သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကုိဗစ္ျဖစ္ေနတဲ့ ကန္သမၼတနဲ႔ ဇနီးတုိ႔အတြက္ ကမၻာ့ေခါင္းေဆာင္ေတြ ဆုေတာင္းေပး


အေမရိကန္သမၼတ Donald Trump နဲ႔ ဇနီး Melania Trump.

(Zawgyi / Unicode)

ေသာၾကာေန႔မွာ အေမရိကန္သမၼတ Donald Trump နဲ႔ သမၼတကေတာ္ Melania Trump တို႔ COVID-19 ကူးစက္ခံေနရေၾကာင္း သတင္းေတြ ထုတ္ျပန္ခဲ့ၿပီးတဲ့ေနာက္ ခ်က္ခ်င္းဆိုသလိုပဲ ကမာၻတလႊားက ေခါင္းေဆာင္ေတြနဲ႔ ထင္ရွားတဲ့ ပုဂၢိဳလ္ေတြက သမၼတနဲ႔ သမၼတကေတာ္တို႔ အျမန္ျပန္က်န္းမာေစဖို႔ ဆုမြန္ေကာင္းေတြ ေတာင္းေပးေနၾကသလို စေနေန႔မွာေတာ့ တ႐ုတ္၊ ေျမာက္ကိုရီးယားနဲ႔ နယူးဇီလန္ ေခါင္းေဆာင္ေတြကပါ ဆုေတာင္းေပးခဲ့ၾကပါတယ္။

အေမရိကန္သမၼတ Donald Trump နဲ႔ သမၼတကေတာ္တို႔မွာ ဒီေရာဂါ ကူးစက္ခံရေၾကာင္း သိရတဲ့အတြက္ တ႐ုတ္သမၼတ Xi Jinping နဲ႔ သမၼတကေတာ္ Pend Liyuan တို႔က စိတ္မေကာင္း ျဖစ္ရေၾကာင္းနဲ႔ အျမန္သက္သာ ေပ်ာက္ကင္းေစဖုိ႔ ဆုေတာင္းေပးေနေၾကာင္း ေအာက္တုိဘာလ ၃ ရက္ေန႔ တ႐ုတ္အစိုးရ ႐ုပ္သံသတင္းမွာ ေၾကညာခဲ့ပါတယ္။ ဒီေရာဂါျပန္႔ပြားမႈနဲ႔ ပတ္သက္ၿပီး အေမရိကန္နဲ႔ တ႐ုတ္တို႔ၾကား တင္းမာမႈေတြ ျဖစ္ေနတာပါ။

ေျမာက္ကိုရီးယားေခါင္းေဆာင္ Kim Jong Un ကလည္း သမၼတ Donald Trump အျမန္ျပန္က်န္းမာေစဖုိ႔ ဆုေတာင္းေပးတဲ့ သတင္းစကားကို စေနေန႔မနက္ပိုင္း ေျမာက္ကိုရီးယားအစိုးရ KCNA သတင္းမွာ ေၾကညာခဲ့ပါတယ္။

COVID-19 ကူးစက္ခံေနရတဲ့ အေမရိကန္သမၼတ Donald Trump နဲ႔ သမၼတကေတာ္တို႔ အျမန္က်န္းမာေစဖုိ႔ နယူးဇီလန္ဝန္ႀကီးခ်ဳပ္ Jacinda Ardern ကလည္း စေနေန႔မွာပဲ ဆုေတာင္းေပးခဲ့ပါတယ္။

