သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မပြတ် စောင့်ကြည့်ကုသမယ့် ဆေးအဖွဲ့ အိမ်ဖြူတော်မှာထားရှိ


ဝါရှင်တန်ဒီစီမြို့တော်ရှိ သမ္မတအိမ်ဖြူတော်။ (အောက်တိုဘာ ၀၅၊ ၂၀၂၀)
ဝါရှင်တန်ဒီစီမြို့တော်ရှိ သမ္မတအိမ်ဖြူတော်။ (အောက်တိုဘာ ၀၅၊ ၂၀၂၀)

[Zawgyi/Unicode]

COVID ကူးစက်ခံထားရသူ သမ္မတ ဒေါ်နယ် ထရမ့် ဆေးရုံကနေ အိမ်ဖြူတော်ကို ပြန်ရောက်လာပြီးတဲ့နောက် သမ္မတနဲ့ မိသားစုကို နာရီမလပ် စောင့်ကြည့် ကုသပေးမယ့် ဆေးအဖွဲ့လည်း အိမ်ဖြူတော်မှာ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ သမ္မတရဲ့ သမားတော်ကြီး ဖြစ်တဲ့ Dr. Sean Conley ကပဲ ဆေးရုံမှာ တာဝန်ယူသလို အိမ်ဖြူတော်မှာ ဆက်လက် တာဝန်ယူမှာ ဖြစ်ပါတယ်။ အရေးပေါ် ကုသနိုင်တဲ့ အနေအထားကတော့ ဆေးရုံတစ်ရုံ လောက် ပြည့်စုံမှာ မဟုတ်ပေမဲ့ အိမ်ဖြူတော် ဆေးဝန်ထမ်းအဖွဲ့ဟာ ၂၄ နာရီ တာဝန်ထမ်းဆောင်မှာ ဖြစ်သလို ထိပ်တန်း ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တယ်လို့လည်း သမ္မတရဲ့ သမားတော် Dr. Sean Conley က ပြောပါတယ်။

Dr. Conley ဦးဆောင်တဲ့ အိမ်ဖြူတော် ဆေးဝန်ထမ်း အဖွဲ့မှာ ဝန်ထမ်း ၃၀ ရှိပါတယ်။ စမ်းသပ်ခန်းတစ်ခန်းကို အိမ်ဖြူတော် မြေညီထပ်မှာ ထားရှိသလို ပိုပြီး ကြီးမားတဲ့ ရုံးခန်းတခုကိုတော့ အိမ်ဖြူတော်နဲ့ တွဲရက် Eisenhower အဆောက်အဦးမှာ ထားရှိပါတယ်။ သမ္မတနဲ့ သမ္မတရဲ့ မိသားစုဝင်တွေ၊ ဒုတိယ သမ္မတ၊ အိမ်ဖြူတော် ဝန်ထမ်းတွေနဲ့ လိုအပ်ရင် နိုင်ငံခြားက ဧည့်သည် ခေါင်းဆောင်တွေနဲ့ အိမ်ဖြူ တော်ကို လေ့လာဖို့လာရောက်သူ ခရီးသွားတွေပါ ဆေးကုသမှု ခံယူနိုင်မှာ ဖြစ်ပါတယ်။ အိမ်ဖြူတော် ဆေးဝန်ထမ်း အဖွဲ့က ပုံမှန်ဆေးစစ်တာက အစ ဆေးထုတ်ပေးတာနဲ့ အရေးပေါ် ကုသရေး လုပ်ငန်းတွေအထိ တာဝန်ယူမှာ ဖြစ်ပါတယ်။ အခြေအနေဆိုးတဲ့ လူနာ ရှိလာရင်တော့ အိမ်ဖြူတော် ဆေးအဖွဲ့က အခြေအနေကို တည်ငြိမ်အောင် လုပ်ဆောင်ပေးပြီး ဆေးရုံကို အမြန်ဆုံး ပို့နိုင်အောင် လုပ်ဆောင် ပေးမှာ ဖြစ်ပါတယ်။

အိမ်ဖြူတော်ကို သတင်းလာယူတဲ့ သတင်းသမားတွေကို COVID 19 စမ်းသပ်စစ်ဆေးမှုကိုလည်း အိမ်ဖြူတော် ဆေးအဖွဲ့ကပဲ တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]





XS
SM
MD
LG