိုင်းမှာတော့ ပြည်တွင်းလေကြောင်း ခရီးစဉ်တွေ အားလုံးကိုပါ ရပ်ဆိုင်းလိုက်ပါတယ်။ နောက်ပိုင်း ဒီထက် ပိုဆိုးလာတဲ့အခါ ခရီးသည်တင် အမြန်ကား ပြေးဆွဲမှုတွေကိုလည်း ရပ်ဆိုင်းစေပါတယ်။ ရန်ကုန်တိုင်းမှာ ဆိုရင်လည်း ပထမ ဦးဆုံး အကြိမ်အဖြစ် စက်တင်ဘာ ၂၄ ရက်နေ့ကစ အထည်ချုပ် စက်ရုံတွေကို ၂ ပတ် ပိတ်ခိုင်းထားပါတယ်။ စားသောက်ကုန် ထုတ်လုပ်ရောင်းချတာနဲ့ တစ်ချို့ သတ်မှတ်လုပ်ငန်းတွေကလွဲပြီး မီဒီယာ အပါအဝင် လုပ်ငန်း အများစုကြီးကိုတော့ စက်တင်ဘာ ၂၁ ကတည်းက ရပ်ဆိုင်းမိန့် ထုတ်ထားပြီးပါပြီ။ ဒီ အမိန့်ညွှန်ကြားချက်တွေဟာ ကိုဗစ် ကူးစက်သူ ပျမ်းမျှ တစ်ပတ်ကို ၂ ဆ လောက် တိုးနေတဲ့ အခြေအနေကို မထိန်းချုပ်နိုင်မချင်း ချမှတ်သွားဖို့ ရှိနေပါတယ်။ အားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် ကိုဗစ် ဒုတိယ လှိုင်းကြောင့် ရန်ကုန်ကို အခြေပြုတဲ့ စီးပွားရေး လုပ်ငန်းကြီးတွေ အကုန်လုံး ရပ်ဆိုင်း၊ ထိခိုက်ကုန်သလို၊ အခြား ဆက်စပ်တဲ့ မြန်မာတစ်နိုင်ငံလုံးက စီးပွားရေး လုပ်ငန်းတွေကိုပါ ထိခိုက်စေခဲ့တာ တွေ့မြင်ရပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်လောက်က ရန်ကုန်တိုင်း ကိုဗစ် ထိန်းချုပ်ရေး အဖွဲ့ ဒုတိယ တာဝန်ခံ ဒေါက်တာ ဇော်ဝေစိုးက ကိုဗစ် ကူးစက်ခံရသူ တစ်ရက်ကို ၂၀၀ ကနေ ၃၀၀ ဝန်းကျင်ရှိလိမ့်မယ်၊ ဒါကြောင့် နှစ်ပတ်လောက် အချိန်ကာလ အတွက် လူဦးရေ ၄၀၀၀-၅၀၀၀ လောက်ကို ကုသနိုင်ဖို့ ပြင်ဆင်နေတယ် ဆိုပြီး ခန့်မှန်းပြောဆိုခဲ့ဖူးပါတယ်။ သူ့ရဲ့ ခန့်မှန်းပြောဆိုချက် မမှန်တာ နောက်ပိုင်း တစ်ရက်တည်း ကူးစက်သူ ၅၀၀ - ၆၀၀ ကျော်ကနေ ၈၀၀ ကျော်ကူးစက်ခဲ့တာတွေကို ကြည့်ရင် သိနိုင်ပါတယ်။ ဒီအတွက် လက်ရှိ ကြုံနေရတဲ့ ကိုဗစ် ဒုတိယလှိုင်းကို ဘယ်အချိန်လောက်မှ ထိန်းချုပ်နိုင်မယ်၊ အရင် ပထမ လှိုင်းနဲ့ မတူ ထပ်ပြီး ထိခိုက်ခဲ့ရတဲ့ စီးပွားရေး လုပ်ငန်းတွေ ဘယ်တော့လောက် ပြန်စ နိုင်မယ် ဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ပါဘူး။ ဒါပေမယ့် အရင် ပထမ လှိုင်းနဲ့မတူ စီးပွားရေး အပေါ် ကြီးကြီးမားမား ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်စေခဲ့တယ်၊ ဖြစ်ပေါ်လိမ့်ဦးမယ် ဆိုတာကတော့ သေခြာပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ခုလို ပထမ လှိုင်းထက် အများကြီး ပိုပြင်းထန်တဲ့ ကိုဗစ် ဒုတိယ လှိုင်းကြောင့် စီးပွားရေးအရ ထိခိုက်နစ်နာမှု အများကြီး ကြုံနေရ၊ ဆက်ပြီးလည်း ကြုံရနိုင်ဖွယ် ရှိနေတာကြောင့် ADB က ခန့်မှန်းသလို ၂၀၂၁ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း ၆ % ရှိမယ် ဆိုတဲ့ ကိန်းဂဏန်းကတော့ ပြန်ပြီး သုံးသပ် ပြင်ဆင်ခံရနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG