သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကူးစက္မႈလိႈင္းသစ္ မေလးရွားစိုးရိမ္


မေလးရွားႏိုင္ငံ Kuala Lumpur ၿမိဳ႕ မွာ COVID ေရာဂါ ရွိမရွိ စစ္ေဆးေပးေနတဲ့ က်န္းမာေရး၀န္ထမ္းတဦး။ (ေအာက္တိုဘာ ၀၆၊ ၂၀၂၀)

[Zawgyi/Unicode]

မေလးရွားမွာ COVID-19 ကူးစက္မႈႏႈန္းတက္လာေနတဲ့အတြက္ အစိုးရရဲ႕ ကပ္ေရာဂါထိန္းခ်ဳပ္ကိုင္တြယ္ပုံေတြနဲ႔ ပတ္သက္ၿပီး Kuala Lumpur ၿမိဳ႕ခံေတြ မေက်မနပ္ျဖစ္ေနၾကပါတယ္။

ႏိုင္ငံတြင္း ေရာဂါကူးစက္တဲႏႈန္းတိုးလာသလို႔ ဝန္ႀကီးခ်ဳပ္ Muhyiddin Yassin ကိုယ္တိုင္လည္း COVID-19 ကူးစက္ခံထားရတဲ့ အစိုးရ ဝန္ႀကီးတဦးနဲ႔ ထိေတြ႕ခဲ့တာေၾကာင့္ သီးျခားခြဲေနထိုင္ေနပါတယ္။ အသက္ ၇၃ ႏွစ္ရွိၿပီျဖစ္တဲ့ ဝန္ႀကီးခ်ဳပ္ Yassin က စေနေန႔က က်င္းပတဲ့ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈ ဆိုင္ရာအစည္းအေဝးပြဲမွာ သာသနာေရးရာ ဝန္ႀကီး Zulkifli Mohamad Al-Bakri အတူရွိေနခဲ့တယ္လို႔ ဆိုပါတယ္။

အစည္းအေဝးအၿပီး ၂ ရက္အၾကာ မေန႔ကဝန္ႀကီး Zulkifli မွာ COVID-19 ကူးစက္ခံထားရတာကို သိခဲ့ရတာျဖစ္ၿပီး သူ႔အတြက္ ေရာဂါစမ္းသပ္စစ္ေဆးမႈအားလုံးမွာေတာ့ ပိုးကင္းစင္တယ္လို႔ တယ္လို႔ ဝန္ႀကီးခ်ဳပ္Yassin ကေျပာပါတယ္။ မေလးရွားမွာ ၿပီးခဲ့တဲ့ လက Sabah ျပည္နယ္ေ႐ြးေကာက္ပြဲေနာက္ဆက္တြဲ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ တျဖည္းျဖည္းျမင့္တက္လာ တာပါ။ Sabah ျပည္နယ္ေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးေရးကို ဝန္ႀကီးခ်ဳပ္ Yassin နဲ႔ ဝန္ႀကီး Zulkifli တို႔ သြားေရာက္ခဲ့ၿပီး အျပန္မွာ သီးျခားခြဲ quarantine မေနခဲ့တဲ့ အတြက္လည္း ေဝဖန္မႈေတြထြက္ေပၚလာခဲ့ပါတယ္။

လတ္လေလာ မေလးရွားမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ လႈိင္းအသစ္နဲ႔ ႀကဳံေတြ႕ရဖို႔ရွိတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက သတိေပးထားပါတယ္။ ႏိုင္ငံတြင္း ေရာဂါကူးစက္သူေပါင္း ၁၂,၈၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၁၃၇ ေယာက္ရွိပါတယ္။

ဖိလစ္ပိုင္မွာ ဒီကေန႔ COVID-19 ကူးစက္သူ ၂,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၂၅ ေယာက္ရွိတဲ့အတြက္ ဒါဟာ ၁၅ ရက္အတြင္းမွာ အေသအေပ်ာက္ႏႈန္း အနည္းဆုံးျဖစ္ပါတယ္။ ဖိလစ္ပိုင္က အခုထိ ကူးစက္သူေပါင္း ၃၂၆,၀၀၀ ေက်ာ္နဲ႔ အေရွ႕ေတာင္အာရွမွာ ကူးစက္မႈႏႈန္း အမ်ားဆုံးျဖစ္ေနတာပါ၊ ေသဆုံးသူက ၅,၈၀၀ ေက်ာ္ရွိပါတယ္။

