(Zawgyi / Unicode)
COVID-19 ေရာဂါ ကူးစက္ခံထားရတဲ့ အေမရိကန္သမၼတ Donald Trump ရဲ႕ အေျခအေနဟာ ဆက္ၿပီးေတာ့ ေကာင္းမြန္ေနၿပီး တုိးတက္မႈရွိတယ္လို႔ သူ႔ရဲ႕ ဆရာဝန္ Dr. Sean Conley က စေနေန႔ညက ေျပာပါတယ္။
မေန႔ အေစာပိုင္းတုန္းကေတာ့ သူ႔ကိုကုသေနတဲ့ ဆရာဝန္ေတြကို သမၼတ Trump နဲ႔ပတ္သက္ၿပီး ေျပာၾကားခဲ့တာမွာေတာ့ သမၼတ Trump ရဲ႕ အေျခအေနဟာ မနက္ပိုင္းမွာ အလြန္ကိုေကာင္းတယ္လို႔ Dr. Conley က Walter Reed စစ္ေဆး႐ုံမွာ ေျပာပါတယ္။
သမၼတ Trump ကုိ Remdesivir ေဆး ဒုတိယအႀကိမ္ ေပးထားၿပီး အဖ်ားမရွိသလို ေနာက္ထပ္ ေအာက္ဆီဂ်င္ေပးထားတာလည္း မရွိဘဲ ေအာက္ဆီဂ်င္ျပည့္ဝမႈ ပမာဏဟာလည္း တေန႔လုံး ၉၆ ရာခုိင္ႏႈန္းကေန ၉၈ ရာခုိင္ႏႈန္း ရွိေနတယ္လို႔ Dr. Conley က မေန႔ညပိုင္းက ေျပာပါတယ္။
သမၼတ Trump ရဲ႕ ေရာဂါအေျခအေနဟာ လုံးဝ အႏၱရာယ္မရွိေတာ့တာ မဟုတ္ေသးတာေၾကာင့္ သူ႔ဆရာဝန္ေတြအေနနဲ႔ သတိနဲ႔ အေကာင္းျမင္ေနၾကတယ္လို႔ Dr. Conley ရဲ႕ ေၾကညာခ်က္မွာ ေျပာထားပါတယ္။
သမၼတ Trump ကို ဒီေန႔မွာ Remdesivir ေဆး ေနာက္တႀကိမ္ ေပးသြားမွာျဖစ္ၿပီး ဆရာဝန္ေတြက အနီးကပ္ ေစာင့္ၾကည့္သြားမယ္လို႔ ေၾကညာခ်က္ထဲမွာ ေျပာထားပါတယ္။
ဒါေပမယ့္ မေန႔ အေစာပိုင္းတုန္းက အိမ္ျဖဴေတာ္အရာရွိခ်ဳပ္ Mark Meadows က သမၼတ Trump ရဲ႕ အေျခအေနဟာ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္းမွာ အလြန္စိုးရိမ္စရာ ေကာ္ငးခဲ့ၿပီး လာမယ့္ ၄၈ နာရီဟာ သမၼတအတြက္ အေရးႀကီးၿပီး အျပည့္အဝ ျပန္ေနေကာင္းလာဖို႔ အေနအထားထိေတာ့ မေရာက္ေသးဘူးလို႔ သူကေျပာပါတယ္။
သမၼတ Trump အေနနဲ႔ ေဆး႐ုံမွာ ဘယ္ေလာက္အထိ ဆက္ေနရမယ္ဆုိတာေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးဘူးလို႔ သူကေျပာပါတယ္။ ဒါ့အျပင္ သမၼတ Trump အေနနဲ႔ ေအာက္ဆီဂ်င္ေပးဖို႔ လုိိခဲ့သလားဆုိတဲ့ ေမးခြန္းကိုလည္း သူက ေျဖမသြားခဲ့ပါဘူး။
---------------------
(Unicode)
သမ္မတ Trump ကျန်းမာရေး ကောင်းမွန်တိုးတက်လာ
COVID-19 ရောဂါ ကူးစက်ခံထားရတဲ့ အမေရိကန်သမ္မတ Donald Trump ရဲ့ အခြေအနေဟာ ဆက်ပြီးတော့ ကောင်းမွန်နေပြီး တိုးတက်မှုရှိတယ်လို့ သူ့ရဲ့ ဆရာဝန် Dr. Sean Conley က စနေနေ့ညက ပြောပါတယ်။
မနေ့ အစောပိုင်းတုန်းကတော့ သူ့ကိုကုသနေတဲ့ ဆရာဝန်တွေကို သမ္မတ Trump နဲ့ပတ်သက်ပြီး ပြောကြားခဲ့တာမှာတော့ သမ္မတ Trump ရဲ့ အခြေအနေဟာ မနက်ပိုင်းမှာ အလွန်ကိုကောင်းတယ်လို့ Dr. Conley က Walter Reed စစ်ဆေးရုံမှာ ပြောပါတယ်။
သမ္မတ Trump ကို Remdesivir ဆေး ဒုတိယအကြိမ် ပေးထားပြီး အဖျားမရှိသလို နောက်ထပ် အောက်ဆီဂျင်ပေးထားတာလည်း မရှိဘဲ အောက်ဆီဂျင်ပြည့်ဝမှု ပမာဏဟာလည်း တနေ့လုံး ၉၆ ရာခိုင်နှုန်းကနေ ၉၈ ရာခိုင်နှုန်း ရှိနေတယ်လို့ Dr. Conley က မနေ့ညပိုင်းက ပြောပါတယ်။
သမ္မတ Trump ရဲ့ ရောဂါအခြေအနေဟာ လုံးဝ အန္တရာယ်မရှိတော့တာ မဟုတ်သေးတာကြောင့် သူ့ဆရာဝန်တွေအနေနဲ့ သတိနဲ့ အကောင်းမြင်နေကြတယ်လို့ Dr. Conley ရဲ့ ကြေညာချက်မှာ ပြောထားပါတယ်။
သမ္မတ Trump ကို ဒီနေ့မှာ Remdesivir ဆေး နောက်တကြိမ် ပေးသွားမှာဖြစ်ပြီး ဆရာဝန်တွေက အနီးကပ် စောင့်ကြည့်သွားမယ်လို့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။
ဒါပေမယ့် မနေ့ အစောပိုင်းတုန်းက အိမ်ဖြူတော်အရာရှိချုပ် Mark Meadows က သမ္မတ Trump ရဲ့ အခြေအနေဟာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာ အလွန်စိုးရိမ်စရာ ကော်ငးခဲ့ပြီး လာမယ့် ၄၈ နာရီဟာ သမ္မတအတွက် အရေးကြီးပြီး အပြည့်အဝ ပြန်နေကောင်းလာဖို့ အနေအထားထိတော့ မရောက်သေးဘူးလို့ သူကပြောပါတယ်။
သမ္မတ Trump အနေနဲ့ ဆေးရုံမှာ ဘယ်လောက်အထိ ဆက်နေရမယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ သူကပြောပါတယ်။ ဒါ့အပြင် သမ္မတ Trump အနေနဲ့ အောက်ဆီဂျင်ပေးဖို့ လိုခဲ့သလားဆိုတဲ့ မေးခွန်းကိုလည်း သူက ဖြေမသွားခဲ့ပါဘူး။