သမၼတ Trump အတြက္ ပထမဆံုး ဆုေတာင္းေပးသူကေတာ့ သူနဲ႔ အရင္းနွီးဆံုးသူ တဦးျဖစ္တဲ့ အိႏၵိယဝန္ႀကီးခ်ဳပ္ Narendra Modi ျဖစ္ပါတယ္။ ႐ုရွားသမၼတ Vladimir Putin၊ ကိုယ္တိုင္ ဒီေရာဂါ ကူးစက္ခံခဲ့ရတဲ့ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson နဲ႔ ဂ်ာမနီဝန္ႀကီးခ်ဳပ္ Angela Merkel အပါအဝင္ ကမာၻ႔ေခါင္းေဆာင္ေတြက အေမရိကန္သမၼတနဲ႔ သမၼတကေတာ္တုိ႔ က်န္းမာေစဖုိ႔ ဆုေတာင္းေပးခဲ့ၾကတာပါ။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ကိုဗစ်ဖြစ်နေတဲ့ ကန်သမ္မတနဲ့ ဇနီးတို့အတွက် ကမ္ဘာ့ခေါင်းဆောင်တွေ ဆုတောင်းပေး

သောကြာနေ့မှာ အမေရိကန်သမ္မတ Donald Trump နဲ့ သမ္မတကတော် Melania Trump တို့ COVID-19 ကူးစက်ခံနေရကြောင်း သတင်းတွေ ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ချက်ချင်းဆိုသလိုပဲ ကမ္ဘာတလွှားက ခေါင်းဆောင်တွေနဲ့ ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေက သမ္မတနဲ့ သမ္မတကတော်တို့ အမြန်ပြန်ကျန်းမာစေဖို့ ဆုမွန်ကောင်းတွေ တောင်းပေးနေကြသလို စနေနေ့မှာတော့ တရုတ်၊ မြောက်ကိုရီးယားနဲ့ နယူးဇီလန် ခေါင်းဆောင်တွေကပါ ဆုတောင်းပေးခဲ့ကြပါတယ်။

အမေရိကန်သမ္မတ Donald Trump နဲ့ သမ္မတကတော်တို့မှာ ဒီရောဂါ ကူးစက်ခံရကြောင်း သိရတဲ့အတွက် တရုတ်သမ္မတ Xi Jinping နဲ့ သမ္မတကတော် Pend Liyuan တို့က စိတ်မကောင်း ဖြစ်ရကြောင်းနဲ့ အမြန်သက်သာ ပျောက်ကင်းစေဖို့ ဆုတောင်းပေးနေကြောင်း အောက်တိုဘာလ ၃ ရက်နေ့ တရုတ်အစိုးရ ရုပ်သံသတင်းမှာ ကြေညာခဲ့ပါတယ်။ ဒီရောဂါပြန့်ပွားမှုနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်တို့ကြား တင်းမာမှုတွေ ဖြစ်နေတာပါ။

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ကလည်း သမ္မတ Donald Trump အမြန်ပြန်ကျန်းမာစေဖို့ ဆုတောင်းပေးတဲ့ သတင်းစကားကို စနေနေ့မနက်ပိုင်း မြောက်ကိုရီးယားအစိုးရ KCNA သတင်းမှာ ကြေညာခဲ့ပါတယ်။

COVID-19 ကူးစက်ခံနေရတဲ့ အမေရိကန်သမ္မတ Donald Trump နဲ့ သမ္မတကတော်တို့ အမြန်ကျန်းမာစေဖို့ နယူးဇီလန်ဝန်ကြီးချုပ် Jacinda Ardern ကလည်း စနေနေ့မှာပဲ ဆုတောင်းပေးခဲ့ပါတယ်။

သမ္မတ Trump အတွက် ပထမဆုံး ဆုတောင်းပေးသူကတော့ သူနဲ့ အရင်းနှီးဆုံးသူ တဦးဖြစ်တဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ဖြစ်ပါတယ်။ ရုရှားသမ္မတ Vladimir Putin၊ ကိုယ်တိုင် ဒီရောဂါ ကူးစက်ခံခဲ့ရတဲ့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson နဲ့ ဂျာမနီဝန်ကြီးချုပ် Angela Merkel အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေက အမေရိကန်သမ္မတနဲ့ သမ္မတကတော်တို့ ကျန်းမာစေဖို့ ဆုတောင်းပေးခဲ့ကြတာပါ။

XS
SM
MD
LG