သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သီရိလကၤာ သမၼတေရြးေကာက္ပြဲ က်င္းပ


သီရိလကၤာႏုိင္ငံ ကုိလံဘုိၿမိဳ႕ မဲ႐ုံတခုတြင္ မဲေပးရန္ တန္းစီေနသည့္ ေဒသခံမ်ား။ (ႏုိဝင္ဘာ ၁၆၊ ၂၀၁၉)

(Zawgyi / Unicode)

သီရိလကၤာႏုိင္ငံမွာ သမၼတေရြးေကာက္ပဲြကို ဒီကေန႔ က်င္းပေနၿပီး သီရိလကၤာ ႏုိင္ငံသားေတြဟာ မဲ႐ုံေတြကို သြားေရာက္ၿပီး မဲေပးေနၾကပါတယ္။

သမၼတေနရာအတြက္ လြန္ခဲ့တဲ့ ၁၀ ႏွစ္က သီရိလကၤာေတာင္ပိုင္းက တမီးလ္က်ားသူပုန္ေတြကို ႏွိမ္နင္းတဲ့ေနရာမွာ သီရိလကၤာစစ္တပ္ကို ဦးေဆာင္ခဲ့တဲ့ ကာကြယ္ေရး၀န္ႀကီးေဟာင္း Gotabaya Rajapaksa နဲ႔ သီရိလကၤာအစိုးရအဖဲြ႔ ၀န္ႀကီး Sajith Premadasa တုိ႔ ၂ ေယာက္ အႀကိတ္အနယ္ ျဖစ္ေနၾကတယ္လို႔ ႏုိင္ငံေရးသမားေတြနဲ႔ ႏုိင္ငံေရးအကဲခတ္ေတြက ေျပာပါတယ္။

Rajapaksa ကေတာ့ သူအႏုိင္ရခဲ့ရင္ သီရိလကၤာႏုိင္ငံရဲ႕ လုံၿခဳံေရးကို အေျပာင္းအလဲေတြ လုပ္သြားမယ္လို႔ ေျပာထားပါတယ္။

သီရိလကၤာႏုိင္ငံမွာ IS အစၥလာမၼစ္ အစြန္းေရာက္ေတြက အီစတာပဲြေတာ္အတြင္း တုိက္ခုိက္ခဲ့တာေၾကာင့္ လူ ၂၅၀ ေက်ာ္ ေသဆုံးခဲ့ၿပီးတဲ့ေနာက္ သီရိလကၤာႏုိင္ငံရဲ႕ လူမ်ားစုျဖစ္တဲ့ ဗုဒၶဘာသာ ဆင္းဟာလီလူမ်ိဳးေတြရဲ႕ စိုးရိမ္မႈကို အေျခခံၿပီး လုံၿခဳံေရးစနစ္ကို အေျပာင္းအလဲေတြ လုပ္မယ္ဆုိၿပီးေတာ့ မဲဆြယ္စည္း႐ုံးေနတာ ျဖစ္ပါတယ္။

Premadasa ကေတာ့ ေက်းလက္ေဒသေတြကို အဓိက မဲဆြယ္စည္း႐ုံးေနၿပီး အိမ္ရာအစီအစဥ္ေတြ၊ ေက်ာင္း၀တ္စုံေတြအျပင္ အမ်ိဳးသမီးေတြအတြက္လည္း လစဥ္အသုံးအေဆာင္ပစၥည္းေတြ အထိပါ အခမဲ့ေပးမယ္လို႔ မဲဆြယ္စည္း႐ုံးခဲ့တာေၾကာင့္ အမ်ိဳးသမီးေတြက သူ႔ကို မဲေပးဖို႔ စိတ္၀င္စားေနၾကပါတယ္။

