သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ဒုသမ္မတဟောင်း Joe Biden ကိုဗစ်ရောဂါ ကူးစက်မှုမရှိ


ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Joe Biden. (အောက်တိုဘာ ၂၊ ၂၀၂၀)
ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Joe Biden. (အောက်တိုဘာ ၂၊ ၂၀၂၀)

(Zawgyi / Unicode)

COVID-19 ကပ်ရောဂါကို အလေးအနက်ထားဖို့ အရေးကြီးတယ်ဆိုတာကို သမ္မတ Trump ရောဂါကူးစက်ခံရတာကနေ ပြသနေတယ်လို့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Joe Biden က သောကြာနေ့မှာ ပြောလိုက်ပါတယ်။ ဒါ့အပြင် ကိုယ့်ဘာသာကိုယ် ကြံ့ခိုင်တဲ့သူ ခံနိုင်ရည်ရှိတဲ့သူတယောက် ဆိုတာထက် နှာခေါင်းစည်းတပ်ဖို့က ပိုအရေးကြီးတယ်လို့ အမေရိကန်ပြည်သူတွေကို ပြောလိုက်ပါတယ်။

Joe Biden ဟာ ဗိုင်းရပ်စ်ရှိမရှိ ၂ ကြိမ် စစ်ဆေးခဲ့ပြီးတဲ့နောက် ၂ ကြိမ်စလုံးမှာ ပိုးမရှိဘူးလို့ အဖြေထွက်ပြီး နာရီပိုင်းအကြာမှာ အဲဒီလိုပြောလိုက်တာဖြစ်ပြီး ဒါက သမ္မတ Trump ကို သွယ်ဝိုက်တဲ့နည်းနဲ့ ဝေဖန်လိုက်တာ ဖြစ်ပါတယ်။

သမ္မတ Trump ကတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ သေစေလောက်တဲ့အထိ ဆိုးရွားတဲ့ရောဂါဖြစ်တယ် ဆိုတာကို သိပ်အရေးမပါတဲ့ပုံစံမျိုး လပေါင်းများစွာ ပြောကြားခဲ့ပြီး နှာခေါင်းစည်းတပ်ဖို့ မကြာခဏ ရှောင်ခဲ့သလို လူထုစုဝေးပွဲတွေကိုလည်း ဗိုင်းရပ်စ်မကူးစက်ရအောင် တယောက်နဲ့တယောက ခပ်ခွာခွာ အနေအထားနဲ့ မဟုတ်ဘဲ ကျင်းပခဲ့ပါတယ်။

လာမယ့် နိုဝင်ဘာ ၃ ရက်နေ့မှာ ပြုလုပ်မယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲ မတိုင်ခင် ၁ လအလိုမှာ အခုလို သမ္မတ Trump ဗိုင်းရပ်စ် ကူးစက်ခံလိုက်ရတဲ့အတွက် ဒါက ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ပိုပြီးတော့ သတိထားစရာ ဖြစ်စေခဲ့ပါတယ်။

Joe Biden က သူနဲ့ သူ့ရဲ့ဇနီး Jill Biden တို့ နှစ်ယောက်စလုံးက သမ္မတ Trump နဲ့ သမ္မတကတော်တို့ အမြန်ဆုံး အပြည့်အဝ ပြန်နေကောင်းလာစေဖို့ ဆုတောင်းတယ်လို့ Grand Rapids မြို့မှာ ပြောခဲ့ပါတယ်။

Joe Biden ဟာ အဲဒီမှာ မိန့်ခွန်းပြောစဉ်တလျှောက်လုံး နှာခေါင်းစည်းကို တပ်ထားခဲ့ပါတယ်။ ဒါ့အပြင် Joe Biden ဟာ အမေရိကန်ပြည်သူတွေကို သိပ္ပံဆိုင်ရာ ညွှန်ကြားချက်တွေအတိုင်း နှာခေါင်းစည်းတပ်ဖို့၊ မကြာခဏ လက်ဆေးဖို့နဲ့ တယောက်နဲ့တယောက် ၆ ပေခွာနေကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

အမေရိကန် ဒုသမ္မတဟောင်း Joe Biden ကိုဗစ်ရောဂါ ကူးစက်မှုမရှိ
please wait

No media source currently available

0:00 0:00:54 0:00
တိုက်ရိုက် လင့်ခ်

-------------------------

(Unicode)








XS
SM
MD
LG