သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆေးရုံမှာ ၃ ရက်ကြာ ကုသမှုခံယူခဲ့တဲ့ သမ္မတ Trump အိမ်ဖြူတော် ပြန်ရောက်ပြီ


သမ္မတ Trump အိမ်ဖြူတော် ပြန်ရောက်ရှိ
သမ္မတ Trump အိမ်ဖြူတော် ပြန်ရောက်ရှိ

(Zawgyi/Unicode)

COVID-19 အကူးစက်ခံရလို့ Walter Reed စစ်ဆေးရုံမှာ ၃ ရက်ကြာ ဆေးကုသမှု ခံယူခဲ့တဲ့ သမ္မတဒေါ်နယ်ထရမ့်ဟာ တနင်္လာနေ့ ညနေ ၇ နာရီမထိုးခင်မှာ သမ္မတအိမ်ဖြူတော်ကို ပြန်လည် ရောက်ရှိလာပါပြီ။

သမ္မတက သူ ညနေ ၆ နာရီခွဲမှာ ဆေးရုံကပြန်ဆင်းတော့မှာ ဖြစ်ကြောင်းနဲ့ သူ့အနေနဲ့ လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းကထက် တောင် ပိုကျန်းမာနေပြီး COVID ကို မကြောက်ကြဖို့ သမ္မတက တနင်္လာနေ့မှာ သူ့တွစ်တာကနေ ရေးပါတယ်။

သမ္မတထရမ့် အတွက် ဒီရောဂါနဲ့ ပတ်သက်ပြီး လုံးဝစိတ်ချရတဲ့ အနေထား မဟုတ်သေးပေမယ့် သမ္မတရဲ့ အခြေနေက အိမ်ဖြူတော်ပြန်လို့ ရနေတယ် ဆိုတာကို သမ္မတကို ကုသမှုပေးနေတဲ့ သမားတော်များအဖွဲ့ကရော သူကပါ သဘောတူကြကြောင်းနဲ့ သမ္မတအိမ်ဖြူတော်မှာ ဆေးပစ္စည်းကရိယာအစုံရှိသလို အိမ်ဖြူတော် ဆေးဝန်ထမ်းတွေက သမ္မတကို အချိန်နဲ့အမ ျှ စောင့်ကြည့် စစ်ဆေးမှု ပေးနေနိုင်ကြောင်း သမ္မတရဲ့ သမားတော်ကြီး Dr. Sean Conley က တနင်္လာနေ့ နေ့လည်မှာ သတင်ထောက်တွေကို ပြောပါတယ်။

သမ္မတအိမ်ဖြူတော် ဝန်ထမ်းအရာရှိချုပ် Mark Meadows ကလည်း တနင်္လာ မနက်ခင်း သမ္မတနဲ့ တွေ့ဆုံ ရာမှာ သမ္မတရဲ့ ကျန်းမာရေး ဆက်တိုးတက်မှု ရှိနေသလို သမ္မတ တာဝန်တွေကို ပုံမှန်ပြန်ထမ်းဆောင်ဖို့ အသင့်ရှိနေတာတွေ့ရကြောင်း ပြောပါတယ်။

တနင်္ဂနွေနေ့တုန်းကတော့ သမ္မတက သူ့ရဲ့လုံခြုံရေးတာဝန်ရှိသူတွေနဲ့အတူ စစ်ဆေးရုံထဲကနေ ခဏထွက်ပြီး သူ့ကို လာရောက်အားပေးနေကြတဲ့ ဆေးရုံအပြင်က လူအုပ်ကို ကားထဲကနေ နှုတ်ဆက်ခဲ့တာဖြစ်ပါတယ်။

သမ္မတဟာ အောက်ဆီဂျင် ပမာဏ ရှိသင့်တာထက် ကျသွားတာကို ၂ ကြိမ် ခံစားခဲ့ရကြောင်း သူ့သမားတော် Dr. Sean Conley က တနင်္ဂနွေနေ့ စောပိုင်းမှာ ပြောကြားခဲ့ပေမယ့် ဒီလို ဖြစ်ခဲ့တာကလွဲလို့ သူနေကောင်းကြောင်း ပြောကြားခဲ့တာပါ။ ဒါ့အပြင် သမ္မတကို steroid ဆေးတမျိုး ဖြစ်တဲ့ dexamethasone နဲ့ ဗိုင်းရပ်စ်ပိုး အတွက် ၅ ရက်ပေးရတဲ့ remdesivir ဆေးတွေ ပေးထားကြောင်းလည်း တနင်္ဂနွေနေ့မှာပဲ သမားတော်တွေက ပြောကြားခဲ့ပါတယ်။

.............

ဆေးရုံမှာ ၃ ရကျကွာ ကုသမှုခံယူခဲ့တဲ့ သမ်မတ Trump အိမျဖွူတောျ ပွနျရောကျပွီ
(Unicode)







XS
SM
MD
LG