အင္ဒိုနီးရွားမွာေတာ့ ဒီကေန႔ အတည္ျပဳလူနာ ၄,၀၀၀ ေက်ာ္နဲ႔ ကူးစက္သူေပါင္း ၃၁၀,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ စုစုေပါင္းက ၁၁,၃၀၀ ေက်ာ္ရွိပါတယ္။

ကိုဗစ္ကူးစက္မႈလိႈင္းသစ္ မေလးရွားစိုးရိမ္
please wait

No media source currently available

0:00 0:00:45 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကူးစက်မှုလှိုင်းသစ် မလေးရှားစိုးရိမ်

မလေးရှားမှာ COVID-19 ကူးစက်မှုနှုန်းတက်လာနေတဲ့အတွက် အစိုးရရဲ့ ကပ်ရောဂါထိန်းချုပ်ကိုင်တွယ်ပုံတွေနဲ့ ပတ်သက်ပြီး Kuala Lumpur မြို့ခံတွေ မကျေမနပ်ဖြစ်နေကြပါတယ်။

နိုင်ငံတွင်း ရောဂါကူးစက်တဲနှုန်းတိုးလာသလို့ ဝန်ကြီးချုပ် Muhyiddin Yassin ကိုယ်တိုင်လည်း COVID-19 ကူးစက်ခံထားရတဲ့ အစိုးရ ဝန်ကြီးတဦးနဲ့ ထိတွေ့ခဲ့တာကြောင့် သီးခြားခွဲနေထိုင်နေပါတယ်။ အသက် ၇၃ နှစ်ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ် Yassin က စနေနေ့က ကျင်းပတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆိုင်ရာအစည်းအဝေးပွဲမှာ သာသနာရေးရာ ဝန်ကြီး Zulkifli Mohamad Al-Bakri အတူရှိနေခဲ့တယ်လို့ ဆိုပါတယ်။

အစည်းအဝေးအပြီး ၂ ရက်အကြာ မနေ့ကဝန်ကြီး Zulkifli မှာ COVID-19 ကူးစက်ခံထားရတာကို သိခဲ့ရတာဖြစ်ပြီး သူ့အတွက် ရောဂါစမ်းသပ်စစ်ဆေးမှုအားလုံးမှာတော့ ပိုးကင်းစင်တယ်လို့ တယ်လို့ ဝန်ကြီးချုပ်Yassin ကပြောပါတယ်။ မလေးရှားမှာ ပြီးခဲ့တဲ့ လက Sabah ပြည်နယ်ရွေးကောက်ပွဲနောက်ဆက်တွဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တဖြည်းဖြည်းမြင့်တက်လာ တာပါ။ Sabah ပြည်နယ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကို ဝန်ကြီးချုပ် Yassin နဲ့ ဝန်ကြီး Zulkifli တို့ သွားရောက်ခဲ့ပြီး အပြန်မှာ သီးခြားခွဲ quarantine မနေခဲ့တဲ့ အတွက်လည်း ဝေဖန်မှုတွေထွက်ပေါ်လာခဲ့ပါတယ်။

လတ်လလော မလေးရှားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု လှိုင်းအသစ်နဲ့ ကြုံတွေ့ရဖို့ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။ နိုင်ငံတွင်း ရောဂါကူးစက်သူပေါင်း ၁၂,၈၀၀ ကျော်နဲ့ သေဆုံးသူ ၁၃၇ ယောက်ရှိပါတယ်။

ဖိလစ်ပိုင်မှာ ဒီကနေ့ COVID-19 ကူးစက်သူ ၂,၀၀၀ ကျော်နဲ့ သေဆုံးသူ ၂၅ ယောက်ရှိတဲ့အတွက် ဒါဟာ ၁၅ ရက်အတွင်းမှာ အသေအပျောက်နှုန်း အနည်းဆုံးဖြစ်ပါတယ်။ ဖိလစ်ပိုင်က အခုထိ ကူးစက်သူပေါင်း ၃၂၆,၀၀၀ ကျော်နဲ့ အရှေ့တောင်အာရှမှာ ကူးစက်မှုနှုန်း အများဆုံးဖြစ်နေတာပါ၊ သေဆုံးသူက ၅,၈၀၀ ကျော်ရှိပါတယ်။

အင်ဒိုနီးရှားမှာတော့ ဒီကနေ့ အတည်ပြုလူနာ ၄,၀၀၀ ကျော်နဲ့ ကူးစက်သူပေါင်း ၃၁၀,၀၀၀ ကျော်နဲ့ သေဆုံးသူ စုစုပေါင်းက ၁၁,၃၀၀ ကျော်ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG