သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရး တိုးျမႇင့္လုပ္ေဆာင္ဖို႔ WHO တိုက္တြန္း


စပိန္ႏုိင္ငံ မက္ဒရစ္ၿမိဳ႕မွာ ေဒသခံေတြကို COVID-19 ရွိမရွိ စစ္ေဆးေပးေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ေအာက္တိုဘာ ၂၊ ၂၀၂၀)

(Zawgyi / Unicode)

ကမၻာ့က်န္းမာေရးအဖြဲ႔ (WHO) ၫႊန္ၾကားေရးမွဴးခ်ဳပ္ Tedros Adhanom Ghebreyesus က ကို႐ိုနာဗုိင္းရပ္စ္ ကာကြယ္ထိန္းခ်ဳပ္ေရး ေဆာင္ရြက္ခ်က္ေတြ တုိးျမႇင့္ၾကဖို႔ ကမၻာ့ႏုိင္ငံအသီးသီးကို ေသာၾကာေန႔က တုိက္တြန္းလိုက္ပါတယ္။

ကမၻာတလႊားမွာ သီတင္းပတ္စဥ္တုိင္း COVID-19 ေရာဂါျဖစ္သူ အသစ္ ၂ သန္းစီ တက္လာေနၿပီး ေသဆံုးသူလည္း ၁ သန္းအထိ ရွိလာၿပီျဖစ္ၿပီးေတာ့ အႀကီးအက်ယ္ ထိခုိက္ပ်က္စီးေနရေၾကာင္း ေသာၾကာေန႔ WHO ဌာနခ်ဳပ္ သတင္းစာရွင္းလင္းပြဲအတြင္း ေဒါက္တာ Ghebreyesus က ေျပာသြားပါတယ္။

ကို႐ိုနာဗုိင္းရပ္စ္ တုိက္ဖ်က္္ေရးအတြက္ ေဒသနဲ႔ ႏုိင္ငံအသီးသီးမွာရွိတဲ့ ႐ုံးခြဲေတြကတဆင့္ အဖြဲ႔ဝင္ႏုိင္ငံေတြကို WHO က ကူညီေပးသြားမွာျဖစ္ေၾကာင္း အခုလို ေျပာပါတယ္။

“ေခါင္းေဆာင္မႈ အားေကာင္းတယ္၊ ရွင္းလင္းတိက်ၿပီး ၿပီးျပည့္စံုတဲ့ မဟာဗ်ဴဟာေတြ ရွိမယ္၊ အဆက္မျပတ္ ဆက္သြယ္မႈရွိမယ္၊ လူထုက ကိုယ္တိုင္ပါဝင္ၿပီးေတာ့ လုပ္ေဆာင္ခြင့္ေပးထားၿပီး လုပ္ႏုိင္စြမ္းလည္း ရွိမယ္ဆိုရင္ ဒီေရာဂါလိႈင္းကို ေက်ာ္လႊားဖို႔ ဘယ္ေတာ့မွ ေနာက္မက်ပါဘူး။ ႏုိင္ငံအသီးသီးက ေခါင္းေဆာင္ေတြအေနနဲ႔ ထိထိေရာက္ေရာက္ ကိုင္တြယ္ေျဖရွင္းၾကဖို႔ တိုက္တြန္းလိုပါတယ္။ ပ်ံ႕ႏွံ႔ကူးစက္ေနတာကို ထိန္းခ်ဳပ္ႏိုင္တဲ့ နည္းလမ္းေတြ ဦးတည္ခ်မွတ္မယ္ဆိုရင္ ေရာဂါပုိးပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္ထားႏုိင္တယ္ဆိုတာ က်ေနာ္တို႔ သိၾကပါတယ္။ က်န္းမာေရးစနစ္ေတြနဲ႔ က်န္းမာေရးဝန္ထမ္းေတြကို အကာကြယ္ေပးၿပီး လူ႔အသက္ေပါင္းမ်ားစြာကို ကယ္တင္ေစာင့္ေရွာက္ၾကရပါမယ္။” လို႔ သူက ေျပာခဲ့တာပါ။

ေရာဂါပ်ံ႕ႏွ႔ံ႔မႈ အေနအထားအေပၚမူတည္ၿပီး ကမၻာ့ႏုိင္ငံေတြကို အုပ္စုေလးမ်ဳိး ခြဲထားေၾကာင္းလည္း သူက ေျပာပါတယ္။

