သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စပိန္ႏုိင္ငံ မက္ဒရစ္ၿမိဳ႕ေတာ္နဲ႔ ပတ္ဝန္းက်င္ေဒသေတြ အဝင္အထြက္ ကန္႔သတ္


မက္ဒရစ္ၿမိဳ႕နဲ႔ အနီးဝန္းက်င္က ေဒသခံေတြကို COVID-19 စစ္ေဆးေပးဖုိ႔ Swab နမူနာယူေနတဲ့ ျမင္ကြင္း။ (ေအာက္တုိဘာ ၁၊ ၂၀၂၀)

(Zawgyi / Unicode)

ဥေရာပႏိုင္ငံေတြထဲ ကိုဗစ္ေရာဂါ တေက်ာ့ျပန္ ကူးစက္မႈေၾကာင့္ အသြားအလာ ကန္႔သတ္ခ်က္ ျပန္ခ်မွတ္ရတဲ့ ပထမဆံုးႏုိင္ငံကေတာ့ စပိန္ျဖစ္ၿပီး ရဲတပ္ဖြဲ႔ဝင္ေတြဟာ ေသာၾကာေန႔ကစလို႔ ၿမိဳ႕ေတာ္ မက္ဒရစ္ကေန အဝင္အထြက္ေတြကို ေစာင့္ၾကည့္ ထိန္းခ်ဳပ္ေနပါတယ္။

မက္ဒရစ္ၿမိဳ႕သား ၄.၈ သန္းနဲ႔ ေဘးနားဝန္းက်င္က ၿမိဳ႕ေတြကို အခုလို အသြားအလာ ကန္႔သတ္လိုက္တာပါ။

စစ္ေဆးေရးဂိတ္ေတြဟာ လူေတြကို စည္းကမ္းကန္႔သတ္ခ်က္ေတြအေၾကာင္း ေျပာျပ အသိေပးဖို႔သာျဖစ္ၿပီး ဒဏ္ခတ္အေရးယူဖို႔ အစီအစဥ္ မရွိေသးေပမယ့္ စည္းကမ္းေဖာက္သူေတြကိုေတာ့ ေအာက္တုိဘာ ၅ ရက္ကစၿပီး ဒဏ္ေငြ႐ိုက္မွာ ျဖစ္ပါတယ္။

စပိန္မွာ ကူးစက္ခံရသူ ၈ သိန္းနီးပါးနဲ႔ အေနာက္ဥေရာပမွာ အျမင့္ဆံုးျဖစ္ၿပီး ေသဆံုးသူကလည္း ၃၂,၀၀၀ နီးပါး ရွိေနပါၿပီ။

႐ုရွားႏိုင္ငံမွာ ဒီေန႔ ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္ခံရသူအသစ္ ၉,၈၅၉ ေယာက္ ရွိလာတာေၾကာင့္ ေမလကစၿပီး ေန႔စဥ္ကူးစက္မႈ အျမင့္ဆံုးျဖစ္လာပါတယ္။ ၂၄ နာရီအတြင္း ေသဆံုးသူ ၁၇၄ ေယာက္ရွိၿပီး စုစုေပါင္းေသဆံုးသူ ၂၁,၂၅၁ ေယာက္ရွိေၾကာင္း ကို႐ိုနာဗုိင္းရပ္စ္ဆုိင္ရာ အေရးေပၚဌာနက ေဖာ္ျပထားပါတယ္။

ပိုလန္ႏိုင္ငံရဲ႕ စေနေန႔ စာရင္းေတြအရ ကူးစက္ခံရသူအသစ္ ၂,၃၆၇ ေယာက္ရွိေၾကာင္းနဲ႔ ဒါဟာ တတိယေျမာက္ေန႔အျဖစ္ အျမင့္ဆံုး စံခ်ိန္တက္လာတာ ျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနရဲ႕ တြစ္တာစာမ်က္ႏွာမွာ ေရးသားထားပါတယ္။ ကို႐ိုနာဗုိင္းရပ္စ္နဲ႔ ဆက္စပ္ၿပီး ေနာက္ထပ္ေသဆံုးသူ ၃၄ ေယာက္ရွိတယ္လို႔လည္း စာရင္းျပဳစုထားပါတယ္။

