သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားသူကြီးဦးရေ မပြည့်တဲ့ အမေရိကန် တရားရုံးချုပ် တနင်္လာနေ့မှာ သက်တမ်းသစ်စတင်


ဝါရှင်တန်ဒီစီရှိ အမေရိကန် တရားရုံးချုပ်။ (သြဂုတ် ၂၉၊ ၂၀၂၀)
ဝါရှင်တန်ဒီစီရှိ အမေရိကန် တရားရုံးချုပ်။ (သြဂုတ် ၂၉၊ ၂၀၂၀)

(Zawgyi / Unicode)

အမေရိကန်တရားရုံးချုပ်ရဲ့ ၉ လကြာ သက်တမ်းအသစ်ဟာ တနင်္လာနေ့မှာ စတင်မှာ ဖြစ်ပါတယ်။ မကြာသေးခင်ကမှ လစ်ဘရယ်ဖြစ်တဲ့ တရားသူကြီး Ruth Bader Ginsburg ကွယ်လွန်သွားခဲ့ပြီး သူမနေရာကို ဆက်ခံမယ့်သူအတွက် အထက်လွှတ်တော်မှာ အတည်ပြုရေးဟာ အကြိတ်အနယ်ဖြစ်ဖို့ ရှိပါတယ်။

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ ရင်ဆိုင်နေရတဲ့အပြင် သမ္မတရွေးကောက်ပွဲကလည်း မကြာခင်မှာပဲ ကျင်းပဖို့ ရှိနေတာဖြစ်ပြီး ဒီအချိန်မျိုးမှာ တရားရုံး တရားသူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို ရယူဖို့ တောင်းခံတာတွေ ရှိလာနိုင်တာပါ။

ဒီလိုအချိန်မျိုးမှာ ထုံးစံအတိုင်း တရားသူကြီး ၉ ဦး ရှိရမယ့် နိုင်ငံတော်တရားရုံးချုပ်မှာ ၈ ဦးပဲ ရှိနေတာဖြစ်ပြီး ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ Obamacare ဥပဒေကို ပယ်ဖျက်ဖို့ ရီပတ်ဘလစ်ကန်တွေရဲ့ တောင်းဆိုမှုအတွက် ရွေးကောက်ပွဲအပြီး တပတ်အကြာ နိုဝင်ဘာ ၁၀ ရက်နေ့မှာ အချေအတင် ဆွေးနွေးဖို့ အပါအဝင် အမှုကြီးအတော်များများကို ကိုင်တွယ်ဖြေရှင်းရဖို့ ရှိနေပါတယ်။

တကယ်လို့ ကွယ်လွန်သူ တရားသူကြီး Ginsburg နေရာမှာ သမ္မတ Donald Trump အမည်တင်သွင်းထားတဲ့ အယူခံတရားရုံး တရားသူကြီး Amy Coney Barrett ကို အထက်လွှတ်တော်က အတည်ပြုပေးခဲ့မယ်ဆိုရင် နိုင်ငံတော်တရားရုံးချုပ်မှာ ကွန်ဆာဗေးတစ်တွေက လစ်ဘရယ်ထက် အားပိုများသွားပြီး ၆ ယောက် ၃ ယောက် ဖြစ်သွားဖို့ရှိပါတယ်။ အထက်လွှတ်တော်မှာလည်း ရီပတ်ဘလစ်ကန်တွေ ကြီးစိုးနေတာကြောင့် သူမကို အတည်ပြုပေးဖို့ ရှိနေတာပါ။

ထုံးစံအတိုင်း နိုင်ငံတော်တရားရုံးချုပ်မှာ သက်တမ်းအသစ်ကို အောက်တိုဘာလရဲ့ ပထမဆုံး တနင်္လာနေ့မှာ စတင်လေ့ရှိပါတယ်။ ဒီတခါ တရားရုံး ဖွင့်လှစ်တဲ့အခါ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် စတင်ကြားနာမယ့် အမှု ၂ ခုအတွက် အွန်လိုင်းကနေ ပြုလုပ်မှာဖြစ်ပါတယ်။ တရားရုံးချုပ်မှာ အွန်လိုင်းကနေ ပထမဆုံး ကြားနာမှုကို မေလထဲမှာ စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး အခုလည်း အွန်လိုင်းကနေပဲ ဆက်လက် ကြားနာသွားဖို့ ရှိပါတယ်။

စက်တင်ဘာလ ၁၈ ရက်နေ့က တရားသူကြီး Ginsburg ကွယ်လွန်ခဲ့တဲ့နောက်မှာ တရားရုံးချုပ် အပြင်ဘက်မှာ လူအုပ်ကြီးတွေ လာရောက် ဂါရဝပြုလေ့ ရှိပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရားရုံးချုပ်ကို လူထုလာရောက်ခွင့် ပိတ်ထားဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)









XS
SM
MD
LG