[Zawgyi/Unicode]
Coronavirus ပုိးကူးစက္ေနတာေၾကာင့္ Walter Reed စစ္ေဆး႐ံုမွာ ကုသမႈခံယူေနတဲ့ အေမရိကန္သမၼတ Donald Trump ဟာ ေဆး႐ံုျပင္မွာ သူ႔ကို လာေရာက္အားေပးေနၾကသူေတြကို တနဂၤေႏြေန႔က ကားနဲ႔ထြက္ၿပီး ႏႈတ္ဆက္ခဲ့ပါတယ္။ Trump ကိုေထာက္ခံတဲ့အလံေတြ ေဝွ႕ယမ္းၿပီး ေဆး႐ံုျပင္မွာ စုေဝးေနၾကသူေတြကို သမၼတ Trump က အထူးလံုၿခံဳေရး အေစာင့္ေတြပါတဲ့ ယာဥ္တန္းနဲ႔ ထြက္ၿပီး ႏႈတ္ဆက္ခဲ့တာပါ။ ေဆး႐ံုျပင္မွာ သမၼတကုိအားေပးေနသူေတြကို သမၼတ ထြက္ႏႈတ္ဆက္ၿပီးေနာက္ Walter Reed ေဆး႐ံုက သမၼတအထူးကုသေဆာင္ကို သမၼတ Trump ျပန္သြားခဲ့တယ္လို႔ အိမ္ျဖဴေတာ္ ေျပာခြင့္ရထုတ္ျပန္တဲ့ ေၾကညာခ်က္ထဲမွာ ေျပာၾကားထားပါတယ္။
Coronavirus ပုိးကူးစက္ေနတဲ့ သမၼတ Trump ရဲ႕ ကိုယ္ထဲမွာ ေအာက္စီဂ်င္ပမာဏ က်သြားတာ ၂ ခါႀကံဳခဲ့ရတယ္လို႔ သူ႔ကို ကုသေပးေနတဲ့ ဆရာဝန္ေတြက တနဂၤေႏြေန႔က ေျပာၾကားပါတယ္။ အဲဒါကလြဲလို႔ အေျခအေန အေတာ္ေလးေကာင္းတယ္လို႔ သမၼတရဲ႕ က်န္းမာေရးအတြက္ အဓိကတာဝန္ယူထားသူ ဆရာဝန္ Dr. Sean Conley က သတင္းေထာက္ေတြကို ေျပာပါတယ္။
ေသာၾကာေန႔တုန္းက အိမ္ျဖဴေတာ္မွာ သမၼတကို ေအာက္စီဂ်င္ တနာရီေလာက္ေပးခဲ့ရတာနဲ႔ ပတ္သက္လို႔ အေစာပိုင္းက အတိအက်မေျပာဘဲ ေဝ့လည္ေၾကာင္ပါတ္လုပ္ခဲ့တာနဲ႔ ပတ္သက္လို႔ သတင္းေထာက္ေတြက ေမးရာမွာေတာ့ Dr. Conley က အဖဲြ႔ရဲ႕အေကာင္းျမင္စိတ္ကို ထင္ဟပ္ေစမယ့္ အေျဖမ်ဳိးျဖစ္ေအာင္ ႀကိဳးစားေျဖခဲ့တာျဖစ္တယ္လို႔ တံု႔ျပန္ပါတယ္။
သမၼတကို ကုသေပးေနတဲ့ ဆရာဝန္အဖဲြ႔အေနနဲ႔ တစံုတရာ ဖံုးကြယ္ဖုိ႔ ႀကိဳးစားတယ္ဆိုတာလည္း မဟုတ္ဘူးလို႔ သူကဆိုပါတယ္။ လက္႐ွိမွာ သမၼတကို Dexamethasone စတီး႐ြိဳက္ေဆးနဲ႔ ေဆးပါတ္လည္ေအာင္ ၅ ရက္ေသာက္ရတဲ့ ဗိုင္းရပ္စ္တိုက္ဖ်က္ေဆး Remdesivir တို႔ေပးထားတယ္လို႔လည္း သမၼတရဲ႕ ဆရာဝန္ေတြက ေျပာပါတယ္။
တနဂၤေႏြေန႔မွာ သမၼတအေျခအေနေကာင္းရင္ အေစာဆံုး တနလၤာေန႔မွာေတာင္ ေဆး႐ံုက ဆင္းႏိုင္မယ္လို႔ Johns Hopkins ေဆးတကၠသိုလ္က အဆုတ္ေရာဂါအထူးကုဆရာဝန္ Dr. Brian Garibaldi ကလည္း တနဂၤေႏြေန႔က သတင္းစာ႐ွင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။ သမၼတအေနနဲ႔ အဆုတ္ထိခိုက္ခံစားရတာမ်ဳိး ျဖစ္သလားဆိုတဲ့ ေမးခြန္းမ်ိဳးကိုေတာ့ သမၼတကို ကုသေပးေနတဲ့ ဆရာဝန္ေတြက အတိအက် ေျဖၾကားျခင္း မ႐ွိပါဘူး။
[Unicode Version]
သမ္မတTrump ထောက်ခံသူတွေကို ကားနဲ့ ထွက်နှုတ်ဆက်
