သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မေလးရွားက အေထာက္အထားမဲ့ ျမန္မာ ၁၀၀ ေက်ာ္ ေနရပ္ျပန္ပို႔ေရး သံ႐ံုးစီစဥ္ေန


မေလးရွားႏိုင္ငံကေန ေနရပ္ျပန္လာၾကတဲ့ ျမန္မာႏိုင္ငံသားမ်ား။ (ဓာတ္ပံု -Myanmar Embassy in Kuala Lumpur, Malaysia - ၾသဂုတ္ ၂၆၊ ၂၀၂၀)

(Zawgyi / Unicode)

မေလးရွားမွာရွိေနတဲ့ အေထာက္အထားမဲ့ ျမန္မာႏုိင္ငံသားေတြကို ပထမဆံုးအႀကိမ္အျဖစ္ အစုအေဝးလိုက္ျပန္ပို႔ဖို႔ မေလးရွားႏုိ္င္ငံဆိုင္ရာ ျမန္မာသံ႐ံုးက စီစဥ္ေနပါတယ္။ အျပည့္အစုံကုိ ထုိင္းအေျခစုိက္ ဗြီအိုေအ ျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

အေထာက္အထားမဲ့ တရားမဝင္ အလုပ္သမားေတြ ေနရပ္ျပန္ႏုိင္ေရးအတြက္ Certificate of Identity မည္သူမည္ဝါျဖစ္ေၾကာင္း အေထာက္အထား စာအုပ္ေတြကို အခမဲ့ထုတ္ေပးၿပီး ေနရပ္ျပန္ပို႔ဖို႔ လုပ္ေဆာင္ေနတဲ့အေၾကာာင္း မေလးရွားႏုိင္ငံဆိုင္ရာ ျမန္မာသံ႐ံုးက အလုပ္သမား သံအရာရွိ ဦးေအာင္ေဇာ္မင္းက ဗီြအိုေအကို ေျပာပါတယ္။

"၁၁၉ ေယာက္ သံ႐ုံးေဖာ္ျပထားတာကေတာ့ တရားမဝင္ေတြထဲမွာက ကိုယ္ဝန္ေဆာင္ေတြနဲ႔ က်န္းမာေရးမေကာင္းတဲ့ သူေတြကို စီစဥ္ေပးတဲ့သေဘာပါ။ ၁၃၀ ျပန္ပို႔မယ့္ အဆက္ပါ။ ဒီေအာက္တိုဘာလထဲမွာ ျပန္ပို႔ေပးမယ့္ သေဘာပါ။ ေအာက္တိုဘာ ဒါမွမဟုတ္ ႏုိဝင္ဘာလထဲမွာ ျပန္ပို႔ေပးမယ့္ သေဘာပါ။ CI Certificate of Identity (မည္သူမည္ဝါျဖစ္ေၾကာင္း အေထာက္အထားစာအုပ္) လုပ္ေပးဖို႔လည္း ေနာက္ဆုံးရက္ သတ္မွတ္ၿပီး သံ႐ုံးကိုလာဖို႔လည္း သံ႐ုံးက ေၾကညာထားပါတယ္။"

မေလးရွားႏုိင္ငံမွာ ကပ္ေရာဂါကာလ ကန႔္သတ္မႈေတြၾကား အလုပ္အကိုင္နဲ႔ စားဝတ္ေနေရး အခက္အခဲ ႀကဳံေနရတဲ့ ျမန္မာႏိုင္ငံသားေတြ ေနရပ္ျပန္ခ်င္ေပမယ့္ မျပန္ႏိုင္ဘဲ ျဖစ္ေနသူေတြ၊ ဖမ္းဆီးခံရသူေတြ ရွိေနသလို ကိုယ့္ကိုယ္ကို အဆုံးစီရင္သူေတြလည္း ရွိၿပီးတဲ့ေနာက္ သံ႐ံုးက အခုလို စီစဥ္လာတာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ အဂၤါေန႔တုန္းကပဲ ေနာက္ထပ္ ျမန္မာအလုပ္သမားႏွစ္ဦး ကိုယ့္ကိုယ္ကို အဆုံးစီရင္တာေၾကာင့္ စုစုေပါင္း ၁၇ ဦးအထိ ရွိသြားပါၿပီ။

