သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီရိလင်္ကာ တိုက်ခိုက်မှု သံသယရှိသူ တရာလောက် အဖမ်းခံရ


သီရိလကာၤ နိုင်ငံမှာ လူပေါင်း ၂၅၈ ယောက် သေဆုံးခဲရတဲ့ အီစတာနေ့ တိုက်ခိုက်ခံရမှုမှာ တာဝန်ရှိတယ်လို့ စွပ်စွဲခံထားရတဲ့ အစ္စလာမ္မစ် အဖွဲ့ရဲ့ လက်ကျန်တွေကို ၄ ရက်ကြာ ရှာဖွေမှု အတွင်း သံသယ ရှိသူ ၁၀၀ လောက်ကို သီရိလင်္ကာ စစ်တပ်က ဖမ်းဆီးထားပါတယ်။

မြို့တော်နဲ့ တခြား အရေးပါတဲ့ မြို့တွေကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က စပြီး စစ်တပ်က ပိတ်ဆို့ရှာဖွေမှု အတွင်း တပ်ဖွဲ့ဝင် ၃ ထောင်လောက်ကို တပ်ချထားခဲ့ကြောင်းလည်း စစ်တပ် တာဝန်ရှိသူ တဦးက ပြောပါတယ်။ ပိတ်ဆို့ရှာဖွေရေး ပထမ ၃ ရက် အတွင်းမှာဘဲ သံသယ ရှိသူ ၈၇ ဦးကို လုံခြုံရေး တပ်ဖွဲ့တွေက ဖမ်းဆီးခဲ့ပြီး စုံစမ်းစစ်ဆေးမှု လုပ်ဖို့ ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးထားတယ်လို့လည်း သူက ပြောပါတယ်။

ဖမ်းဆီးထားသူ အရေအတွက် ၁၀၀ နီးပါး ရှိပြီး သူတို့ အားလုံး နီးပါးကိုတော့ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု၊ တရားမဝင် လက်နက်ပိုင်ဆိုင်မှုတွေနဲ့ ဖမ်းတာလို့လည်း သူက ထပ်လောင်း ပြောပါတယ်။ ဧပြီလ ၂၁ ရက်နေ့ ဗုံးခွဲတိုက်ခိုက်မှုတွေ အတွက် တာဝန်ရှိတယ်လို့ ပြောဆိုထားတဲ့ National Thowheeth Jamaath NTJ ရဲ့ ဝါဒဖြန့် ပစ္စည်းတွေ၊ ဗီဒီယိုတွေနဲ့ ဖမ်းဆီးရမိသူ အနည်းငယ်လည်း ပါပါတယ်။ ခရစ်ယာန်တို့ရဲ့ ဘာသာရေး အထွဋ်အမြတ်နေ့ တခုဖြစ်တဲ့ အီစတာနေ့ တိုက်ခိုက်မှုတွေမှာ သူတို့လက်ချက် ဖြစ်တယ်လို့ အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့ကလည်း ပြောဆိုထားတာပါ။ မြို့တော် ကိုလံဘိုက နေရာ အများအပြားကိုလည်း မနေ့ တနင်္ဂနွေနေ့က တပ်ဖွဲ့တွေက ပစ်မှတ်ထား ရှာဖွေခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG