သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလးရွားက ေနာက္ထပ္ ျမန္မာ ၁၆၀ ေက်ာ္ သံ႐ံုးအစီအစဥ္နဲ႔ ေနရပ္ျပန္ပို႔


ေနရပ္ျပန္မယ့္ မေလးရွားေရာက္ ျမန္မာမ်ား။ (စက္တင္ဘာ ၂၃၊ ၂၀၂၀။ ျမန္မာသံ႐ုံး - မေလးရွား)

(Zawgyi / Unicode)

ကုိဗစ္ကပ္ေရာဂါကာလ မေလးရွားႏုိင္ငံမွာ ပိတ္မိေနတဲ့ ျမန္မာႏုိင္ငံသား ၁၆၀ ေက်ာ္ကို ျမန္မာသံ႐ံုးအစီအစဥ္နဲ႔ ေနရပ္ျပန္ပုိ႔ေပးခဲ့သလုိ ထိန္းသိမ္းေရး စခန္းေတြထဲက ျမန္မာႏုိင္ငံသားေတြ ေနရပ္ျပန္ႏုိင္ဖုိ႔လည္း စီစဥ္ေနပါတယ္။ အျပည့္အစုံကို ထုိင္းအေျခစုိက္ ဗြီအိုေအ ျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ကပ္ေရာဂါႀကံဳေနရတဲ့ မေလးရွားႏုိင္ငံေရာက္ ျမန္မာႏုိင္ငံသားေတြထဲက က်န္းမာေရး မေကာင္းသူေတြနဲ႔ ကုိယ္ဝန္ေဆာင္ေတြ အပါအဝင္ လူ ၁၆၀ ေက်ာ္ကုိ ျမန္မာသံ႐ုံး အကူအညီနဲ႔ မေန႔တုန္းကပဲ ေနရပ္ျပန္ပုိ႔ေပးခဲ့သလုိ ဒီလကုန္ေလာက္ ေနာက္တသုတ္ထပ္ပုိ႔ဖုိ႔လည္း စီစဥ္ေနတာျဖစ္ပါတယ္။ မေလးရွားႏုိင္ငံက လူဝင္မႈႀကီးၾကပ္ေရး ထိန္းသိမ္းေရးစခန္းေတြမွာ ဖမ္းဆီးခံထားရတဲ့ ခန္႔မွန္းေခ် ျမန္မာႏုိင္ငံသား ၃,၀၀၀ ေလာက္အနက္ တခ်ဳိ႕ကုိ စိစစ္ၿပီး ေနရပ္ျပန္ႏုိင္ေအာင္ စီစဥ္ေနတာလုိ႔လည္း ျမန္မာသံ႐ုံးကုိယ္စားျပဳၿပီး အကူအညီေပးေနတဲ့ ဦးသီဟေမာင္ေမာင္က ေျပာပါတယ္။

“၃၀ ရက္ေန႔ပုိ႔ဖို႔ေတာ့ စီစဥ္ေနၿပီ။ အျပင္ကလူေတြနဲ႔ မွ်ၿပိီးပုိ႔ရမယ္ဆုိေတာ့ အထဲက လူဘယ္ႏွစ္ဦးပါမယ္၊ အျပင္က ဘယ္ႏွစ္ဦးပါမယ္ အတိအက် မသိရေသးဘူး။ အထဲက က်ေနာ္တို႔ စာရင္းေကာက္ထားတာက လူ ၃,၀၀၀ ဝန္းက်င္ေလာက္ရွိတယ္။ မေန႔ကပုိ႔တာကေတာ့ ၁၆၀ ေက်ာ္ က်န္းမာေရး မေကာင္းသူေတြ ပါတယ္၊ ကုိယ္ဝန္ေဆာင္ေတြပါတယ္။ ေနာက္တခုက ပံုမွန္ ပါမစ္သက္တမ္း ကုန္ဆံုးသြားသူေတြ ပါတယ္။”