စာရင္းေပးထားတဲ့ တရားမဝင္ အလုပ္သမား ၁၀၀ ေက်ာ္အေနနဲ႔ သူတို႔ရဲ႕ မွတ္ပုံတင္နဲ႔ မိသားစုသန္းေခါင္စာရင္း မိတၱဴေတြနဲ႔အတူ စက္တင္ဘာလ ၂၁ ရက္ေန႔ကေန စက္တင္ဘာလ ၂၅ ရက္ေန႔အတြင္း လူကိုယ္တိုင္လာၿပီး ျမန္မာသံ႐ုံးကို ဆက္သြယ္ၾကဖို႔ကိုလည္း ေၾကညာထားပါတယ္။ ဒါဟာ တရားမဝင္ ျမန္မာအလုပ္သမားေတြကို အစုအေဝးလိုက္ ကယ္ဆယ္ေရးေလယာဥ္နဲ႔ ျပန္ပို႔ဖို႔ ပထမဆံုးအႀကိမ္ စီစဥ္တာပဲ ျဖစ္ပါတယ္။

ျမန္မာႏုိင္ငံျခားေရးဝန္ႀကီးဌာနကေတာ့ ကပ္ေရာဂါကာလမွာ ေနရပ္ျပန္ဖို႔ အကူအညီေတာင္းထားတဲ့ မေလးရွားေရာက္ အေထာက္အထားမဲ့ ျမန္မာႏိုင္ငံသား ၁၀,၀၀၀ ေက်ာ္ ရွိေနၿပီး ဒီအထဲက ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးေတြနဲ႔ က်န္းမာေရး မေကာင္းသူေတြ အပါအဝင္ အေရးေပၚအေျခအေန ႀကဳံေနရသူ ၁၃၀ ေက်ာ္ကို ေနရပ္ျပန္ပို႔ႏိုင္ဖို႔ စီစဥ္ထားေၾကာင္းလည္း သတင္းထုတ္ျပန္ထားပါတယ္။

ခန႔္မွန္းေခ် ျမန္မာႏိုင္ငံသား ၅ သိန္းခြဲေလာက္ အလုပ္လုပ္ကိုင္ေနတဲ့ မေလးရွားႏိုင္ငံမွာ ကပ္ေရာဂါကာလ ကန႔္သတ္ခ်က္ေတြေၾကာင့္ ျမန္မာႏုိင္ငံသားေတြ အလုပ္အကိုင္နဲ႔ စားဝတ္ေနေရး အခက္အခဲေတြ ႀကဳံေနၾကရတာပါ။ ဒါေၾကာင့္လည္း ေနရပ္ျပန္ဖို႔ တရားမဝင္ နည္းလမ္းေတြနဲ႔ ႀကိဳးစားရင္း မေလးရွား-ထိုင္းနယ္စပ္မွာ ဖမ္းဆီးခံရသူေတြလည္း အမ်ားအျပား ရွိေနပါတယ္။ တခ်ဳိ႕ဆိုရင္ လူေမွာင္ခိုကူးသူေတြရဲ႕ သားေကာင္ေတြအျဖစ္ က်ေရာက္သြားၾကရတာေတြလည္း ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

မလေးရှားက အထောက်အထားမဲ့ မြန်မာ ၁၀၀ ကျော် နေရပ်ပြန်ပို့ရေး သံရုံးစီစဉ်နေ

မလေးရှားမှာရှိနေတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေကို ပထမဆုံးအကြိမ်အဖြစ် အစုအဝေးလိုက်ပြန်ပို့ဖို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက စီစဉ်နေပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

အထောက်အထားမဲ့ တရားမဝင် အလုပ်သမားတွေ နေရပ်ပြန်နိုင်ရေးအတွက် Certificate of Identity မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထား စာအုပ်တွေကို အခမဲ့ထုတ်ပေးပြီး နေရပ်ပြန်ပို့ဖို့ လုပ်ဆောင်နေတဲ့အကြောာင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အလုပ်သမား သံအရာရှိ ဦးအောင်ဇော်မင်းက ဗွီအိုအေကို ပြောပါတယ်။

