သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဥေရာပမွာ ကိုဗစ္ကူးစက္မႈ တေက်ာ့ျပန္ျမင့္တက္ေန


စပိန္ႏိုင္ငံ Madrid ၿမိဳ႕မွာ COVID 19 လူနာတဦးကို သယ္ေဆာင္သြားၾကတဲ့ က်န္းမာေရး၀န္ထမ္းမ်ား။ (စက္တင္ဘာ ၀၂၊ ၂၀၂၀)

[Zawgyi/Unicode]

ဥေရာပတလႊား COVID – 19 ကူးစက္မႈေတြ တျဖည္းျဖည္းျပန္ျမင့္တက္ေနၿပီး စပိန္မွာ လူ ၁၀၀,၀၀၀ မွာ ၃၀၀ ႏႈန္းနဲ႔ ကူးစက္ေနပါတယ္။ ကူးစက္မႈ ႏႈန္း ႏွစ္ဆျဖစ္ေနတဲ့ မက္ဒရစ္ၿမိဳ႕မွာလည္း လူ ၁၀၀,၀၀၀ မွာ ၇၈၀ ေက်ာ္ကူးစက္ေနတာေၾကာင့္ အစိုးရက အသြားအလာေတြ ပိတ္ပင္ကန္႔သတ္ထားပါတယ္။ ၿမိဳ႕ေတာ္တြင္း လူ ၃,၀၀၀,၀၀၀ ေလာက္ကို အိမ္ေတြထဲမွာပဲေနၾကဖို႔နဲ႔ အလုပ္၊ ေက်ာင္း၊ ေစ်းဝယ္တာနဲ႔ ေဆးပစၥည္းဝယ္ယူဖို႔ကလြဲၿပီး မလိုအပ္ရင္ အျပင္မထြက္ၾကဖို႔ တားျမစ္ထားပါတယ္။ ကန္႔သတ္ခ်က္အသစ္ေတြကို ဗုဒၶဟူးေန႔က ျပန္ၿပီးခ်မွတ္ထားတာျဖစ္ပါတယ္။

တခ်ိန္ထဲမွာပဲ အေမရိကန္ေလေၾကာင္းလိုင္းနဲ႔ ယူႏိုက္တက္ ေလေၾကာင္းလိုင္းက ဝန္ထမ္း ၃၂,၀၀၀ ကို ဒီကေန႔ၾကာသပေတးကစလို႔ အလုပ္နားထားမယ္လို႔ ေျပာပါတယ္။ ဖက္ဒရယ္အစိုးရရဲ႕ အေရးေပၚေရာဂါကာကြယ္ေရး အစီအစဥ္ေတြ မရတဲ့အတြက္ အခုလို ဝန္ထမ္းေတြကို အလုပ္နားလိုက္တာပါ။ ကပ္ေရာဂါကာလ အေစာပိုင္း မတ္လတုန္းကေတာ့ အေမရိကန္ ေလေၾကာင္းေတြ လုပ္ငန္းလည္ပတ္ႏိုင္ဖို႔ အစိုးရက ေဒၚလာ ၂၅ ဘီလီယံ လစာေထာက္ပံ့ေငြခြင့္ျပဳခဲ့ပါတယ္။ ဒီသီတင္းပတ္ထဲ Disney ကုမၸဏီကလည္း ဖေလာ္ရီဒါနဲ႔ ကယ္လီဖိုးနီးယား အပန္းေျဖ ကစားကြင္းက ဝန္ထမ္းေတြ အပါအဝင္ ဝန္ထမ္း ၂၈,၀၀၀ ကို အလုပ္ကေန အနားေပးခဲ့တာပါ။

အေမရိကန္ အမ်ိဳးသား ေဘာလုံးအသင္း က Tennessee Titans နဲ႔ Pittsburgh Steelers အသင္းႏွစ္သင္းၾကား တနဂၤေႏြေန႔မွာ ကစားမယ့္ပြဲစဥ္ေတြကို ေနာက္အပတ္အထိေ႐ႊ႕ဆိုင္းလိုက္ပါတယ္။ ၿပီးခဲ့တဲ့ အပတ္တြင္း Titans အသင္းက Minneapolis ၿမိဳ႕မွာ ကစားအၿပီး အသင္းသား ၃ ဦးနဲ႔ တျခား အသင္းသား မဟုတ္သူ ၅ ဦးမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြရွိရတဲ့အတြက္ ေလ့က်င့္မႈေတြကိုလည္း ရပ္နားထားပါတယ္။ မေန႔ကေတာ့ ေနာက္ထပ္ အသင္းသား ၁ေယာက္မွာ ေရာဂါကူးစက္ေနတာကို ေတြ႕ရွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဥရောပမှာ ကိုဗစ်ကူးစက်မှု တကျော့ပြန်မြင့်တက်နေ