ျမန္မာ ႏုိင္ငံျခားေရးဝန္ႀကီးဌာနကေတာ့ ကပ္ေရာဂါကာလမွာ ေနရပ္ျပန္ဖို႔ အကူအညီေတာင္းထားတဲ့ မေလးရွားေရာက္ အေထာက္အထားမဲ့ ျမန္မာႏိုင္ငံသား ၁၀,၀၀၀ ေက်ာ္ရွိေနၿပီး ဒီအထဲက ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးေတြနဲ႔ က်န္းမာေရး မေကာင္းသူေတြ အပါအဝင္ အေရးေပၚအေျခအေန ႀကဳံေနရသူ ၁၃၀ ေက်ာ္ကို ေနရပ္ျပန္ပို႔ႏိုင္ဖို႔ စီစဥ္ထားေၾကာင္းလည္း သတင္းထုတ္ျပန္ထားပါတယ္။ အဲဒီထဲက ၁၁၉ ေယာက္ကုိေတာ့ ပထမအသုတ္အျဖစ္ ေအာက္တိုဘာလ ၁၅ ရက္ေန႔မွာ ကယ္ဆယ္ေရးေလယာဥ္နဲ႔ ျပန္ပို႔မယ္လို႔လည္း ျမန္မာသံ႐ုံးက သတင္းထုတ္ျပန္ထားပါတယ္။ မေလးရွားႏုိင္ငံ ဥပေဒအရ ေနရပ္ျပန္မယ့္ ျမန္မာႏုိင္ငံသားေတြ ဒဏ္ေၾကးေပးေဆာင္ရမွာ ျဖစ္ေပမယ့္ အခက္အခဲ ႀကံဳေနရခ်ိန္မွာ သက္သာခြင့္ရဖုိ႔ ၂ ႏုိင္ငံ တာဝန္ရိွသူေတြ ညႇိႏႈိင္းေနတယ္လုိ႔လည္း ဦးသီဟေမာင္ေမာင္က ေျပာပါတယ္။

“အခုေလာေလာဆယ္ေတာ့ ႏွစ္ႏိုင္ငံ ညႇိႏႈိင္းေနတယ္။ ဒီ ၁၁၉ ဦးကိုေတာ့ ဒဏ္ေၾကးမေပးရေအာင္ အတတ္ႏုိင္ဆံုး ညႇိႏႈိင္းေနတယ္။ အဲဒါကလည္း အခုမွ စလုပ္တာဆုိေတာ့ ဒဏ္ေၾကးေဆာင္ရမယ္၊ မေဆာင္ရဘူး ဆိုတာေတာ့ အတိအက် မေျပာႏုိင္ေသးဘူး။ အဲဒါကုိ လူႀကီးပုိင္းက စီစဥ္ေနတာဆုိေတာ့ ေျပာျပလို႔ မရေသးဘူး။ မေဆာင္ရေအာင္ေတာ့ ႀကိဳးစားၿပီး ေဆာင္ရြက္ေနပါတယ္။”

ခန႔္မွန္းေခ် ျမန္မာႏုိင္ငံသား ၅ သိန္းခြဲေလာက္ အလုပ္လုပ္ကိုင္ေနတဲ့ မေလးရွားႏိုင္ငံမွာ ကပ္ေရာဂါကာလ ကန႔္သတ္ခ်က္ေတြေၾကာင့္ ျမန္မာႏုိင္ငံသားေတြ အလုပ္အကိုင္နဲ႔ စားဝတ္ေနေရး အခက္အခဲေတြ ႀကဳံေနၾကရတာပါ။ ဒါေၾကာင့္လည္း ေနရပ္ျပန္ဖို႔ တရားမဝင္ နည္းလမ္းေတြနဲ႔ ႀကိဳးစားရင္း မေလးရွား-ထိုင္းနယ္စပ္မွာ ဖမ္းဆီးခံရသူေတြလည္း အမ်ားအျပား ရွိေနသလို တခ်ဳိ႕ဆိုရင္ လူေမွာင္ခိုကူးသူေတြရဲ႕ သားေကာင္ေတြအျဖစ္ က်ေရာက္သြားၾကရတာပါ။ ကိုဗစ္အေရးေပၚကာလမွာ မေလးရွားေရာက္ ျမန္မာေတြထဲက မိမိကိုယ္ကုိ အဆံုးစီရင္တာကေတာ့ ၁၇ ဦးထိ ရွိသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

မလေးရှားက နောက်ထပ် မြန်မာ ၁၆၀ ကျော် သံရုံးအစီအစဉ်နဲ့ နေရပ်ပြန်ပို့

ကိုဗစ်ကပ်ရောဂါကာလ မလေးရှားနိုင်ငံမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသား ၁၆၀ ကျော်ကို မြန်မာသံရုံးအစီအစဉ်နဲ့ နေရပ်ပြန်ပို့ပေးခဲ့သလို ထိန်းသိမ်းရေး စခန်းတွေထဲက မြန်မာနိုင်ငံသားတွေ နေရပ်ပြန်နိုင်ဖို့လည်း စီစဉ်နေပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ကပ်ရောဂါကြုံနေရတဲ့ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေထဲက ကျန်းမာရေး မကောင်းသူတွေနဲ့ ကိုယ်ဝန်ဆောင်တွေ အပါအဝင် လူ ၁၆၀ ကျော်ကို မြန်မာသံရုံး အကူအညီနဲ့ မနေ့တုန်းကပဲ နေရပ်ပြန်ပို့ပေးခဲ့သလို ဒီလကုန်လောက် နောက်တသုတ်ထပ်ပို့ဖို့လည်း စီစဉ်နေတာဖြစ်ပါတယ်။ မလေးရှားနိုင်ငံက လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေမှာ ဖမ်းဆီးခံထားရတဲ့ ခန့်မှန်းချေ မြန်မာနိုင်ငံသား ၃,၀၀၀ လောက်အနက် တချို့ကို စိစစ်ပြီး နေရပ်ပြန်နိုင်အောင် စီစဉ်နေတာလို့လည်း မြန်မာသံရုံးကိုယ်စားပြုပြီး အကူအညီပေးနေတဲ့ ဦးသီဟမောင်မောင်က ပြောပါတယ်။

