သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူ ၁၀ ေယာက္မွာ ၁ ေယာက္ႏႈန္း ကိုဗစ္ကူးစက္ခံေနရဖြယ္ရွိ- WHO


စက္တင္ဘာ ၁၉ ရက္ေန႔က အိႏၵိယႏိုင္ငံတြင္ COVID ရွိမရွိ စစ္ေဆးေနစဥ္

(Zawgyi/Unicode)

ကမာၻတလႊားမွာ ေယဘူယ် အားျဖင့္ လူ၁၀ ေယာက္မွာ တေယာက္ႏႈန္း ကိုရိုနာဗုိင္းရပ္စ္ အကူးစက္ ခံေနရ ႏိုင္တယ္လို႔ WHO ကမာၻ႔က်န္းမာေရးအဖြဲ႔ အေရးေပၚအစီအစဥ္ ဆိုင္ရာ အႀကီးအကဲ Michael Ryan က တနလၤာေန႔မွာ ေျပာၾကားလိုက္ပါတယ္။

"ဒီေရာဂါအကူးစက္ခံေနရသူဟာ ခန္႔မွန္းေခ်အားျဖင့္ ကမာၻ႔လူဦးေရရဲ့ ၁၀ ရာခိုင္ႏႈန္း ေလာက္ရွိႏိုင္ ပါတယ္။ ဒီကိန္းဂဏန္းဟာ ႏိုင္ငံ၊ ေဒသ၊ လူမ်ိဳးစု အလိ္ုက္ ကြာျခားမႈရွိႏိုင္ေပမယ့္ ကမာၻ႔ ေနရာ အေတာ္မ်ားမ်ား အတြက္ေတာ့ အႏၱရာယ္ႀကီးေနဆဲပဲ ဆိုတာ ျပေနပါတယ္" လို႔ ေျပာသြားတာပါ။

ဒီခန္႔မွန္းခ်က္အရ လူဦးေရ သန္း ၇၆၀ ေက်ာ္မွာ ျဖစ္ပြါးေနတာ ျဖစ္ၿပီး ဒါဟာ လက္ရွိ အတည္ျပဳထားတဲ့ ကမာၻတလႊား အကူးစက္ခံရသူ အေရအတြက္ထက္ အဆ ၂၀ ေက်ာ္ ပိုမ်ားေနတာပါ။

ဒါဟာ ကမာၻႀကီးအတြက္ အႏၱရာယ္ႀကီးသလို အခက္ခဲဆံုးကာလကို ဦးတည္ေနၿပီျဖစ္ေၾကာင္းလည္း Michael Ryan က ၃၄ ဦးပါ WHO ဘုတ္အဖြဲ႔ဝင္ေတြရဲ့ Geneva မွာ က်င္းပတဲ့ အထူးအစည္းအေဝးမွာ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ဒီေရာဂါအတြက္ ေစာင့္ၾကည့္မွတ္တမ္းတင္ေနတဲ့ အေမရိကန္ Johns Hopkins တကၠသိုလ္ စစ္တမ္းမွာေတာ့ တနလၤာေန႔မွာ ဒီေရာဂါ အကူးစက္ခံရသူဟာ ၃၅ သန္းေက်ာ္ (၃၅,၃၁၉,၁၃၉ )ေနၿပီျဖစ္ၿပီး၊ ေသဆံုးရသူကလည္း ၁ သန္းေက်ာ္ (၁,၀၃၈,၈၅၅) ရွိေနတာပါ။

ဥေရာပ ႏုိင္ငံအမ်ားအျပားမွာလည္း ဒီေရာဂါ ကူးစက္မႈေတြ တိုးလာေနတာ ျဖစ္ၿပီး အေမရိကန္မွာေတာ့ အကူးစက္ခံရသူ ၇ သန္းခြဲနီးပါးနဲ႔ ေသဆံုးရသူ ၂ သိန္းေက်ာ္ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

လူ ၁၀ ယောက်မှာ ၁ ယောက်နှုန်း ကိုဗစ်ကူးစက်ခံနေရဖွယ်ရှိ- WHO

(Unicode)

ကမ္ဘာတလွှားမှာ ယေဘူယျ အားဖြင့် လူ၁၀ ယောက်မှာ တယောက်နှုန်း ကိုရိုနာဗိုင်းရပ်စ် အကူးစက် ခံနေရ နိုင်တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရေးပေါ်အစီအစဉ် ဆိုင်ရာ အကြီးအကဲ Michael Ryan က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

"ဒီရောဂါအကူးစက်ခံနေရသူဟာ ခန့်မှန်းချေအားဖြင့် ကမ္ဘာ့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်း လောက်ရှိနိုင် ပါတယ်။ ဒီကိန်းဂဏန်းဟာ နိုင်ငံ၊ ဒေသ၊ လူမျိုးစု အလိုက် ကွာခြားမှုရှိနိုင်ပေမယ့် ကမ္ဘာ့ နေရာ အတော်များများ အတွက်တော့ အန္တရာယ်ကြီးနေဆဲပဲ ဆိုတာ ပြနေပါတယ်" လို့ ပြောသွားတာပါ။

ဒီခန့်မှန်းချက်အရ လူဦးရေ သန်း ၇၆၀ ကျော်မှာ ဖြစ်ပွါးနေတာ ဖြစ်ပြီး ဒါဟာ လက်ရှိ အတည်ပြုထားတဲ့ ကမ္ဘာတလွှား အကူးစက်ခံရသူ အရေအတွက်ထက် အဆ ၂၀ ကျော် ပိုများနေတာပါ။

ဒါဟာ ကမ္ဘာကြီးအတွက် အန္တရာယ်ကြီးသလို အခက်ခဲဆုံးကာလကို ဦးတည်နေပြီဖြစ်ကြောင်းလည်း Michael Ryan က ၃၄ ဦးပါ WHO ဘုတ်အဖွဲ့ဝင်တွေရဲ့ Geneva မှာ ကျင်းပတဲ့ အထူးအစည်းအဝေးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီရောဂါအတွက် စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ အမေရိကန် Johns Hopkins တက္ကသိုလ် စစ်တမ်းမှာတော့ တနင်္လာနေ့မှာ ဒီရောဂါ အကူးစက်ခံရသူဟာ ၃၅ သန်းကျော် (၃၅,၃၁၉,၁၃၉ )နေပြီဖြစ်ပြီး၊ သေဆုံးရသူကလည်း ၁ သန်းကျော် (၁,၀၃၈,၈၅၅) ရှိနေတာပါ။

ဥရောပ နိုင်ငံအများအပြားမှာလည်း ဒီရောဂါ ကူးစက်မှုတွေ တိုးလာနေတာ ဖြစ်ပြီး အမေရိကန်မှာတော့ အကူးစက်ခံရသူ ၇ သန်းခွဲနီးပါးနဲ့ သေဆုံးရသူ ၂ သိန်းကျော် ရှိနေပါတယ်။

XS
SM
MD
LG