ဥရောပတလွှား COVID – 19 ကူးစက်မှုတွေ တဖြည်းဖြည်းပြန်မြင့်တက်နေပြီး စပိန်မှာ လူ ၁၀၀,၀၀၀ မှာ ၃၀၀ နှုန်းနဲ့ ကူးစက်နေပါတယ်။ ကူးစက်မှု နှုန်း နှစ်ဆဖြစ်နေတဲ့ မက်ဒရစ်မြို့မှာလည်း လူ ၁၀၀,၀၀၀ မှာ ၇၈၀ ကျော်ကူးစက်နေတာကြောင့် အစိုးရက အသွားအလာတွေ ပိတ်ပင်ကန့်သတ်ထားပါတယ်။ မြို့တော်တွင်း လူ ၃,၀၀၀,၀၀၀ လောက်ကို အိမ်တွေထဲမှာပဲနေကြဖို့နဲ့ အလုပ်၊ ကျောင်း၊ ဈေးဝယ်တာနဲ့ ဆေးပစ္စည်းဝယ်ယူဖို့ကလွဲပြီး မလိုအပ်ရင် အပြင်မထွက်ကြဖို့ တားမြစ်ထားပါတယ်။ ကန့်သတ်ချက်အသစ်တွေကို ဗုဒ္ဓဟူးနေ့က ပြန်ပြီးချမှတ်ထားတာဖြစ်ပါတယ်။

တချိန်ထဲမှာပဲ အမေရိကန်လေကြောင်းလိုင်းနဲ့ ယူနိုက်တက် လေကြောင်းလိုင်းက ဝန်ထမ်း ၃၂,၀၀၀ ကို ဒီကနေ့ကြာသပတေးကစလို့ အလုပ်နားထားမယ်လို့ ပြောပါတယ်။ ဖက်ဒရယ်အစိုးရရဲ့ အရေးပေါ်ရောဂါကာကွယ်ရေး အစီအစဉ်တွေ မရတဲ့အတွက် အခုလို ဝန်ထမ်းတွေကို အလုပ်နားလိုက်တာပါ။ ကပ်ရောဂါကာလ အစောပိုင်း မတ်လတုန်းကတော့ အမေရိကန် လေကြောင်းတွေ လုပ်ငန်းလည်ပတ်နိုင်ဖို့ အစိုးရက ဒေါ်လာ ၂၅ ဘီလီယံ လစာထောက်ပံ့ငွေခွင့်ပြုခဲ့ပါတယ်။ ဒီသီတင်းပတ်ထဲ Disney ကုမ္ပဏီကလည်း ဖလော်ရီဒါနဲ့ ကယ်လီဖိုးနီးယား အပန်းဖြေ ကစားကွင်းက ဝန်ထမ်းတွေ အပါအဝင် ဝန်ထမ်း ၂၈,၀၀၀ ကို အလုပ်ကနေ အနားပေးခဲ့တာပါ။

အမေရိကန် အမျိုးသား ဘောလုံးအသင်း က Tennessee Titans နဲ့ Pittsburgh Steelers အသင်းနှစ်သင်းကြား တနင်္ဂနွေနေ့မှာ ကစားမယ့်ပွဲစဉ်တွေကို နောက်အပတ်အထိရွှေ့ဆိုင်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ အပတ်တွင်း Titans အသင်းက Minneapolis မြို့မှာ ကစားအပြီး အသင်းသား ၃ ဦးနဲ့ တခြား အသင်းသား မဟုတ်သူ ၅ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေရှိရတဲ့အတွက် လေ့ကျင့်မှုတွေကိုလည်း ရပ်နားထားပါတယ်။ မနေ့ကတော့ နောက်ထပ် အသင်းသား ၁ယောက်မှာ ရောဂါကူးစက်နေတာကို တွေ့ရှိခဲ့ပါတယ်။

XS
SM
MD
LG