သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိမ္ျဖဴေတာ္ ေျပာခြင့္ရ COVID-19 ကူးစက္ခံထားရ


အိမ္ျဖဴေတာ္ ျပန္ၾကားေရးအရာရွိ Kayleigh McEnany က ေအာက္တိုဘာ ၄ ရက္ေန႔က အိမ္ျဖဴေတာ္ေရွ႕ သတင္းစာရွင္းလင္းပြဲလုပ္စဥ္

(Zawgyi/Unicode)

သမၼတအိမ္ျဖဴေတာ္ ျပန္ၾကားေရးတာဝန္ခံ Kayleigh McEnany က သူ႔မွာ COVID-19 အကူးစက္ခံေနရ ေၾကာင္း ေျပာပါတယ္။

အရင္ ေဆးစစ္ခ်က္ေတြမွာ ပံုမွန္လိုလုိပဲ ဒီေရာဂါပိုး မေတြခဲ့ရေၾကာင္း နဲ႔ ဒီတနလၤာေန႔မနက္ပိုင္း မွာေတာ့ အကူးစက္ခံေနေၾကာင္း ေတြ႔ရွိခဲ့တယ္လို႔ McEnany က သူ႔တြစ္တာကေန ေၾကညာခဲ့တာပါ။ ဒါေပမယ့္လည္း ဒီေရာဂါ လကၡဏာ တစံုတရာ မခံစားရေၾကာင္း ေျပာပါတယ္။

သမၼတ ေဒၚနယ္ထရမ့္ရဲ့ အႀကံေပး Hope Hicks မွာ ဒီေရာဂါပိုးရွိေနတာကို ၿပီးခဲ့တဲ့ ၾကာသပေတးေန႔ သတင္းစာရွင္းလင္းပြဲ မလုပ္ခင္က သူမသိခဲ့ရဘူး လို႔လည္း ေျပာပါတယ္။ Hope Hicks မွာ ဒီေရာဂါအကူးစက္ခံေနရတာကို ၾကာသပေတးေန႔ ညေနပိုင္းမွာ သိရွိခဲ့ၾကတာ ျဖစ္ပါတယ္။

သမၼတ ေဒၚနယ္ထရမ့္ကေတာ့ သူနဲ႔ သမၼတကေတာ္ Melania Trump တို႔မွာ COVID-19 အကူးစက္ခံေနရေၾကာင္း ေသာၾကာေန႔ မနက္အေစာပိုင္းမွာ သမၼတက ေၾကညာခဲ့တာပါ။ ေနာက္ပိုင္းမွာေတာ့ သမၼတကို Walter Reed စစ္ေဆးရံုကို ပို႔ၿပီး ကုသေပးခဲ့တာ ျဖစ္ပါတယ္

ေရာဂါလကၡဏာ မျပေပမယ့္ ဒီေရာဂါ အကူးစက္ခံေနရေၾကာင္း သိခဲ့ရတဲ့ McEnany ကေတာ့ သူမဟာ quarantine လုပ္ သီးျခားခြဲ ေနထိုင္မႈကို စတင္ေတာ့မွာ ျဖစ္ေၾကာင္း ေျပာၾကားခဲ့သလို သူ႔အလုပ္ေတြကို အေဝးကေန (အြန္လိုင္းကေန) ဆက္လက္ လုပ္ေဆာင္မွာ ျဖစ္ေၾကာင္း ေျပာပါတယ္။

အိမ္ျဖဴေတာ္ ေျပာခြင့္ရ COVID-19 ကူးစက္ခံထားရ
please wait

No media source currently available

0:00 0:00:55 0:00
တိုက္႐ိုက္ လင့္ခ္


...............

(Unicode)

သမ္မတအိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ Kayleigh McEnany က သူ့မှာ COVID-19 အကူးစက်ခံနေရ ကြောင်း ပြောပါတယ်။

အရင် ဆေးစစ်ချက်တွေမှာ ပုံမှန်လိုလိုပဲ ဒီရောဂါပိုး မတွေခဲ့ရကြောင်း နဲ့ ဒီတနင်္လာနေ့မနက်ပိုင်း မှာတော့ အကူးစက်ခံနေကြောင်း တွေ့ရှိခဲ့တယ်လို့ McEnany က သူ့တွစ်တာကနေ ကြေညာခဲ့တာပါ။ ဒါပေမယ့်လည်း ဒီရောဂါ လက္ခဏာ တစုံတရာ မခံစားရကြောင်း ပြောပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အကြံပေး Hope Hicks မှာ ဒီရောဂါပိုးရှိနေတာကို ပြီးခဲ့တဲ့ ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲ မလုပ်ခင်က သူမသိခဲ့ရဘူး လို့လည်း ပြောပါတယ်။ Hope Hicks မှာ ဒီရောဂါအကူးစက်ခံနေရတာကို ကြာသပတေးနေ့ ညနေပိုင်းမှာ သိရှိခဲ့ကြတာ ဖြစ်ပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ကတော့ သူနဲ့ သမ္မတကတော် Melania Trump တို့မှာ COVID-19 အကူးစက်ခံနေရကြောင်း သောကြာနေ့ မနက်အစောပိုင်းမှာ သမ္မတက ကြေညာခဲ့တာပါ။ နောက်ပိုင်းမှာတော့ သမ္မတကို Walter Reed စစ်ဆေးရုံကို ပို့ပြီး ကုသပေးခဲ့တာ ဖြစ်ပါတယ်

ရောဂါလက္ခဏာ မပြပေမယ့် ဒီရောဂါ အကူးစက်ခံနေရကြောင်း သိခဲ့ရတဲ့ McEnany ကတော့ သူမဟာ quarantine လုပ် သီးခြားခွဲ နေထိုင်မှုကို စတင်တော့မှာ ဖြစ်ကြောင်း ပြောကြားခဲ့သလို သူ့အလုပ်တွေကို အဝေးကနေ (အွန်လိုင်းကနေ) ဆက်လက် လုပ်ဆောင်မှာ ဖြစ်ကြောင်း ပြောပါတယ်။

XS
SM
MD
LG