"၁၁၉ ယောက် သံရုံးဖော်ပြထားတာကတော့ တရားမဝင်တွေထဲမှာက ကိုယ်ဝန်ဆောင်တွေနဲ့ ကျန်းမာရေးမကောင်းတဲ့ သူတွေကို စီစဉ်ပေးတဲ့သဘောပါ။ ၁၃၀ ပြန်ပို့မယ့် အဆက်ပါ။ ဒီအောက်တိုဘာလထဲမှာ ပြန်ပို့ပေးမယ့် သဘောပါ။ အောက်တိုဘာ ဒါမှမဟုတ် နိုဝင်ဘာလထဲမှာ ပြန်ပို့ပေးမယ့် သဘောပါ။ CI Certificate of Identity (မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားစာအုပ်) လုပ်ပေးဖို့လည်း နောက်ဆုံးရက် သတ်မှတ်ပြီး သံရုံးကိုလာဖို့လည်း သံရုံးက ကြေညာထားပါတယ်။"

မလေးရှားနိုင်ငံမှာ ကပ်ရောဂါကာလ ကန့်သတ်မှုတွေကြား အလုပ်အကိုင်နဲ့ စားဝတ်နေရေး အခက်အခဲ ကြုံနေရတဲ့ မြန်မာနိုင်ငံသားတွေ နေရပ်ပြန်ချင်ပေမယ့် မပြန်နိုင်ဘဲ ဖြစ်နေသူတွေ၊ ဖမ်းဆီးခံရသူတွေ ရှိနေသလို ကိုယ့်ကိုယ်ကို အဆုံးစီရင်သူတွေလည်း ရှိပြီးတဲ့နောက် သံရုံးက အခုလို စီစဉ်လာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းကပဲ နောက်ထပ် မြန်မာအလုပ်သမားနှစ်ဦး ကိုယ့်ကိုယ်ကို အဆုံးစီရင်တာကြောင့် စုစုပေါင်း ၁၇ ဦးအထိ ရှိသွားပါပြီ။

စာရင်းပေးထားတဲ့ တရားမဝင် အလုပ်သမား ၁၀၀ ကျော်အနေနဲ့ သူတို့ရဲ့ မှတ်ပုံတင်နဲ့ မိသားစုသန်းခေါင်စာရင်း မိတ္တူတွေနဲ့အတူ စက်တင်ဘာလ ၂၁ ရက်နေ့ကနေ စက်တင်ဘာလ ၂၅ ရက်နေ့အတွင်း လူကိုယ်တိုင်လာပြီး မြန်မာသံရုံးကို ဆက်သွယ်ကြဖို့ကိုလည်း ကြေညာထားပါတယ်။ ဒါဟာ တရားမဝင် မြန်မာအလုပ်သမားတွေကို အစုအဝေးလိုက် ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်ပို့ဖို့ ပထမဆုံးအကြိမ် စီစဉ်တာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ကပ်ရောဂါကာလမှာ နေရပ်ပြန်ဖို့ အကူအညီတောင်းထားတဲ့ မလေးရှားရောက် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၀,၀၀၀ ကျော် ရှိနေပြီး ဒီအထဲက ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ ကျန်းမာရေး မကောင်းသူတွေ အပါအဝင် အရေးပေါ်အခြေအနေ ကြုံနေရသူ ၁၃၀ ကျော်ကို နေရပ်ပြန်ပို့နိုင်ဖို့ စီစဉ်ထားကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။

ခန့်မှန်းချေ မြန်မာနိုင်ငံသား ၅ သိန်းခွဲလောက် အလုပ်လုပ်ကိုင်နေတဲ့ မလေးရှားနိုင်ငံမှာ ကပ်ရောဂါကာလ ကန့်သတ်ချက်တွေကြောင့် မြန်မာနိုင်ငံသားတွေ အလုပ်အကိုင်နဲ့ စားဝတ်နေရေး အခက်အခဲတွေ ကြုံနေကြရတာပါ။ ဒါကြောင့်လည်း နေရပ်ပြန်ဖို့ တရားမဝင် နည်းလမ်းတွေနဲ့ ကြိုးစားရင်း မလေးရှား-ထိုင်းနယ်စပ်မှာ ဖမ်းဆီးခံရသူတွေလည်း အများအပြား ရှိနေပါတယ်။ တချို့ဆိုရင် လူမှောင်ခိုကူးသူတွေရဲ့ သားကောင်တွေအဖြစ် ကျရောက်သွားကြရတာတွေလည်း ရှိပါတယ်။

XS
SM
MD
LG