သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖြံၿဖိဳးဆဲႏိုင္ငံေတြအတြက္ ကိုဗစ္စစ္ေဆးမႈေပါင္း သန္း ၁၂၀ ေလာက္ ကူညီဖို႔ရွိ (WHO)


COVID ေရာဂါရွိမရွိ အျမန္ စမ္းသပ္ စစ္ေဆးမႈ တခု ဂ်ပန္တြင္ ျပဳလုပ္စဥ္ (ေမလ ၅ ရက္ေန႔)

(Zawgyi/Unicode)

ကမာၻတလႊား COVID – 19 ေၾကာင့္ ေသဆုံးရသူ တသန္းေလာက္ ရွိလာေနခ်ိန္မွာပဲကမာၻေပၚက ဝင္ေငြနည္းပါးတဲ့ ႏိုင္ငံေတြနဲ႔ ဝင္ေငြ အသင့္အတင့္ရွိတဲ့ ႏိုင္ငံေတြအတြက္ ဒီေရာဂါရွိမရွိ အျမန္ စမ္းသပ္ စစ္ေဆးမႈ သန္း ၁၂၀ ေလာက္ လုပ္ေပးႏိုင္ေတာ့မွာ ျဖစ္ေၾကာင္း WHO ကမာၻ႔က်န္းမာေရးအဖြဲ႕ အႀကီးအကဲ Tedros Adhanom Ghebreyesus က တနလၤာေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားလိုက္ပါတယ္။

"ကမာၻေပၚက ဝင္ေငြနည္းနဲ႔ အသင့္တင့္ ႏိုင္ငံေတြ အတြက္ပါ COVID -19ေရာဂါရွိမရွိ အျမန္ စမ္းသပ္ စစ္ေဆးမႈ သန္း ၁၂၀ ေလာက္ လုပ္ေပးႏိုင္ဖို႔ WHO က သူနဲ႔ လက္တြဲေဆာင္႐ြက္ေနသူေတြနဲ႔ တနလၤာေန႔မွာပဲ သေဘာတူညီခ်က္ ရခဲ့ေၾကာင္း သတင္းေကာင္း ပါးလိုက္တာ ျဖစ္ပါတယ္။ ဒီ ေရာဂါရွိမရွိ အေျဖကို နာရီေပါင္းမ်ားစြာ ရက္နဲ႔ခ်ီေစာင့္ေနစရာမလိုပဲ ၁၅ မိနစ္ကေန နာရီဝက္ အတြင္း ရႏိုင္ၿပီး ရလဒ္ကလည္း ယုံၾကည္ရသလို စမ္းသပ္စစ္ေဆးတဲ့ ကရိယာကလည္း ရႈပ္ေထြးမႈ သိပ္မရွိပါဘူး။"

ဒါ့အျပင္ ဒီအျမန္စမ္းသပ္စစ္ေဆးမႈ အတြက္ အေမရိကန္ေဒၚလာ ၅ ေဒၚလာေတာင္ မကုန္ဘူး လို႔လည္း ေျပာပါတယ္။

ဒီအျမန္စမ္းသပ္မႈ အတြက္ Abbott နဲ႔ SD Biosensor ကုမၸဏီေတြက Bill & Melinda Gates Foundation နဲ႔ လက္တြဲ ေဆာင္႐ြက္ေနတာျဖစ္ပါတယ္။ဒီအျမန္စမ္းသပ္ စစ္ေဆးမႈေတြကို ေအာက္တိုဘာ လကစၿပီး ဝင္ေငြနည္းနဲ႔အသင့္အတင့္ ႏိုင္ငံေပါင္း ၁၃၃ ႏိုင္ငံ အပါအဝင္ ကမာၻတလႊား စတင္ ျဖန႔္ျဖဴးေတာ့မွာ ျဖစ္ေၾကာင္း ႐ိုက္တာသတင္းမွာ ေဖၚျပထားပါတယ္။

