သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump ကျန်းမာရေးအခြေအနေအပေါ် သမ္မတဆရာဝန်အဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲ


သမ္မတ Trump ကို ကုသပေးနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားနေတဲ့ Dr. Sean Conley. (အောက်တိုဘာ ၃၊ ၂၀၂၀)
သမ္မတ Trump ကို ကုသပေးနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားနေတဲ့ Dr. Sean Conley. (အောက်တိုဘာ ၃၊ ၂၀၂၀)

(Zawgyi / Unicode)

COVID-19 ကုသနေရတဲ့ အမေရိကန်သမ္မတ Donald Trump ရဲ့ ကျန်းမာရေး အခြေအနေတွေကို အမေရိကန်စံတော်ချိန် စနေနေ့မှာ ကုသပေးနေတဲ့ ဆရာဝန်အဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲကနေ မသိင်္ဂီထိုက် ကောက်နုတ် တင်ပြပေးထားပါတယ်။

သမ္မတ Donald Trump တက်ရောက်ကုသမှု ခံယူနေတဲ့ Walter Reed စစ်ဆေးရုံရှေ့မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတကို ကုသပေးနေတဲ့ ဒေါက်တာ Sean Conley က သတင်းထောက်တွေကို အခုလို ပြောခဲ့ပါတယ်။

“လက်ရှိအချိန်ထိ သမ္မတရဲ့ တိုးတက်မှုတွေအတွက် သူ့အနေနဲ့ရော ကုသရေးအဖွဲ့ အနေနဲ့ပါ အင်မတန်မှ ကျေနပ်ပါတယ်။ ကြာသပတေတးနေ့တုန်းကဆိုရင် သမ္မတဟာ အနည်းငယ် နှာစေး ချောင်းဆိုးပြီး နည်းနည်း မောနေပေမယ့် အခုတော့ အားလုံးသက်သာပြီး တိုးတက်မှုရှိပါတယ်။”

သမ္မတ Trump ဘယ်တော့ ဆေးရုံက ဆင်းရမလဲလို့ သတင်းထောက်တွေ မေးတာမှာတော့ သူ့အနေနဲ့ ခန့်မှန်း မပြောလိုကြောင်း၊ သမ္မတအနေနဲ့ ဆေးရုံမှာ ဆက်နေဖို့ လိုအပ်မလား၊ ဘာတွေလိုအပ်မလဲ၊ ဘယ်မှာနေမလဲ ဆိုတာတွေကို နေ့စဉ် သုံးသပ်သွားမှာ ဖြစ်တယ်လို့ပဲ ဒေါက်တာ Sean Conley က ဖြေကြားသွားပါတယ်။

အရေးတကြီး မှတ်ချက်ပေး ပြောစရာကတော့ သမ္မတမှာ အဖျားမရှိတာ ၂၄ နာရီ ကျော်သွားပြီ ဖြစ်ကြောင်း၊ သတိထားပြီး ဆက်လက် စောင့်ကြည့်နေကြောင်း၊ ဒါပေမယ့် သမ္မတ အခြေအနေ ကောင်းမွန်ပါတယ်လို့ ဒေါက်တာ Sean Conley က ပြောသွားတာပါ။ နောက်တခု ပြောစရာကတော့ အိမ်ဖြူတော် အရာရှိချုပ်ထံကနေ သမ္မတအနေနဲ့ ဆောင်ရွက်စရာ တပုံတပင် ရရှိထားပြီး သမ္မတက ဆောင်ရွက်နေပါတယ်လို့လည်း ဒေါက်တာ Sean Conley က ပြောဆိုသွားပါတယ်။

သမ္မတ Trump ကို ကုသပေးနေတဲ့ ဆေးအဖွဲ့ထဲက ဒေါက်တာ Sean Dooley ကလည်း အခုလို ပြောပါတယ်။

“သမ္မတဟာ လုံးဝ တက်ကြွ ရွှင်လန်းနေပါတယ်။ စနေနေ့မနက်ခင်း ဆေးအဖွဲ့ Round လှည့်တော့ ဒီနေ့တောင် ဆေးရုံက ဆင်းသွားလို့ရပြီလို့ သူ ခံစားရကြောင်း သမ္မတက ပြောပါတယ်။ သမ္မတရဲ့ ဒီပြောဆိုချက်က သိပ်ကို အားတက်စရာ ကောင်းပါတယ်” လို့ ဒေါက်တာ Sean Dooley က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

သမ္မတကို ကုသပေးနေတဲ့ ဆေးအဖွဲ့ဝင် ဒေါက်တာ Brian Garibaldi ကတော့...

“သောကြာနေ့ ညနေခင်းမှာ သမ္မတကို ပထမဆုံး Remdesivir IV ပေးထားပြီး Remdesivir ဆေးဝါးနဲ့ ၅ ရက်ကြာ Remdesivir ဆေးပတ်ပြည့်အောင် ဆက်လက်ကုသမယ်” လို့ ကုသရေးအစီအစဉ်ကို ရှင်းပြခဲ့ပါတယ်။

သမ္မတ Trump နဲ့ သမ္မတကတော် Melania Trump တို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ကြာသပတေးနေ့မှာ တွေ့ရှိခဲ့တာပါ။ သမ္မတ Trump ကိုတော့ သောကြာနေ့ နေ့ခင်းပိုင်းမှာပဲ အိမ်ဖြူတော်ကနေ စစ်ဆေးရုံကို ရဟတ်ယာဉ်နဲ့ ပို့ဆောင်ခဲ့တာဖြစ်ပြီး သမ္မတအနေနဲ့ ဆေးရုံမှာ အနည်းဆုံး ၇ ရက်လောက် နေရမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဆေးရုံတက်နေရတဲ့ သမ္မတထံကနေ ဒုတိယသမ္မတ Mike Pence ကို တာဝန် လွှဲပြောင်းမထားကြောင်းလည်း အိမ်ဖြူတော် အရာရှိတွေက ပြောဆိုထားပါတယ်။

----------------------

(Unicode)







သမ်မတ Trump ကို ကုသပေးနတေဲ့ ဆေးအဖှဲ့ထဲက ဒေါကျတာ Sean Dooley ကလညျး အခုလို ပွောပါတယျ။


သမ်မတကို ကုသပေးနတေဲ့ ဆေးအဖှဲ့ဝငျ ဒေါကျတာ Brian Garibaldi ကတော့...



XS
SM
MD
LG