သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီရိလင်္ကာက အထည်ချုပ်စက်ရုံဝန်ထမ်း ၃၀၀ ကျော် ကိုဗစ်ကူးစက်


မှတ်တမ်းဓါတ်ပုံ- ဧပြီလ ၂၀ ရက်နေ့တုန်းက သီရိလင်္ကာနိုင်ငံတွင် COVID ပိုး ရှိမရှိ စမ်းသပ်နေစဉ်
မှတ်တမ်းဓါတ်ပုံ- ဧပြီလ ၂၀ ရက်နေ့တုန်းက သီရိလင်္ကာနိုင်ငံတွင် COVID ပိုး ရှိမရှိ စမ်းသပ်နေစဉ်

(Zawgyi/Unicode)

သီရိလင်္ကာနိုင်ငံမှာ အင်္ဂါနေ့က အထည်ချုပ်စက်ရုံအလုပ်သမားပေါင်း ၃၀၀ ကျော်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အတည်ပြုခဲ့ပါတယ်။ ဒါဟာနှစ်လအတွင်း ပထမဆုံးအကြိမ် လူမှုအသိုင်းအဝိုင်းအလိုက် ကူးစက်ခံရမှုရှိကြောင်း သီရိလင်္ကာအစိုးရက ကြေညာအပြီး ရက်အနည်းငယ်အကြာမှာ အခုလို အထည်ချုပ်အလုပ်သမားတွေ ကူးစက်ခံနေရတယ်ဆိုတာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

လွန်ခဲ့ ၂ ရက်က ဆေးရုံမှာ ပထမဆုံး ကိုဗစ်လူနာကို တွေ့ရှိပြီးနောက် အဲဒီလူနာအလုပ်လုပ်တဲ့ စက်ရုံက အလုပ်သမားပေါင်း ၃၂၁ ယောက်မှာ ရောဂါကူးစက်နေတာကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။ အဲဒီစက်ရုံဟာ သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘို ဆင်ခြေဖုံးမှာရှိနေပြီး အဲဒီနေရာဟာ အစိုးရက ရောဂါကူးစက်မှုကို အောင်မြင်စွာထိန်းချုပ်ထားနိုင်ပြီလို့ ကြေညာထားတာ ဖြစ်ပါတယ်။

လက်ရှိရောဂါကူးစက်မှုကို ထိန်းချုပ်ဖို့ လူနာအများစုနေထိုင်တဲ့ ဆင်ခြေဖုံးရပ်ကွက် နှစ်ခုမှာ ညမထွက်ရ အမိန့်ထုတ်ပြန်ထားပြီး၊ စာသင်ကျောင်းတွေနဲ့ တက္ကသိုလ်တွေကို ပိတ်ထားပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးကိုလည်း ကန့်သတ်ထားပါတယ်။

သီရိလင်္ကာနိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ၁၃ ဦးရှိပြီး၊ ကူးစက်ခံရသူပေါင်း ၃,၄၇၁ ယောက်ရှိပြီး ပြန်ကောင်းလာသူ စုစုပေါင်းက ၃၂၅၉ ယောက်ရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်


....................


(Unicode)





XS
SM
MD
LG