ပထမအုပ္စုက ေရာဂါပိုးကို ထိန္းခ်ဳပ္ထားႏုိင္ၿပီး အံုနဲ႔က်င္းနဲ႔ ပ်ံ႕ႏွံ႔ကူးစက္မႈကို ထိန္းထားႏုိင္တဲ့ႏုိင္ငံေတြ ျဖစ္ပါတယ္။ ဒုတိယအုပ္စုကေတာ့ ကူးစက္မႈ ႀကီးမားက်ယ္ျပန္႔ေပမယ့္ ေရာဂါကို ထိန္းခ်ဳပ္ထားႏုိင္ဆဲျဖစ္သလို ေနာက္ထပ္ကူးစက္မႈေတြကိုလည္း ကာကြယ္ထားႏုိင္တဲ့ ႏုိင္ငံေတြ ျဖစ္ၾကပါတယ္။ တတိယအုပ္စုက ေရာဂါပိုးကို ထိန္းခ်ဳပ္ထားႏုိင္ေပမယ့္ စီးပြားေရးနဲ႔ လူမႈေရးဆုိင္ရာ ကန္႔သတ္ခ်က္ေတြ ျပန္ေျဖေလ်ာ့ေပးလိုက္တာေၾကာင့္ တေက်ာ့ျပန္ ကူးစက္မႈေတြ ျဖစ္လာတဲ့ ႏုိင္ငံေတြပါ။ စတုတၳအုပ္စုကေတာ့ ကူးစက္မႈႏႈန္းနဲ႔ ေသႏႈန္း တိုးၿမဲတိုးဆဲ ျဖစ္ေနၾကတဲ့ႏုိင္ငံေတြ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး တိုးမြှင့်လုပ်ဆောင်ဖို့ WHO တိုက်တွန်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်ချက်တွေ တိုးမြှင့်ကြဖို့ ကမ္ဘာ့နိုင်ငံအသီးသီးကို သောကြာနေ့က တိုက်တွန်းလိုက်ပါတယ်။

ကမ္ဘာတလွှားမှာ သီတင်းပတ်စဉ်တိုင်း COVID-19 ရောဂါဖြစ်သူ အသစ် ၂ သန်းစီ တက်လာနေပြီး သေဆုံးသူလည်း ၁ သန်းအထိ ရှိလာပြီဖြစ်ပြီးတော့ အကြီးအကျယ် ထိခိုက်ပျက်စီးနေရကြောင်း သောကြာနေ့ WHO ဌာနချုပ် သတင်းစာရှင်းလင်းပွဲအတွင်း ဒေါက်တာ Ghebreyesus က ပြောသွားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ဒေသနဲ့ နိုင်ငံအသီးသီးမှာရှိတဲ့ ရုံးခွဲတွေကတဆင့် အဖွဲ့ဝင်နိုင်ငံတွေကို WHO က ကူညီပေးသွားမှာဖြစ်ကြောင်း အခုလို ပြောပါတယ်။

“ခေါင်းဆောင်မှု အားကောင်းတယ်၊ ရှင်းလင်းတိကျပြီး ပြီးပြည့်စုံတဲ့ မဟာဗျူဟာတွေ ရှိမယ်၊ အဆက်မပြတ် ဆက်သွယ်မှုရှိမယ်၊ လူထုက ကိုယ်တိုင်ပါဝင်ပြီးတော့ လုပ်ဆောင်ခွင့်ပေးထားပြီး လုပ်နိုင်စွမ်းလည်း ရှိမယ်ဆိုရင် ဒီရောဂါလှိုင်းကို ကျော်လွှားဖို့ ဘယ်တော့မှ နောက်မကျပါဘူး။ နိုင်ငံအသီးသီးက ခေါင်းဆောင်တွေအနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းကြဖို့ တိုက်တွန်းလိုပါတယ်။ ပျံ့နှံ့ကူးစက်နေတာကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းတွေ ဦးတည်ချမှတ်မယ်ဆိုရင် ရောဂါပိုးပျံ့နှံ့မှုကို ထိန်းချုပ်ထားနိုင်တယ်ဆိုတာ ကျနော်တို့ သိကြပါတယ်။ ကျန်းမာရေးစနစ်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အကာကွယ်ပေးပြီး လူ့အသက်ပေါင်းများစွာကို ကယ်တင်စောင့်ရှောက်ကြရပါမယ်။” လို့ သူက ပြောခဲ့တာပါ။

ရောဂါပျံ့နှံ့မှု အနေအထားအပေါ်မူတည်ပြီး ကမ္ဘာ့နိုင်ငံတွေကို အုပ်စုလေးမျိုး ခွဲထားကြောင်းလည်း သူက ပြောပါတယ်။

ပထမအုပ်စုက ရောဂါပိုးကို ထိန်းချုပ်ထားနိုင်ပြီး အုံနဲ့ကျင်းနဲ့ ပျံ့နှံ့ကူးစက်မှုကို ထိန်းထားနိုင်တဲ့နိုင်ငံတွေ ဖြစ်ပါတယ်။ ဒုတိယအုပ်စုကတော့ ကူးစက်မှု ကြီးမားကျယ်ပြန့်ပေမယ့် ရောဂါကို ထိန်းချုပ်ထားနိုင်ဆဲဖြစ်သလို နောက်ထပ်ကူးစက်မှုတွေကိုလည်း ကာကွယ်ထားနိုင်တဲ့ နိုင်ငံတွေ ဖြစ်ကြပါတယ်။ တတိယအုပ်စုက ရောဂါပိုးကို ထိန်းချုပ်ထားနိုင်ပေမယ့် စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ကန့်သတ်ချက်တွေ ပြန်ဖြေလျော့ပေးလိုက်တာကြောင့် တကျော့ပြန် ကူးစက်မှုတွေ ဖြစ်လာတဲ့ နိုင်ငံတွေပါ။ စတုတ္ထအုပ်စုကတော့ ကူးစက်မှုနှုန်းနဲ့ သေနှုန်း တိုးမြဲတိုးဆဲ ဖြစ်နေကြတဲ့နိုင်ငံတွေ ဖြစ်ပါတယ်။

XS
SM
MD
LG