Coronavirus ပိုးကူးစက်နေတာကြောင့် Walter Reed စစ်ဆေးရုံမှာ ကုသမှုခံယူနေတဲ့ အမေရိကန်သမ္မတ Donald Trump ဟာ ဆေးရုံပြင်မှာ သူ့ကို လာရောက်အားပေးနေကြသူတွေကို တနင်္ဂနွေနေ့က ကားနဲ့ထွက်ပြီး နှုတ်ဆက်ခဲ့ပါတယ်။ Trump ကိုထောက်ခံတဲ့အလံတွေ ဝှေ့ယမ်းပြီး ဆေးရုံပြင်မှာ စုဝေးနေကြသူတွေကို သမ္မတ Trump က အထူးလုံခြုံရေး အစောင့်တွေပါတဲ့ ယာဉ်တန်းနဲ့ ထွက်ပြီး နှုတ်ဆက်ခဲ့တာပါ။ ဆေးရုံပြင်မှာ သမ္မတကိုအားပေးနေသူတွေကို သမ္မတ ထွက်နှုတ်ဆက်ပြီးနောက် Walter Reed ဆေးရုံက သမ္မတအထူးကုသဆောင်ကို သမ္မတ Trump ပြန်သွားခဲ့တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ပြောကြားထားပါတယ်။
Coronavirus ပိုးကူးစက်နေတဲ့ သမ္မတ Trump ရဲ့ ကိုယ်ထဲမှာ အောက်စီဂျင်ပမာဏ ကျသွားတာ ၂ ခါကြုံခဲ့ရတယ်လို့ သူ့ကို ကုသပေးနေတဲ့ ဆရာဝန်တွေက တနင်္ဂနွေနေ့က ပြောကြားပါတယ်။ အဲဒါကလွဲလို့ အခြေအနေ အတော်လေးကောင်းတယ်လို့ သမ္မတရဲ့ ကျန်းမာရေးအတွက် အဓိကတာဝန်ယူထားသူ ဆရာဝန် Dr. Sean Conley က သတင်းထောက်တွေကို ပြောပါတယ်။
သောကြာနေ့တုန်းက အိမ်ဖြူတော်မှာ သမ္မတကို အောက်စီဂျင် တနာရီလောက်ပေးခဲ့ရတာနဲ့ ပတ်သက်လို့ အစောပိုင်းက အတိအကျမပြောဘဲ ဝေ့လည်ကြောင်ပါတ်လုပ်ခဲ့တာနဲ့ ပတ်သက်လို့ သတင်းထောက်တွေက မေးရာမှာတော့ Dr. Conley က အဖွဲ့ရဲ့အကောင်းမြင်စိတ်ကို ထင်ဟပ်စေမယ့် အဖြေမျိုးဖြစ်အောင် ကြိုးစားဖြေခဲ့တာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။
သမ္မတကို ကုသပေးနေတဲ့ ဆရာဝန်အဖွဲ့အနေနဲ့ တစုံတရာ ဖုံးကွယ်ဖို့ ကြိုးစားတယ်ဆိုတာလည်း မဟုတ်ဘူးလို့ သူကဆိုပါတယ်။ လက်ရှိမှာ သမ္မတကို Dexamethasone စတီးရွိုက်ဆေးနဲ့ ဆေးပါတ်လည်အောင် ၅ ရက်သောက်ရတဲ့ ဗိုင်းရပ်စ်တိုက်ဖျက်ဆေး Remdesivir တို့ပေးထားတယ်လို့လည်း သမ္မတရဲ့ ဆရာဝန်တွေက ပြောပါတယ်။
တနင်္ဂနွေနေ့မှာ သမ္မတအခြေအနေကောင်းရင် အစောဆုံး တနင်္လာနေ့မှာတောင် ဆေးရုံက ဆင်းနိုင်မယ်လို့ Johns Hopkins ဆေးတက္ကသိုလ်က အဆုတ်ရောဂါအထူးကုဆရာဝန် Dr. Brian Garibaldi ကလည်း တနင်္ဂနွေနေ့က သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ သမ္မတအနေနဲ့ အဆုတ်ထိခိုက်ခံစားရတာမျိုး ဖြစ်သလားဆိုတဲ့ မေးခွန်းမျိုးကိုတော့ သမ္မတကို ကုသပေးနေတဲ့ ဆရာဝန်တွေက အတိအကျ ဖြေကြားခြင်း မရှိပါဘူး။