သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာအဝန်း ကိုဗစ်အတည်ပြုလူနာ ၃၅ သန်းကျော်နဲ့ သေဆုံး ၁ သန်းကျော်


ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ နှာခေါင်းစည်းတပ် သွားလာနေကြသူများ။ (စက်တင်ဘာ ၁၈၊ ၂၀၂၀)
ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ နှာခေါင်းစည်းတပ် သွားလာနေကြသူများ။ (စက်တင်ဘာ ၁၈၊ ၂၀၂၀)

(Zawgyi / Unicode)

ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ အရေအတွက်ဟာ ၃၅ သန်းကျော်နဲ့ သေဆုံးသူ ၁ သန်းကျော်သွားပြီလို့ Johns Hopkins တက္ကသိုလ်က ပြောလိုက်ပါတယ်။

ဥရောပနိုင်ငံတွေမှာတော့ ဗိုင်းရပ်စ်ကူးစက်မှုတွေ တိုးလာနေတာနဲ့ ရင်ဆိုင်နေရပြီး နေ့စဉ်ကူးစက်မှုနှုန်းမှာ စံချိန်တင် မြင့်တက်မှုတွေ ရှိနေပါတယ်။

ဗြိတိန်မှာ မနေ့က ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၂,၈၇၂ ယောက်ရှိခဲ့ပြီး အဲဒီလို ကူးစက်မှုတွေ မြင့်တက်ရတဲ့အကြောင်း တစိတ်တပိုင်းကတော့ စက်တင်ဘာ ၂၄ ရက်နေ့ကနေ အောက်တိုဘာ ၁ ရက်နေ့အထိ ကူးစက်မှုတွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်တာမှာ နည်းပညာပိုင်း အခက်အခဲတွေကြောင့် ဖြစ်တယ်လို့ ဗြိတိန်အစိုးရက ပြောပါတယ်။ ဒါပေမယ့် သောကြာနေ့က ကူးစက်သူ ၆,၉၀၀ ကျော်ရှိတာကြောင့် မနေ့ကကူးစက်မှုဟာ သောကြာနေ့ကထက် ၂ ဆနီးနီးလောက် ပိုများတာဖြစ်ပါတယ်။ ဒါမတိုင်ခင် အင်္ဂါနေ့တုန်းကတော့ ကူးစက်သူ ၇,၁၄၃ ယောက်နဲ့ နေ့စဉ်ကူးစက်မှုမှာ အများဆုံး စံချိန်တင်ထားတာပါ။

ပြင်သစ်နိုင်ငံမှာလည်း မနေ့က နေ့စဉ်ကူးစက်သူ ၁၇,၀၀၀ နီးပါးရှိခဲ့ပြီး အများဆုံး စံချိန်တင်ခဲ့ပါတယ်။ ဒါဟာ သောကြာနေ့ကထက် ၅,၀၀၀ ကျော်လောက် ပိုများတာဖြစ်ပါတယ်။ အခုဆိုရင် ပြင်သစ်နိုင်ငံမှာ ကူးစက်သူ ၆၃၀,၀၀၀ လောက် ရှိလာနေပြီး သေဆုံးသူ ၃၂,၀၀၀ ကျော်နဲ့ ဥရောပမှာ ဗြိတိန်နဲ့ အီတလီပြီးရင် ဒုတိယအများဆုံး ဖြစ်ပါတယ်။

အိုင်ယာလန်နိုင်ငံမှာတော့ နောက်ထပ်ကူးစက်သူ ၆၁၃ ယောက်ရှိခဲ့ပြီး ဒါဟာ ဧပြီလက လူတွေကို အပြင်မထွက်ကြဖို့ အမိန့်ထုတ်ပြီးနောက်ပိုင်း နေ့စဉ်ကူးစက်မှု အများဆုံးဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံ New South Wales ပြည်နယ်မှာတော့ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ပြည်တွင်းကူးစက်မှု တယောက်မှမရှိဘူးလို့ သြစတြေးလျ အာဏာပိုင်တွေက ပြောလိုက်ပါတယ်။ ဒါဟာ အဲဒီပြည်နယ်မှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ မရှိတာ အခုဆိုရင် ၉ ရက်ဆက်တိုက် ရှိသွားပြီဖြစ်ပါတယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ ဗစ်တိုးရီးယားပြည်နယ်မှာတော့ ကူးစက်သူ ၁၂ ယောက်နဲ့ သေဆုံးသူ ၁ ယောက်ရှိတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------

(Unicode)








XS
SM
MD
LG