သီရိလကၤာႏုိင္ငံ အလယ္ပိုင္းက Anradhapura ခ႐ုိင္မွာေတာ့ မဲေပးဖို႔အတြက္ မဲ႐ုံကိုသြားေနၾကတဲ့ မြတ္စလင္ေတြ စီးလာတဲ့ ကားတစင္းကို ဘယ္သူမွန္းမသိတဲ့ လူတစုက ပစ္ခတ္ခဲ့တယ္လို႔ ရဲတပ္ဖဲြ႔က ေျပာလိုက္ၿပီး ထိခုိက္ဒဏ္ရာရတာေတာ့ မရွိဘူးလို႔ မ်က္ျမင္သက္ေသေတြက ေျပာပါတယ္။

---------------------------------

(Unicode)

သီရိလင်္ကာ သမ္မတရွေးကောက်ပွဲ ကျင်းပ

သီရိလင်္ကာနိုင်ငံမှာ သမ္မတရွေးကောက်ပွဲကို ဒီကနေ့ ကျင်းပနေပြီး သီရိလင်္ကာ နိုင်ငံသားတွေဟာ မဲရုံတွေကို သွားရောက်ပြီး မဲပေးနေကြပါတယ်။

သမ္မတနေရာအတွက် လွန်ခဲ့တဲ့ ၁၀ နှစ်က သီရိလင်္ကာတောင်ပိုင်းက တမီးလ်ကျားသူပုန်တွေကို နှိမ်နင်းတဲ့နေရာမှာ သီရိလင်္ကာစစ်တပ်ကို ဦးဆောင်ခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း Gotabaya Rajapaksa နဲ့ သီရိလင်္ကာအစိုးရအဖွဲ့ ဝန်ကြီး Sajith Premadasa တို့ ၂ ယောက် အကြိတ်အနယ် ဖြစ်နေကြတယ်လို့ နိုင်ငံရေးသမားတွေနဲ့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။

Rajapaksa ကတော့ သူအနိုင်ရခဲ့ရင် သီရိလင်္ကာနိုင်ငံရဲ့ လုံခြုံရေးကို အပြောင်းအလဲတွေ လုပ်သွားမယ်လို့ ပြောထားပါတယ်။

သီရိလင်္ကာနိုင်ငံမှာ IS အစ္စလာမ္မစ် အစွန်းရောက်တွေက အီစတာပွဲတော်အတွင်း တိုက်ခိုက်ခဲ့တာကြောင့် လူ ၂၅၀ ကျော် သေဆုံးခဲ့ပြီးတဲ့နောက် သီရိလင်္ကာနိုင်ငံရဲ့ လူများစုဖြစ်တဲ့ ဗုဒ္ဓဘာသာ ဆင်းဟာလီလူမျိုးတွေရဲ့ စိုးရိမ်မှုကို အခြေခံပြီး လုံခြုံရေးစနစ်ကို အပြောင်းအလဲတွေ လုပ်မယ်ဆိုပြီးတော့ မဲဆွယ်စည်းရုံးနေတာ ဖြစ်ပါတယ်။

Premadasa ကတော့ ကျေးလက်ဒေသတွေကို အဓိက မဲဆွယ်စည်းရုံးနေပြီး အိမ်ရာအစီအစဉ်တွေ၊ ကျောင်းဝတ်စုံတွေအပြင် အမျိုးသမီးတွေအတွက်လည်း လစဉ်အသုံးအဆောင်ပစ္စည်းတွေ အထိပါ အခမဲ့ပေးမယ်လို့ မဲဆွယ်စည်းရုံးခဲ့တာကြောင့် အမျိုးသမီးတွေက သူ့ကို မဲပေးဖို့ စိတ်ဝင်စားနေကြပါတယ်။

သီရိလင်္ကာနိုင်ငံ အလယ်ပိုင်းက Anradhapura ခရိုင်မှာတော့ မဲပေးဖို့အတွက် မဲရုံကိုသွားနေကြတဲ့ မွတ်စလင်တွေ စီးလာတဲ့ ကားတစင်းကို ဘယ်သူမှန်းမသိတဲ့ လူတစုက ပစ်ခတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောလိုက်ပြီး ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

သီရိလကၤာ သမၼတေရြးေကာက္ပြဲ က်င္းပ
please wait

No media source currently available

0:00 0:01:18 0:00
တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG