သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကပ်ရောဂါသင့်ဖွံဖြိုးဆဲနိုင်ငံတွေကို အကူအညီပေးကြဖို့ ကုလအတွင်းရေးမှူးချုပ်တိုက်တွန်း


အင်ဒိုနီးရှားနိုင်ငံ Medan မြို့မှာ အလုပ်သမားတဦးကို ကိုယ်အပူချိန်တိုင်းပေးနေတဲ့ မြင်ကွင်း။ (ဧပြီ ၁၁၊ ၂၀၂၀)
အင်ဒိုနီးရှားနိုင်ငံ Medan မြို့မှာ အလုပ်သမားတဦးကို ကိုယ်အပူချိန်တိုင်းပေးနေတဲ့ မြင်ကွင်း။ (ဧပြီ ၁၁၊ ၂၀၂၀)

[Zawgyi/Unicode]

COVID-19 ကပ်ရောဂါက ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ စီးပွားရေးကို မကြုံစဖူး ထိခိုက်စေကြောင်းနဲ့ ချမ်းသာတဲ့ ကမ္ဘာ့နိုင်ငံကြီးတွေက အကူအညီ လိုအပ်နေတဲ့ နိုင်ငံတွေကို မြန်မြန်ဆန်ဆန်နဲ့ အလုံအလောက် အကူအညီ မပေးကြဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ပြောပါတယ်။ အမေရိကန်၊ ကနေဒါ၊ ဥရောပ အပါအဝင် ဖွံ့ဖြိုးပြီး နိုင်ငံ အများစုက ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အကူအညီပေးရေး အစီအစဉ်တွေကို ချမှတ်ခဲ့သလို ဖွံ့ဖြိုးဆဲ နိုင်ငံတွေ အဲဒီလို လုပ်လာနိုင်အောင် အကူအညီပေးရမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ကနေဒါ ဝန်ကြီးချုပ် Justin Trudeau၊ ဂျမေကာ ဝန်ကြီးချုပ် Andrew Holness တို့နဲ့ အတူ ပူးတွဲ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကုလ အတွင်းရေးမှူးချုပ်က အခုလို ပြောလိုက်တာပါ။ ကနေဒါနဲ့ ဂျမေကာနိုင်ငံတွေက ကပ်ရောဂါ ဒဏ်ခံနေရတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ စီးပွားရေးမှာ အကူအညီရစေဖို့ ငွေကြေး အရင်း အမြစ်တွေ ရရှိရေး ဦးဆောင်ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ IMF ကို အကူအညီ ပိုပေးဖို့ကိုလည်း ကုလ အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ပါတယ်။ နိုင်ငံ အများအပြားမှာ ကြွေးမြဝန်ပိတဲ့ အခြေအနေကို ကြုံတွေ့နေရတာကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ အလယ်အလတ် ဝင်ငွေရှိတဲ့ နိုင်ငံ အားလုံးအတွက် ကြွေးမြီသက်သာရာရအောင် ကြွေးမြီဆိုင်းငံ့ ထားတဲ့ လက်ရှိ အစီအစဉ်တွေကို သက်တမ်းတိုးရေးနဲ့ တိုးမြှင့် ပြုလုပ်ရေးအတွက်လည်း တိုက်တွန်းလိုက်ပါတယ်။

IMF ၊ ကမ္ဘာ့ဘဏ်၊ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OECD) နဲ့ အာဖရိကသမဂ္ဂ (AU) အဖွဲ့က ခေါင်းဆောင်တွေအတူပူးပေါင်းပြီး ကြွေးမြီဆိုင်းငံ့ရေးဆိုင်ရာ မူဝါဒတွေကို ချမှတ်ခဲ့တဲ့အတွက် စိတ်အားတက်မိတယ်လို့လည်း သူက ပြောပါတယ်။ ကမ္ဘာ့ နိုင်ငံအားလုံး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးနဲ့ ကုသမှု အခွင့်အရေး ညီတူညီမျှ ရရေး အစီအစဉ် ACT - Accelerator အတွက် လတ်တလော ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံအပါအဝင် ဒေါ်လာ ၃၅ ဘီလီယံ ထောက်ပံ့ပေးဖို့ကိုလည်း အတွင်းရေးမှူးချုပ် Guterres က တိုက်တွန်း နှိုးဆော်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]






XS
SM
MD
LG