လူဦးေရ ၃၈ သန္းရွိတဲ့ ပိုလန္ႏုိင္ငံမွာ အခုခ်ိန္ထိ စုစုေပါင္း ကူးစက္ခံရသူ ၉၈,၁၄၀ နဲ႔ ေသဆံုးသူ ၂,၆၀၄ ေယာက္ ရွိေနပါၿပီ။

တိုက္႐ိုက္ လင့္ခ္

-------------------

(Unicode)

စပိန်နိုင်ငံ မက်ဒရစ်မြို့တော်နဲ့ ပတ်ဝန်းကျင်ဒေသတွေ အဝင်အထွက် ကန့်သတ်

ဥရောပနိုင်ငံတွေထဲ ကိုဗစ်ရောဂါ တကျော့ပြန် ကူးစက်မှုကြောင့် အသွားအလာ ကန့်သတ်ချက် ပြန်ချမှတ်ရတဲ့ ပထမဆုံးနိုင်ငံကတော့ စပိန်ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေဟာ သောကြာနေ့ကစလို့ မြို့တော် မက်ဒရစ်ကနေ အဝင်အထွက်တွေကို စောင့်ကြည့် ထိန်းချုပ်နေပါတယ်။

မက်ဒရစ်မြို့သား ၄.၈ သန်းနဲ့ ဘေးနားဝန်းကျင်က မြို့တွေကို အခုလို အသွားအလာ ကန့်သတ်လိုက်တာပါ။

စစ်ဆေးရေးဂိတ်တွေဟာ လူတွေကို စည်းကမ်းကန့်သတ်ချက်တွေအကြောင်း ပြောပြ အသိပေးဖို့သာဖြစ်ပြီး ဒဏ်ခတ်အရေးယူဖို့ အစီအစဉ် မရှိသေးပေမယ့် စည်းကမ်းဖောက်သူတွေကိုတော့ အောက်တိုဘာ ၅ ရက်ကစပြီး ဒဏ်ငွေရိုက်မှာ ဖြစ်ပါတယ်။

စပိန်မှာ ကူးစက်ခံရသူ ၈ သိန်းနီးပါးနဲ့ အနောက်ဥရောပမှာ အမြင့်ဆုံးဖြစ်ပြီး သေဆုံးသူကလည်း ၃၂,၀၀၀ နီးပါး ရှိနေပါပြီ။

ရုရှားနိုင်ငံမှာ ဒီနေ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၉,၈၅၉ ယောက် ရှိလာတာကြောင့် မေလကစပြီး နေ့စဉ်ကူးစက်မှု အမြင့်ဆုံးဖြစ်လာပါတယ်။ ၂၄ နာရီအတွင်း သေဆုံးသူ ၁၇၄ ယောက်ရှိပြီး စုစုပေါင်းသေဆုံးသူ ၂၁,၂၅၁ ယောက်ရှိကြောင်း ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အရေးပေါ်ဌာနက ဖော်ပြထားပါတယ်။

ပိုလန်နိုင်ငံရဲ့ စနေနေ့ စာရင်းတွေအရ ကူးစက်ခံရသူအသစ် ၂,၃၆၇ ယောက်ရှိကြောင်းနဲ့ ဒါဟာ တတိယမြောက်နေ့အဖြစ် အမြင့်ဆုံး စံချိန်တက်လာတာ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်စပ်ပြီး နောက်ထပ်သေဆုံးသူ ၃၄ ယောက်ရှိတယ်လို့လည်း စာရင်းပြုစုထားပါတယ်။

လူဦးရေ ၃၈ သန်းရှိတဲ့ ပိုလန်နိုင်ငံမှာ အခုချိန်ထိ စုစုပေါင်း ကူးစက်ခံရသူ ၉၈,၁၄၀ နဲ့ သေဆုံးသူ ၂,၆၀၄ ယောက် ရှိနေပါပြီ။

XS
SM
MD
LG