ကမာၻတလႊား COVID-19 အတြက္ ေစာင့္ၾကည့္ေလ့လာေနတဲ့ အေမရိကန္ Johns Hopkins တကၠသိုလ္ က ေကာက္ယူတဲ့ စစ္တမ္းမရ တနလၤာေန႔မွာ ကမာၻတလႊား ဒီေရာဂါ အကူးစက္ခံရလို႔ ေသဆုံးရသူ တသန္းနီးပါး (၉၉ ၉,၂၇၃) ရွိေနၿပီျဖစ္ၿပီး အကူးစက္ခံရသူကေတာ့ ၃၃ သန္းေက်ာ္ (၃၃,၂၁၇,၈၉ ၅) ရွိေနၿပီ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

ဖွံဖြိုးဆဲနိုင်ငံတွေအတွက် ကိုဗစ်စစ်ဆေးမှုပေါင်း သန်း ၁၂၀ လောက် ကူညီဖို့ရှိ (WHO)

(Unicode)

ကမ္ဘာတလွှား COVID – 19 ကြောင့် သေဆုံးရသူ တသန်းလောက် ရှိလာနေချိန်မှာပဲကမ္ဘာပေါ်က ဝင်ငွေနည်းပါးတဲ့ နိုင်ငံတွေနဲ့ ဝင်ငွေ အသင့်အတင့်ရှိတဲ့ နိုင်ငံတွေအတွက် ဒီရောဂါရှိမရှိ အမြန် စမ်းသပ် စစ်ဆေးမှု သန်း ၁၂၀ လောက် လုပ်ပေးနိုင်တော့မှာ ဖြစ်ကြောင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

"ကမ္ဘာပေါ်က ဝင်ငွေနည်းနဲ့ အသင့်တင့် နိုင်ငံတွေ အတွက်ပါ COVID -19ရောဂါရှိမရှိ အမြန် စမ်းသပ် စစ်ဆေးမှု သန်း ၁၂၀ လောက် လုပ်ပေးနိုင်ဖို့ WHO က သူနဲ့ လက်တွဲဆောင်ရွက်နေသူတွေနဲ့ တနင်္လာနေ့မှာပဲ သဘောတူညီချက် ရခဲ့ကြောင်း သတင်းကောင်း ပါးလိုက်တာ ဖြစ်ပါတယ်။ ဒီ ရောဂါရှိမရှိ အဖြေကို နာရီပေါင်းများစွာ ရက်နဲ့ချီစောင့်နေစရာမလိုပဲ ၁၅ မိနစ်ကနေ နာရီဝက် အတွင်း ရနိုင်ပြီး ရလဒ်ကလည်း ယုံကြည်ရသလို စမ်းသပ်စစ်ဆေးတဲ့ ကရိယာကလည်း ရှုပ်ထွေးမှု သိပ်မရှိပါဘူး။"

ဒါ့အပြင် ဒီအမြန်စမ်းသပ်စစ်ဆေးမှု အတွက် အမေရိကန်ဒေါ်လာ ၅ ဒေါ်လာတောင် မကုန်ဘူး လို့လည်း ပြောပါတယ်။

ဒီအမြန်စမ်းသပ်မှု အတွက် Abbott နဲ့ SD Biosensor ကုမ္ပဏီတွေက Bill & Melinda Gates Foundation နဲ့ လက်တွဲ ဆောင်ရွက်နေတာဖြစ်ပါတယ်။ဒီအမြန်စမ်းသပ် စစ်ဆေးမှုတွေကို အောက်တိုဘာ လကစပြီး ဝင်ငွေနည်းနဲ့အသင့်အတင့် နိုင်ငံပေါင်း ၁၃၃ နိုင်ငံ အပါအဝင် ကမ္ဘာတလွှား စတင် ဖြန့်ဖြူးတော့မှာ ဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။

ကမ္ဘာတလွှား COVID-19 အတွက် စောင့်ကြည့်လေ့လာနေတဲ့ အမေရိကန် Johns Hopkins တက္ကသိုလ် က ကောက်ယူတဲ့ စစ်တမ်းမရ တနင်္လာနေ့မှာ ကမ္ဘာတလွှား ဒီရောဂါ အကူးစက်ခံရလို့ သေဆုံးရသူ တသန်းနီးပါး (၉၉ ၉,၂၇၃) ရှိနေပြီဖြစ်ပြီး အကူးစက်ခံရသူကတော့ ၃၃ သန်းကျော် (၃၃,၂၁၇,၈၉ ၅) ရှိနေပြီ ဖြစ်ပါတယ်။

XS
SM
MD
LG