သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ကုသမှုခံယူပြီးနောက် သမ္မတ Trump တနင်္လာနေ့ည ဆေးရုံက ဆင်းမည်


Walter Reed စစ်ဆေးရုံအပြင်မှာ လာရောက်အားပေးသူတွေကို ကားနဲ့ထွက်ပြီး နှုတ်ဆက်နေတဲ့ အမေရိကန်သမ္မတ Donald Trump။ (အောက်တိုဘာ ၀၄၊ ၂၀၂၀)
Walter Reed စစ်ဆေးရုံအပြင်မှာ လာရောက်အားပေးသူတွေကို ကားနဲ့ထွက်ပြီး နှုတ်ဆက်နေတဲ့ အမေရိကန်သမ္မတ Donald Trump။ (အောက်တိုဘာ ၀၄၊ ၂၀၂၀)

(Zawgyi/Unicode)

COVID-19 အကူးစက်ခံရလို့ Walter Reed စစ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့ သမ္မတဒေါ်နယ်ထရမ့်က သူဟာ တနင်္လာနေ့ညနေမှာ ဆေးရုံကနေ ပြန်ဆင်းတော့မှာ ဖြစ်ပြီး သမ္မတအိမ်ဖြူတော်ကို ပြန်သွားတော့မယ်လို့ ပြောကြားလိုက်ပါတယ်။

ညနေ ၆ နာရီခွဲမှာ ဆေးရုံကပြန်ဆင်းတော့မှာ ဖြစ်ကြောင်းနဲ့ သူ့အနေနဲ့ လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းကထက် တောင် ပိုကျန်းမာနေပြီး COVID ကို မကြောက်ကြဖို့ သမ္မတက တနင်္လာနေ့မှာ သူ့တွစ်တာကနေ ရေးပါတယ်။

သမ္မတအိမ်ဖြူတော် ဝန်ထမ်းအရာရှိချုပ် Mark Meadows ကတော့ သမ္မတထရမ့်ဟာ သူ့ကျန်းမာရေး အခြေနေကို မေးမြန်းဖို့ ကုသပေးနေတဲ့ သမားတော်ကြီးတွေနဲ့ တွေ့ဆုံမှာ ဖြစ်ကြောင်းနဲ့ ထရမ့်အစိုးရအဖွဲ့ အနေနဲ့ သမ္မတဟာ တနင်္လာနှောင်းပိုင်းလောက် ဆေးရုံကနေ ပြန်ဆင်းနိုင်ဖို့ မေ ျှာ်လင့်ကြောင်း တနင်္လာနေ့ အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် တနင်္လာ မနက်ခင်း သမ္မတနဲ့ တွေ့ဆုံ ရာမှာ သမ္မတရဲ့ ကျန်းမာရေး ဆက်တိုးတက်မှု ရှိနေသလို သမ္မတ တာဝန်တွေကို ပုံမှန်ပြန်ထမ်းဆောင်ဖို့ အသင့်ရှိနေတာတွေ့ရကြောင်းလည်း ပြောပါတယ်။

တနင်္ဂနွေနေ့တုန်းကတော့ သမ္မတက သူ့ကျန်းမာရေးအခြေနေကောင်းမွန်မှုရှိတယ်လို့ သူ့ဆရာဝန်တွေက ပြောကြောင်း တွစ်တာမှာ ဗွီဒီယိုနဲ့ ပြောကြားခဲ့သလို ဆေးရုံအပြင်မှာ သူ့ကိုအားပေးနေသူတွေ အံ့သြအောင် သူလုပ်ဖို့ရှိကြောင်း ပြောခဲ့တာပါ။ နောက် မကြာသေးခင်မှာပဲ သမ္မတဟာ သူ့ရဲ့လုံခြုံရေးတာဝန်ရှိသူတွေနဲ့အတူ စစ်ဆေးရုံထဲကနေ ခဏထွက်ပြီး သူ့ကို လာရောက်အားပေးနေကြတဲ့ ဆေးရုံအပြင်က လူအုပ်ကို ကားထဲကနေ နှုတ်ဆက်ခဲ့တာဖြစ်ပါတယ်။

သမ္မတဟာ အောက်ဆီဂျင် ပမာဏ ရှိသင့်တာထက် ကျသွားတာကို ၂ ကြိမ် ခံစားခဲ့ရကြောင်း သူ့သမားတော် Dr. Sean Conley က တနင်္ဂနွေနေ့ စောပိုင်းမှာ ပြောကြားခဲ့ပေမယ့် ဒီလို ဖြစ်ခဲ့တာကလွဲလို့ သူနေကောင်းကြောင်း ပြောကြားခဲ့တာပါ။ ဒါ့အပြင် သမ္မတကို steroid ဆေးတမျိုး ဖြစ်တဲ့ dexamethasone နဲ့ ဗိုင်းရပ်စ်ပိုး အတွက် ၅ ရက်ပေးရတဲ့ remdesivir ဆေးတွေ ပေးထားကြောင်းလည်း တနင်္ဂနွေနေ့မှာပဲ သမားတော်တွေက ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


..............


(Unicode)







XS
SM
MD
LG