သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ကြောင့် ကမ္ဘာတလွှား သေဆုံးသူပေါင်း တသန်းကျော်သွားပြီ


သြဂုတ်လ ၁၈ ရက်တုန်းက အာဂျင်တီးနားတွင် COVID ကြောင့် သေဆုံးသွားသူကိုမြေမြှုပ်သင်္ဂြိုဟ်စဉ်
သြဂုတ်လ ၁၈ ရက်တုန်းက အာဂျင်တီးနားတွင် COVID ကြောင့် သေဆုံးသွားသူကိုမြေမြှုပ်သင်္ဂြိုဟ်စဉ်

(Zawgyi/Unicode)

ကမ္ဘာတလွှား COVID-19 ကြောင့် သေဆုံးရသူဟာ တနင်္လာနေ့မှာ တသန်းကျော် သွားပြီ (၁,၀၀၀,၅၅၅) လို့ အမေရိကန် Johns Hopkins တက္ကသိုလ်က ကောက်ယူတဲ့ စစ်တမ်းမှာ ဖေါ်ပြထားပါတယ်။ ဒီရောဂါ ကူးစက်ခံရသူကလည်း ၃၃ သန်းကျော်နေပြီဖြစ်ပါတယ်။

ကမ္ဘာမှာ ကူးစက်မှု အများဆုံးက အကူးစက်ခံရသူ ၇ သန်းကျော်ရှိတဲ့ အမေရိကန်နိုင်ငံဖြစ်ပြီး ကူးစက်သူ ၆ သန်းကျော်တဲ့ အိန္ဒိယက ဒုတိယနဲ့ ကူးစက်သူ ၅ သန်းနီးပါး ရှိတဲ့ ဘရာဇီးလ်က တတိယ အများအဆုံး ဖြစ်နေတာပါ။ သေဆုံးမှုအများဆုံးကလည်း အမေရိကန်နိုင်ငံဖြစ်ပြီး သေဆုံးရသူက ၂ သိန်းကျော်ရှိပါတယ်။ ဘရာဇီးလ်မှာ သေဆုံးသူ တသိန်းခွဲ ရှိပြီး အိန္ဒိယမှာတော့ သေဆုံးရသူ တသိန်း နီးပါး ရှိနေပါတယ်။

ဒီကပ်ရောဂါဟာ ကမ္ဘာ့စီးပွါးရေးကို အကြီးအကျယ်ထိခိုက်စေသလို လူ့အသိုင်းဝိုင်းတွေကြား နေထိုင်မှု ပုံစံကိုပါ ပြောင်းလဲသွားစေတာပါ။

COVID-19 ကပ်ရောဂါ စတင်ခဲ့ပြီး ၉ လ အကြာမှာ ဒီရောဂါကြောင့် သေဆုံးရသူ တသန်းကျော် သွားတာကြောင့် ဒါဟာ ၂၀၀၄ ခုနှစ် အိန္ဒိယသမုဒ္ဒရာ ဆူနာမီရေလှိုင်းနဲ့ ငလျင်ဒဏ်ကြောင့် သေဆုံးရသူ အရေအတွက်ထက် ပိုများနေပါတယ်။

တချို့ နိုင်ငံတွေမှာ စမ်းသပ်စစ်ဆေးမှုတွေ ကောင်းကောင်း မလုပ်နိုင်တာနဲ့ ဖုံးကွယ်ထားတာတွေ ရှိနိုင်တဲ့ အတွက် တကယ်တမ်း ရှိနိုင်တဲ့ သေဆုံးသူ အရေအတွက်က အခုထက် ပိုများနိုင်တယ်လို့လည်း ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။

မြန်မာအပါအဝင် တချို့နိုင်ငံတွေမှာ တော့ COVID- 19 ဒုတိယလှိုင်းဒဏ် ခံနေရပြီး သေဆုံးသူ အရေအတွက်လည်း တိုးလာနေတာပါ။

.............


(Unicode)







XS
SM
MD
LG