“၃၀ ရက်နေ့ပို့ဖို့တော့ စီစဉ်နေပြီ။ အပြင်ကလူတွေနဲ့ မျှပြီးပို့ရမယ်ဆိုတော့ အထဲက လူဘယ်နှစ်ဦးပါမယ်၊ အပြင်က ဘယ်နှစ်ဦးပါမယ် အတိအကျ မသိရသေးဘူး။ အထဲက ကျနော်တို့ စာရင်းကောက်ထားတာက လူ ၃,၀၀၀ ဝန်းကျင်လောက်ရှိတယ်။ မနေ့ကပို့တာကတော့ ၁၆၀ ကျော် ကျန်းမာရေး မကောင်းသူတွေ ပါတယ်၊ ကိုယ်ဝန်ဆောင်တွေပါတယ်။ နောက်တခုက ပုံမှန် ပါမစ်သက်တမ်း ကုန်ဆုံးသွားသူတွေ ပါတယ်။”

မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ကပ်ရောဂါကာလမှာ နေရပ်ပြန်ဖို့ အကူအညီတောင်းထားတဲ့ မလေးရှားရောက် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၀,၀၀၀ ကျော်ရှိနေပြီး ဒီအထဲက ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ ကျန်းမာရေး မကောင်းသူတွေ အပါအဝင် အရေးပေါ်အခြေအနေ ကြုံနေရသူ ၁၃၀ ကျော်ကို နေရပ်ပြန်ပို့နိုင်ဖို့ စီစဉ်ထားကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီထဲက ၁၁၉ ယောက်ကိုတော့ ပထမအသုတ်အဖြစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်ပို့မယ်လို့လည်း မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။ မလေးရှားနိုင်ငံ ဥပဒေအရ နေရပ်ပြန်မယ့် မြန်မာနိုင်ငံသားတွေ ဒဏ်ကြေးပေးဆောင်ရမှာ ဖြစ်ပေမယ့် အခက်အခဲ ကြုံနေရချိန်မှာ သက်သာခွင့်ရဖို့ ၂ နိုင်ငံ တာဝန်ရှိသူတွေ ညှိနှိုင်းနေတယ်လို့လည်း ဦးသီဟမောင်မောင်က ပြောပါတယ်။

“အခုလောလောဆယ်တော့ နှစ်နိုင်ငံ ညှိနှိုင်းနေတယ်။ ဒီ ၁၁၉ ဦးကိုတော့ ဒဏ်ကြေးမပေးရအောင် အတတ်နိုင်ဆုံး ညှိနှိုင်းနေတယ်။ အဲဒါကလည်း အခုမှ စလုပ်တာဆိုတော့ ဒဏ်ကြေးဆောင်ရမယ်၊ မဆောင်ရဘူး ဆိုတာတော့ အတိအကျ မပြောနိုင်သေးဘူး။ အဲဒါကို လူကြီးပိုင်းက စီစဉ်နေတာဆိုတော့ ပြောပြလို့ မရသေးဘူး။ မဆောင်ရအောင်တော့ ကြိုးစားပြီး ဆောင်ရွက်နေပါတယ်။”

ခန့်မှန်းချေ မြန်မာနိုင်ငံသား ၅ သိန်းခွဲလောက် အလုပ်လုပ်ကိုင်နေတဲ့ မလေးရှားနိုင်ငံမှာ ကပ်ရောဂါကာလ ကန့်သတ်ချက်တွေကြောင့် မြန်မာနိုင်ငံသားတွေ အလုပ်အကိုင်နဲ့ စားဝတ်နေရေး အခက်အခဲတွေ ကြုံနေကြရတာပါ။ ဒါကြောင့်လည်း နေရပ်ပြန်ဖို့ တရားမဝင် နည်းလမ်းတွေနဲ့ ကြိုးစားရင်း မလေးရှား-ထိုင်းနယ်စပ်မှာ ဖမ်းဆီးခံရသူတွေလည်း အများအပြား ရှိနေသလို တချို့ဆိုရင် လူမှောင်ခိုကူးသူတွေရဲ့ သားကောင်တွေအဖြစ် ကျရောက်သွားကြရတာပါ။ ကိုဗစ်အရေးပေါ်ကာလမှာ မလေးရှားရောက် မြန်မာတွေထဲက မိမိကိုယ်ကို အဆုံးစီရင်တာကတော့ ၁၇ ဦးထိ ရှိသွားပါတယ်။

XS
SM
MD
LG