သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီရိလင်္ကာဝန်ကြီးချုပ် Mahinda Rajapaksa နုတ်ထွက်


နိုင်ငံရေးအငြင်းပွားမှုတွေကြောင့် ရာထူးက နုတ်ထွက်သွားတဲ့ ဝန်ကြီးချုပ် Mahinda Rajapaksa

သီတင်းပတ်တွေနဲ့ချီ နိုင်ငံရေးအရ အငြင်းပွါးမှု ပဋိပက္ခတွေ ရင်ဆိုင်နေရတဲ့ သီရိလင်္ကာ ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်သွားပါပြီ။ သီရိလင်္ကာမှာ နိုင်ငံရေးနဲ့ စီးပွါးရေးအရ အကြပ်အတည်းတွေ တိုးဖြစ်လာမှာကို ရှောင်ရှားဖို့ Mahinda Rajapaksa ဟာ ဒီကနေ့မှာ နုတ်ထွက်စာတင်သွင်းတာပါ။

သမ္မတ Maithripal Sirisena က ဝန်ကြီးချုပ် Ranil Wickremesinghe က ရာထူးကနေ ထုတ်ပယ်ပြီး နိုင်ငံရေး အရ သဘောထားတင်းမာတဲ့ သမ္မတဟောင်း Rajapaksa ကို ရာထူးခန့်အပ်တဲ့ အောက်တို ဘာ ၂၆ ရက်နေ့က စပြီး သီရိလင်္ကာမှာ နိုင်ငံရေးအရ မငြိမ်မသက်မှုတွေဖြစ်လာတာပါ။ ဒါပေမယ့် လည်း Wickremesinghe ဟာ ရာထူးက နုတ်ထွက်ဖို့ ငြင်းဆန်ပြီး ကိုလံဘိုက ဝန်ကြီးချုပ်စံအိမ်မှာ နေထိုင်နေခဲ့တာပါ။

Rajapaksa ဟာ လွှတ်တော်မှာ သူ့ကို ဝန်ကြီးချုပ်အဖြစ် အယုံအကြည် ရှိမရှိမဲခွဲရာမှာ မအောင်မြင်ခဲ့ သလို သမ္မတကလည်း ပါလီမန်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲကျင်းပဖို့ ဆောင်ရွက်ခဲ့တာပါ။ ဒါပေမယ့်လည်း သီရိလင်္ကာ တရားရုံးချုပ်က ဒီလုပ်ရပ်ဟာ တရားမဝင်ကြောင်း ဆုံးဖြတ်ပါတယ်။

အခုအခါမှာတော့ လွှတ်တော်က ၂၀၁၉ ခုနှစ်အတွက် အစိုးရအသုံးစရိတ်ကို ချမပေးနိုင်သေး တာကြောင့် နိုင်ငံရဲ့ငွေကြေးဆိုင်ရာ ယုံကြည်ရမှုအဆင့်ကနေ လျော့ကျသွားနိုင်ဖွယ်ရှိနေပြီး အကြွေး မပေးနိုင်တော့မယ့် အခြေအနေကိုလည်း ဆိုက်ရောက်သွားနိုင်ပါတယ်။

Wickremesinghe ဟာ ဝန်ကြီးချုပ်အဖြစ် ပြန်ပြီးရာထူးခန့်အပ်ခံရဖွယ်တော့ ရှိနေပါတယ်။

please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG