သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ကုသခံ သမၼတ Trump ရဲ႕ တနဂၤေႏြေန႔ က်န္းမာေရး အေျခအေန


က်န္းမာေရးအျေခအေနနဲ႔ ပတ္သက္ၿပီး Walter Reed ေဆး႐ုံအခန္းတြင္းကေန ေျပာျပေနတဲ့ သမၼတ Trump. (ေအာက္တုိဘာ ၃၊ ၂၀၂၀)

(Zawgyi / Unicode)

COVID-19 ကုသခံေနရတဲ့ အေမရိကန္သမၼတ Donald Trump ရဲ႕ က်န္းမာေရး အေျခအေနနဲ႔ ပတ္သက္ၿပီး တနဂၤေႏြေန႔ သတင္းစာရွင္းလင္းပြဲကို မသိဂႌထုိက္ ေကာက္ႏုတ္ တင္ျပေပးထားပါတယ္။

Walter Reed စစ္ေဆး႐ုံမွာ သမၼတ Trump ကို ကုသမႈေပးေနတဲ့ ေဆးအဖြဲ႔ဝင္ တဦးျဖစ္တဲ့ ေဒါက္တာ Brian Garibaldi က သမၼတရဲ႕ က်န္းမာေရးအေျခအေန တိုးတက္မႈရွိတဲ့အေၾကာင္း၊ အေစာဆံုး တနလၤာေန႔မွာ ေဆး႐ုံကဆင္းၿပီး အိမ္ျဖဴေတာ္မွာပဲ ဆက္လက္ ကုသမႈခံယူႏုိင္ေရးအထိပါ ေမွ်ာ္လင့္ထားေၾကာင္း တနဂၤေႏြေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုသြားပါတယ္။

“တနဂၤေႏြေန႔မွာ သမၼတရဲ႕ က်န္းမာေရး အေျခအေနက တိုးတက္မႈရွိေၾကာင္း၊ သမၼတရဲ႕ က်န္းမာေရး အေျခအေနက ဒီအတိုင္း ဆက္ၿပီး တိုးတက္မႈ ရွိေနမယ္ဆိုရင္ အေစာဆံုး တနလာၤေန႔ေလာက္မွာ ေဆး႐ုံကဆင္းၿပီး အိမ္ျဖဴေတာ္ ျပန္ႏုိင္ဖို႔ ေမွ်ာ္လင့္ေၾကာင္း” ေျပာသြားတာပါ။

အိမ္ျဖဴေတာ္မွာေနၿပီး ေဆးပတ္ျပည့္ေအာင္ ဆက္လက္ ကုသႏုိင္မယ္လို႔လည္း ေဒါက္တာ Brian Garibaldi ရွင္းျပခဲ့တာ ျဖစ္ပါတယ္။

“Remdesivir ကို ၅ ရက္ ေဆးပတ္ျပည့္ေအာင္ ဆက္လက္ကုသဖို႔ စီစဥ္ထားေၾကာင္း၊ သမၼတရဲ႕ ေအာက္ဆီဂ်င္ ေလ်ာ့က်တဲ့အတြက္ စေနေန႔က ပထမဆံုးအႀကိမ္အျဖစ္ Dexamethasone ကုထံုးေပးထားေၾကာင္း၊ ေလာေလာဆယ္မွာ ဒီအတိုင္း ဆက္လက္ကုသသြားဖို႔ စီစဥ္ထားေၾကာင္း” ေဒါက္တာ Brian Garibaldi က ရွင္းျပသြားပါတယ္။

သမၼတ Trump ရဲ႕ ဆရာဝန္ျဖစ္တဲ့ ေဒါက္တာ Sean Conley ကေတာ့...

“ေဆး႐ုံတက္ေနတဲ့ သမၼတက ဆရာဝန္ေတြနဲ႔ ေတြ႔တာမွာ Mask ဝတ္ဆင္ၿပီး ေဆးအဖြဲ႔အားလံုးကလည္း N95 ကာကြယ္ေရးဝတ္စံု အျပည့္အစံု ဝတ္ဆင္ပါတယ္။ သမၼတက လူနာျဖစ္ၿပီး သမၼတအေနနဲ႔ အကာအကြယ္ဝတ္စံု အျပည့္အစံု ဝတ္မထားတဲ့ လူထုၾကားကို သြားတဲ့အခါမွာ၊ အျပင္ထြက္တဲ့အခါမွာ သူ႔ရဲ႕ က်န္းမာေရးေစာင့္ေရွာက္မႈ ခံယူေနသမွ် ကာလပတ္လံုး သမၼတကို Mask တပ္ဖို႔ တိုက္တြန္းသြားမွာ ျဖစ္ပါတယ္” လုိ႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုသြားပါတယ္။

တနဂၤေႏြေန႔က Walter Reed စစ္ေဆး႐ုံေရွ႕မွာ လုပ္တဲ့ ၁၀ မိနစ္ေလာက္ၾကာတဲ့ သတင္းစာရွင္းလင္းပြဲမွာေတာ့ တခ်ိဳ႕ အေရးႀကီးတဲ့ ေမးခြန္းေတြကို ကုသေရးအဖြဲ႔ဘက္က မေျဖပါဘူး။ သမၼတ Trump အေနနဲ႔ အဆုတ္ထိခိုက္တာမ်ိဳး ခံစားရလားဆိုတဲ့ ေမးခြန္းမ်ိဳးကိုေတာ့ ဆရာဝန္ေတြက ေျဖၾကားမသြားပါဘူး။

သမၼတ Trump နဲ႔ သမၼတကေတာ္ Melania Trump တို႔မွာ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံထားရေၾကာင္း ၾကာသပေတးေန႔က အတည္ျပဳ ေတြ႔ရွိခဲ႔တာပါ။ ဒီေနာက္ ေသာၾကာေန႔မွာ သမၼတ Trump အျပင္းဖ်ားၿပီး ေအာက္စီဂ်င္ ေပးခဲ့ရၿပီးေနာက္မွာ ေဆး႐ုံတက္ခဲ့ရတာ ျဖစ္တယ္လို႔ သမၼတရဲ႕ ဆရာဝန္ ေဒါက္တာ Conley က ရွင္းလင္း ေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------

(Unicode)

COVID-19 ကုသခံ သမ္မတ Trump ရဲ့ တနင်္ဂနွေနေ့ ကျန်းမာရေး အခြေအနေ

COVID-19 ကုသခံနေရတဲ့ အမေရိကန်သမ္မတ Donald Trump ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး တနင်္ဂနွေနေ့ သတင်းစာရှင်းလင်းပွဲကို မသိင်္ဂီထိုက် ကောက်နုတ် တင်ပြပေးထားပါတယ်။

Walter Reed စစ်ဆေးရုံမှာ သမ္မတ Trump ကို ကုသမှုပေးနေတဲ့ ဆေးအဖွဲ့ဝင် တဦးဖြစ်တဲ့ ဒေါက်တာ Brian Garibaldi က သမ္မတရဲ့ ကျန်းမာရေးအခြေအနေ တိုးတက်မှုရှိတဲ့အကြောင်း၊ အစောဆုံး တနင်္လာနေ့မှာ ဆေးရုံကဆင်းပြီး အိမ်ဖြူတော်မှာပဲ ဆက်လက် ကုသမှုခံယူနိုင်ရေးအထိပါ မျှော်လင့်ထားကြောင်း တနင်္ဂနွေနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

“တနင်္ဂနွေနေ့မှာ သမ္မတရဲ့ ကျန်းမာရေး အခြေအနေက တိုးတက်မှုရှိကြောင်း၊ သမ္မတရဲ့ ကျန်းမာရေး အခြေအနေက ဒီအတိုင်း ဆက်ပြီး တိုးတက်မှု ရှိနေမယ်ဆိုရင် အစောဆုံး တနလာၤနေ့လောက်မှာ ဆေးရုံကဆင်းပြီး အိမ်ဖြူတော် ပြန်နိုင်ဖို့ မျှော်လင့်ကြောင်း” ပြောသွားတာပါ။

အိမ်ဖြူတော်မှာနေပြီး ဆေးပတ်ပြည့်အောင် ဆက်လက် ကုသနိုင်မယ်လို့လည်း ဒေါက်တာ Brian Garibaldi ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

“Remdesivir ကို ၅ ရက် ဆေးပတ်ပြည့်အောင် ဆက်လက်ကုသဖို့ စီစဉ်ထားကြောင်း၊ သမ္မတရဲ့ အောက်ဆီဂျင် လျော့ကျတဲ့အတွက် စနေနေ့က ပထမဆုံးအကြိမ်အဖြစ် Dexamethasone ကုထုံးပေးထားကြောင်း၊ လောလောဆယ်မှာ ဒီအတိုင်း ဆက်လက်ကုသသွားဖို့ စီစဉ်ထားကြောင်း” ဒေါက်တာ Brian Garibaldi က ရှင်းပြသွားပါတယ်။

သမ္မတ Trump ရဲ့ ဆရာဝန်ဖြစ်တဲ့ ဒေါက်တာ Sean Conley ကတော့...

“ဆေးရုံတက်နေတဲ့ သမ္မတက ဆရာဝန်တွေနဲ့ တွေ့တာမှာ Mask ဝတ်ဆင်ပြီး ဆေးအဖွဲ့အားလုံးကလည်း N95 ကာကွယ်ရေးဝတ်စုံ အပြည့်အစုံ ဝတ်ဆင်ပါတယ်။ သမ္မတက လူနာဖြစ်ပြီး သမ္မတအနေနဲ့ အကာအကွယ်ဝတ်စုံ အပြည့်အစုံ ဝတ်မထားတဲ့ လူထုကြားကို သွားတဲ့အခါမှာ၊ အပြင်ထွက်တဲ့အခါမှာ သူ့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေသမျှ ကာလပတ်လုံး သမ္မတကို Mask တပ်ဖို့ တိုက်တွန်းသွားမှာ ဖြစ်ပါတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

တနင်္ဂနွေနေ့က Walter Reed စစ်ဆေးရုံရှေ့မှာ လုပ်တဲ့ ၁၀ မိနစ်လောက်ကြာတဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ တချို့ အရေးကြီးတဲ့ မေးခွန်းတွေကို ကုသရေးအဖွဲ့ဘက်က မဖြေပါဘူး။ သမ္မတ Trump အနေနဲ့ အဆုတ်ထိခိုက်တာမျိုး ခံစားရလားဆိုတဲ့ မေးခွန်းမျိုးကိုတော့ ဆရာဝန်တွေက ဖြေကြားမသွားပါဘူး။

သမ္မတ Trump နဲ့ သမ္မတကတော် Melania Trump တို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ကြာသပတေးနေ့က အတည်ပြု တွေ့ရှိခဲ့တာပါ။ ဒီနောက် သောကြာနေ့မှာ သမ္မတ Trump အပြင်းဖျားပြီး အောက်စီဂျင် ပေးခဲ့ရပြီးနောက်မှာ ဆေးရုံတက်ခဲ့ရတာ ဖြစ်တယ်လို့ သမ္မတရဲ့ ဆရာဝန် ဒေါက်တာ Conley က ရှင်းလင်း ပြောဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG